Wednesday, January 18, 2012

နွယ် . . .

ညဟာ ညအတိုင်း တိတ်တိတ်လေး လင်းတယ် ညဟာ ညမှန်း သေချာကြောင်း ပြဖို့ အလင်းရောင် ဖြောက်ဖြာက်နဲ့ အမှောင်တွေ ကြဲချတယ် ညဟာ ညမှန်း သိအောင် ခရေတွေ ၀ုန်းဒိုင်းကြဲ တခါတလေ ကြယ်အလင်းတစ်သိုက် နဲ့ တိမ်ညိုတွေကို စီးချင်းထိုးတယ် . . . ညမှာ မုတ်သုံ အလင်း တဖြက်ဖြက် လင်းလို့ လာနေပြီ လ အလင်းဟာ အမှောင်ထဲသို့ ဆွဲခေါ်ခြင်းခံလိုက်ရတယ် လေပြေဟာ မာန်စိုင်းပြီ နှင်းဆီရိုင်းကိုမှ ပန်လာသတဲ့ . . . နက္ခတ်တွေ ၀ုန်းး ဒိုင်း ပစ်ခတ် သင်းကွဲ လူတစ်ယောက်ကိုမှ ခြောက်လှန့်နေခဲ့တာလား ညနေအိုအိုမှာ နတ်ဆိုးတို့ ရိုင်းချင်တိုင်း ရိုင်းနေခဲ့ကြပြီ ။ အမှောင်အိုထဲက လူ မလင်းတဲ့ မီးတွေနဲ့ ရင်ဘတ်ထဲ တောက်လောက်နေတယ် အလွမ်းတွေ အုံ့ဆိုင်း ညွှတ်ဖွား အလင်းမဲ့ လူသားတစ်ယောက် အာဒံရဲ့ပန်းသီးကို မကိုက်ပဲ နှလုံးသားကို အခမ်းနားဆုံး သဂြိုလ်ခံလိုက်ရတယ် နာကျင်မှုဟာ ခွါသံတဖြောင်းဖြောင်းနဲ့ သူ့ဆီ ပြေးဝင်လာခဲ့ပေါ့ ။ အရာရာဟာ ဝေေ၀၀ါးဝါး အိပ်မက်တွေ မချိုတဲ့ နောက်တော့ မိုးကြိုးသွားတွေ တလဲ့လဲ့ထစ်ချုန်း ရင်ဘတ်ထဲကို အမုန်းဓားသွားတွေ အဆုံးထိ နှစ်မြုပ်ပစ်ခဲ့တယ် မျက်လုံးကို စုံမှိတ် ခေါင်းငိုက်စိုက်ရင်း သူ့ လက်ကလေးမှာ နောက်ဆုံး ကိုင်ထားခဲ့တာက နွယ် . . . . . . . ။ လင်းခေတ်ဒီနို ( 18.1.12 ၊ 12း00 PM )

လူကြည့်အများဆုံး စာတိုပေစများ