Monday, November 29, 2010
ကျွန်တော်နှင့် စွန့်ခွါသွားသော ဆောင်း
.
ချစ်တဲ့ အိမ့်ဖြူမလေး . . .
ချစ်ခြင်းမဲ့ အသည်းနဲ့
နှလုံးသားရင်ဘတ်တစ်ခြမ်း
ပျောက်ဆုံးနေခဲ့သူလား . .
မက်ခွင့်ရှိနေတဲ့ ပန်းအိပ်မက်ထဲမှာတောင်
ပျော်ရွင်ခြင်း စကားလုံးကို
ဆူးတွေနဲ့ ၀ှက်ထားတယ် ။
သက်တံ့လင်းတဲ့ ညတွေလား . .
ကြယ်မှုန်ဖွေးတဲ့ မနက်ခင်းတွေလား . .
စိတ်ကူးကမ္ဘာလှလှလေးတွေလား . .
မိုးရာသီထဲ ပစ်ပစ် သွင်းတယ်
ထစ်ချူန်းသံ တွေနဲ့ ချေမွှပစ်တယ်
အလင်းအလက်တွေနဲ့ ထိုးခွဲပစ်တယ်
ဒီလိုနဲ့ပဲ
လမ်းအိုအို အမှောင်စိုစို နဲ့ မင်းအိပ်မက်မှာ
ငါဟာ အလင်းမှုန်လေးလောက်တောင်
မလင်းရဲခဲ့ရှာဘူး ။
မင်း အသက်သွင်းတဲ့ အိပ်မက်လှေမှာ
ငါ့ ကြယ်တာရာတွေ ဗုံတီးပြီး နှင်ထုတ်ခံလိုက်ရတယ်
မကာရရာသီ ချင်းတူတာတောင်မှ
ငါ့ရာသီက တစ်ခြမ်းပဲ့တယ်
အမှတ်မထင်ဆိုပေမဲ့
ထိရှမှာကို ကြိုသိခဲ့သလိုပဲ
ငါ့ မုတ်သုံတွေ မင်းအငွေ့အသက်နဲ့တင်
ချုန်းချုန်းကျ ပြိုတယ် ။
အလွမ်းတွေထဲက မထွတ်တဲ့သူလို့
ငါ့ကို ပြောကြတယ် . . . .
ဒဿ ဆိုတာ
ဘယ်ဇာတ်ထဲမှာ အလွမ်းထဲက ထွတ်ခဲ့ဖူးသလဲ . . .
ငါ လွမ်းခဲ့ရတဲ့ ဇာတ်က
ဒဿထက် ကြမ်းခဲ့တယ် . . . ။
လင်းခေတ်ဒီနို . . . . .
Monday, November 8, 2010
မလင်းခင်တည်းက မှောင်ခဲ့တဲ့သူ
.
ပန်းဆက်ခံ သတို့သမီးရဲ့ ဒိုင်ယာရီမှာ
ငါ့ရဲ့ အိမ်မက်တွေ တစ်ခန်းရပ်သွားခဲ့တယ် ။
ခမ်းနားခဲ့ဖူးပါတယ်
ရာဇ၀င်တွေ တိုးတိတ် လွမ်းလျှ
မိုးစက် တစ်ပေါက် နှစ်ပေါက်ကြားမှာ
မျက်ရည် စီးသံ ခပ်ဆွေးဆွေးနဲ့
( ဒီ ) ရင်ဘတ်ကြီး ကြိုး ပြတ် ခဲ့ ဖူး တယ် ။
နမ်မီးဆစ် လေးရယ်
သိပ်ချစ်လို့ ထိုးကြွေးခဲ့တာမဟုတ်ဘူး
လက်စားချေမှန်းသိရက်နဲ့
ဘ၀တခုလုံး ပွင့်ထွတ်သွားအောင် ခင်းကျင်း
အပြုံး တစ်ပွင့်အတွက်
ငါ့ အိမ်မက်တွေ လဲလှယ်ပေးခဲ့တာ . . ။
ကျကွဲခဲ့တဲ့ ဒဏ်ရာတွေကို ကောက်ယူရင်း
ကွဲကျခဲ့တဲ့ ဒဏ်ရာတွေက ပြန်ပြန်ရှလို့ . . .
နောက်နေ့ ဆိုတာများရှိခဲ့ရင်
မင်းလက်လေး ငါကိုင်ခွင့်ရချင်ခဲ့တယ် . . . . .
ငါဟာ . . .
. . . . . . . . . . . . . . . .
မလင်းခင်တည်းက မှောင်ခဲ့တဲ့ကောင်မို့
ကောင်းကင်ကြီးကတောင် မိုးမပေးချင်တော့ဘူးတဲ့လေ . . . . .
လင်းခေတ်ဒီနို
Subscribe to:
Posts (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလို...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....