Monday, April 25, 2011

ညနေခင်း တခုလုံး မင်းဖြစ်သွားပြန်ပြီ အိမ့်ဖြူ . . . .

. ဟိုးး ခပ်ဝေးဝေးက ယူကလစ်ပင်ပျိုက အိုမင်းချင်ဟန်ဆောင်နေတယ် အရှေ့က လမ်းသွယ်သွယ်လေးက အ၀ါရောင် ညနေခင်းနဲ့ အတူ အထီးကျန်ဆန်တယ် စားပွဲပေါ်က ဘလက်ကော်ဖီတစ်ခွက် မင်းပေးခဲ့တဲ့ ဒိုင်ယာရီလိုပဲ ဖတ်လိုက်တိုင်း ခါးတယ် ငါ့ လက်ကိုင်ပုဝါ အဖြူလေးလည်း ခါးသီးမှုတွေ လိုက်လိုက်သုတ်ရင်း မင်း ပစ်ချခဲ့တဲ့ ဥပေက္ခာတွေနဲ့ စွန်းထင်းနေလို့ပါပဲ . . . . ဒီညနေ မင်းကို ငါ သိပ်သတိရတယ် . . . “ ဆပ်ပြာပူပေါင်းလေး တစ်လုံးလိုပဲ အပ်ဖျားလေးနဲ့ အထိမခံလောက်အောင် ထိရှလွယ်တယ် . . အချစ်ဆိုတာထက် အနှစ်ဆိုတာလေးပဲ သုံးပါရစေ ” တဲ့ မင်း ရွတ်ခဲ့တဲ့ စာသား ငါ ပြန်ရွတ်နေရင်း ညနေခင်း တခုလုံး မင်းဖြစ်သွားပြန်ပြီ အိမ့်ဖြု . . . . . . အခု နေညိုချိန် ရောက်လုပီး အင်္ဂါနတ်သမီးလေး ငါ့ရင်ဘတ်ကို ဖြတ်နင်းသွားတယ် “ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါတဲ့ ” သိပ်ဟုတ်တာပေါ့ . . . နှလုံးသား တခုလုံး မြေပေါ် ကြေမွသွားမှတော့ ငါ ဂရုစိုက်ရတော့မှာပေါ့ နှုတ်မဆက်ပဲ ထွက်သွားတဲ့ နောက်ကျောလေးကို ကြည့်ရင်းနဲ့ပဲ ငါ့ အလင်းတွေ ပျောက်ကွယ်ပါရစေ အိမ့်ဖြူ . . . . . တန်ဖိုးရှိတဲ့ မင်းဘ၀ နဲ့ အချိန်တွေကို ငါ့အတွက် မဖြုန်းတာ မင်း မှန်တာပေါ့ “ ညီ . . . မ . . . လေး . . . အိမ့် . . . ဖြူ ” အကို ခေါ်လိုက်တာ မှန်ပါတယ်နော် စကာလုံးတွေ အသက်ရှူသံမဲ့ ချွေချရင်း ငါ့ မျက်လုံးထဲ ဘာမှ မမြင်ရတော့ဘူး ။ လင်းခေတ်ဒီနို ( Sunday , April 24 , 2011 , 6:11 PM )

လူကြည့်အများဆုံး စာတိုပေစများ