Wednesday, July 13, 2011

အပြင်းစား နွေအိမ်မက်

စိတ်ရိုင်း နဲ့ အတိတ်ရိုင်း ကျရှုံးသွား သူရဲကောင်းအိပ်မက် စစ်တုရင် မကစားဖူးတဲ့ နယ်ရုပ် ပွဲပြီးမှ ထိုးကျွေးခံရမှန်း သိခဲ့တယ် ငါမသိတဲ့ ငါ့ကံကြမ္မာက မင်းလက်ထဲက ၀ှက်ဖဲတစ်ချပ်တဲ့လား ။ ဒဏ်ရာဒဏ်ချက်တွေ စမ်းမိတိုင်း အတိတ်တွေ စီးချင်းထိုးနေဆဲ နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း အလင်းပျောက်ကြယ်ဟာ အသက်ရှူကြပ်ခဲ့ရတယ် ဂျစ်ပစီတို့ရဲ့ အိမ်မက်ဟာ နဂါးချော့တေးနဲ့ ခြောက်လှန့်ခံနေရဆဲပဲ ။ လျှပ်စီးတွေ တဖြန်းဖြန်းလက်နေတဲ့ အပြင်းစား နွေအိမ်မက်ထဲမှာ နမ်မီးဆစ်ရဲ့ အပြုံးက သူ့ အမုန်းထက် ကြောက်ဖို့ကောင်းတယ် ။ အလှဖုရားမလေးရေ ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင် အလွမ်းရဲ့ ကြယ်တွေငိုတော့မယ် မိုးတွေ တေးဆိုတဲ့အခါ နတ်ဆိုးဟာ သူ့အလွမ်းပုရပိုဒ်မှာ ကြေကွဲခြင်း ဗုံသံကို တီးခတ်လိမ့်မယ် ။ တိမ်ပြာတွေ မီးတောက်ခဲ့တဲ့ ငါ့ကဗျာမြို့ရိုးမှာ ခုနှစ်စဉ်ကြယ် အိပ်မက်တွေ ဖဲတစ်ချပ်လို လွယ်လွယ် အမှောက် ခံလိုက်ရပြီပဲ ဖြစ်ခဲ့သမျှ အားလုံးအတွက် ငါကျေနပ်ခဲ့ပါတယ် ။ အလွမ်းမရှိတဲ့ ကမ္ဘာမှာ လမမိုက်သေးဘူးဆိုရင် . . . . တခါလောက်တော့ ငါ့သမိုင်းတွေ ခမ်းနားချင်သေးပါရဲ့ကွာ ။ လင်းခေတ်ဒီနို(13.7.11)

လူကြည့်အများဆုံး စာတိုပေစများ