Monday, November 29, 2010

ကျွန်တော်နှင့် စွန့်ခွါသွားသော ဆောင်း

. ချစ်တဲ့ အိမ့်ဖြူမလေး . . . ချစ်ခြင်းမဲ့ အသည်းနဲ့ နှလုံးသားရင်ဘတ်တစ်ခြမ်း ပျောက်ဆုံးနေခဲ့သူလား . . မက်ခွင့်ရှိနေတဲ့ ပန်းအိပ်မက်ထဲမှာတောင် ပျော်ရွင်ခြင်း စကားလုံးကို ဆူးတွေနဲ့ ၀ှက်ထားတယ် ။ သက်တံ့လင်းတဲ့ ညတွေလား . . ကြယ်မှုန်ဖွေးတဲ့ မနက်ခင်းတွေလား . . စိတ်ကူးကမ္ဘာလှလှလေးတွေလား . . မိုးရာသီထဲ ပစ်ပစ် သွင်းတယ် ထစ်ချူန်းသံ တွေနဲ့ ချေမွှပစ်တယ် အလင်းအလက်တွေနဲ့ ထိုးခွဲပစ်တယ် ဒီလိုနဲ့ပဲ လမ်းအိုအို အမှောင်စိုစို နဲ့ မင်းအိပ်မက်မှာ ငါဟာ အလင်းမှုန်လေးလောက်တောင် မလင်းရဲခဲ့ရှာဘူး ။ မင်း အသက်သွင်းတဲ့ အိပ်မက်လှေမှာ ငါ့ ကြယ်တာရာတွေ ဗုံတီးပြီး နှင်ထုတ်ခံလိုက်ရတယ် မကာရရာသီ ချင်းတူတာတောင်မှ ငါ့ရာသီက တစ်ခြမ်းပဲ့တယ် အမှတ်မထင်ဆိုပေမဲ့ ထိရှမှာကို ကြိုသိခဲ့သလိုပဲ ငါ့ မုတ်သုံတွေ မင်းအငွေ့အသက်နဲ့တင် ချုန်းချုန်းကျ ပြိုတယ် ။ အလွမ်းတွေထဲက မထွတ်တဲ့သူလို့ ငါ့ကို ပြောကြတယ် . . . . ဒဿ ဆိုတာ ဘယ်ဇာတ်ထဲမှာ အလွမ်းထဲက ထွတ်ခဲ့ဖူးသလဲ . . . ငါ လွမ်းခဲ့ရတဲ့ ဇာတ်က ဒဿထက် ကြမ်းခဲ့တယ် . . . ။ လင်းခေတ်ဒီနို . . . . .

Monday, November 8, 2010

မလင်းခင်တည်းက မှောင်ခဲ့တဲ့သူ

. ပန်းဆက်ခံ သတို့သမီးရဲ့ ဒိုင်ယာရီမှာ ငါ့ရဲ့ အိမ်မက်တွေ တစ်ခန်းရပ်သွားခဲ့တယ် ။ ခမ်းနားခဲ့ဖူးပါတယ် ရာဇ၀င်တွေ တိုးတိတ် လွမ်းလျှ မိုးစက် တစ်ပေါက် နှစ်ပေါက်ကြားမှာ မျက်ရည် စီးသံ ခပ်ဆွေးဆွေးနဲ့ ( ဒီ ) ရင်ဘတ်ကြီး ကြိုး ပြတ် ခဲ့ ဖူး တယ် ။ နမ်မီးဆစ် လေးရယ် သိပ်ချစ်လို့ ထိုးကြွေးခဲ့တာမဟုတ်ဘူး လက်စားချေမှန်းသိရက်နဲ့ ဘ၀တခုလုံး ပွင့်ထွတ်သွားအောင် ခင်းကျင်း အပြုံး တစ်ပွင့်အတွက် ငါ့ အိမ်မက်တွေ လဲလှယ်ပေးခဲ့တာ . . ။ ကျကွဲခဲ့တဲ့ ဒဏ်ရာတွေကို ကောက်ယူရင်း ကွဲကျခဲ့တဲ့ ဒဏ်ရာတွေက ပြန်ပြန်ရှလို့ . . . နောက်နေ့ ဆိုတာများရှိခဲ့ရင် မင်းလက်လေး ငါကိုင်ခွင့်ရချင်ခဲ့တယ် . . . . . ငါဟာ . . . . . . . . . . . . . . . . . . . မလင်းခင်တည်းက မှောင်ခဲ့တဲ့ကောင်မို့ ကောင်းကင်ကြီးကတောင် မိုးမပေးချင်တော့ဘူးတဲ့လေ . . . . . လင်းခေတ်ဒီနို

လူကြည့်အများဆုံး စာတိုပေစများ