Friday, June 17, 2011

နှင်းဆီတေးသွား

. နှလုံးသား တစ်ခုကို အခါအခါ ဒူးထောက်စေဖို့ သဲသဲမဲမဲ ကကွက်ခင်းနေတာလား ကဝေပျို ။ ရက်စက်တဲ့ နှုတ်ခမ်းပါးက တေးသွားတွေက ပျားရည်စက်လို ချိုမြိန်ပါရဲ့ မွှေးပျံ့ပါရဲ့ . . . . ခုံမင်နှစ်သက် ဖွယ်ကောင်းပါရဲ့. . . ဒါပေမဲ့ . . . ဓား သွား ပေါ် က ပျားရည်စက် ။ ကောင်းကင်ဟာ ရောင်နီကို သိမ်းဝှက်ထားသလို ၊ လေပြည်ဟာ ပန်းရနံ့ကို သိမ်းဝှက်ထားသလို ၊ မင်းအရိပ်တွေကလည်း ငါ့နှလုံးသားကို သိမ်းဝှက်ထားခဲ့ပြီ ။ ငါဟာ အိပ်မက်တွေထဲ ပိတ်လျှောင်ခံထားရတဲ့ အိပ်တန်းပျောက် ငှက်တစ်ကောင် ။ ကျိမ်စာမိခဲ့တဲ့ ငါ့ အတိတ်နဲ့ ငါ့အရိပ်ကို . . မင်းငြို့ချက် အောက်ကနေ . . ကျေးဇူးပြု၍ ထွက်ခွါခွင့်ပြုပါ ။ မင်းပေးခဲ့တဲ့ နှင်းဆီးအိပ်မက် အတုတွေ . . အသုံးပြုရန် ရက်လွန်နေတဲ့ သံယောဇဉ်အတုတွေ . . အရောင်တွေ ဖျော့တော့လာတဲ့ ဆေးသား အတုသုံး မျှော်လင့်ချက်တွေ . . အတုတွေ များတဲ့ ခေတ်ထဲမှာ အမှတ်မရှိ ယုံကြည်လွန်း နေတဲ့ သကောင့်သား အကျွန်ပ် . . . ရူးရူးမူးမူး နဲ့ပဲ ၀တ်လစ်စလစ် ကဗျာတွေ ဖောက်ချ လိုက်တယ် . . . ဆစ် ကနဲ နာကျင်မှုတွေနဲ့ မျက်လုံးတွေပါ စုံမှိတ် ပစ်လိုက်ရတဲ့အထိပါပဲ ။ အမှတ်တမဲ့တွေကို အမှတ် မရှိပဲ အမှတ်တရ အဖြစ် သိမ်းထားလိုက် မိပြန်တယ် ။ ဒီညနေခင်းမှာ ကြေကွဲခြင်း စကားလုံးကို အရက်စက်ဆုံး လို့ ကျနော်သတ်မှတ်လိုက်တယ် ။ ဟော . . .သူ ရောက်လာပြန်ပြီး ။ ဒီတခါလည်း ကျနော်အသည်းကို ပုတ်နှိုးနေတယ် ။ လှုပ်တစ်ချက် ပုတ်တစ်ချက်နဲ့ ကျနော်အသည်းကို သူ ကစားဦးတော့မယ်ပေါ့ ။ ။ စုတ်တစ်ချက် နုတ်တစ်ချက်နဲ့ သူမန်းမှုတ်တဲ့ ဂါထာတွေ ကြားမှာ ကျနော် ရူးရူး မူးမူး ဖြစ်ရတော့မယ် ။ ဧကရီရေ . . . ၊ မျက်သွယ် အပင့်တစ်ချက် . . အပြုံးတစ်ခက် အောက်မှာတင် မြှားအစင်းစင်း အစိုက်ခံလိုက်ရတဲ့ စစ်သူရဲတစ်ယောက်လို . . . မာယာ ညွှတ်ကွင်းတွေ အထပ်ထပ်အောက်မှာ ရုန်းထွက်မရတဲ့ လမ်းစပျောက် သားကောင်လို . . . . . သေစားသေစေ အမိန့်ချခံလိုက်ရတဲ့ အလင်းရောင်မဲ့ အကျဉ်းသား တစ်ယောက်လို . . . . ဒီဘ၀ ဒီမျှနဲ့ပဲ ဒီဝဌ်ကြွှေးတွေ အောက်ကနေ င့ါအိပ်မက်ကို ညှင်သာစွာ ရုန်းထွက်ခွင့် ပေးလှည့်ပါတော့ ။ တစ်ပွင့်တည်းပါပဲ ဆိုပေမဲ့ . . . အဆိပ်ပြင်းပြင်း ဆူးတစ်ခက်နဲ့တင် ငိုကြွေးနေတဲ့ နှင်းဆီတေးသွားကို ကြွေလွင့်ခွင့်ပြုပါ ။ လင်းခေတ်ဒီနို ( 17.6.11 )

လူကြည့်အများဆုံး စာတိုပေစများ