Showing posts with label ခံစားခကျြ. Show all posts
Showing posts with label ခံစားခကျြ. Show all posts

Saturday, December 4, 2010

ခေါက်ရိုးကျိုးနေတဲ့ အိပ်ရာဝင် အလွမ်းကဗျာ

. ဒီလိုနဲ့ပဲ ငါတို့ ဝေးကြတော့မယ် ထင်ပါတယ် အိမ့်ဖြူလေးရယ်. . . တဖက်သတ် ဆန်တဲ့ စီရင်ချက်တွေနဲ့ မိုးမသောက်ခင် ငါ့ရင်ခွင်ကို မင်း စွန့်ခွါသွားတယ် . . . . အရာရာဟာ မှုန်မှိုင်းဝေ့သီလို့ ငါတို့ မျက်စိတွေ မှိတ်ထားကြရုံပါပဲ . . . . ဒီ တဒင်္ဂ လောကကြီးမှာ ငါ့ ပန်းသီ အိမ်မက်တွေ ကြွေကျသွားခဲ့တယ် . . . . ဖောက်ကနဲ ပေါက်ထွတ်သွားတဲ့ မျက်ရည်တစ်စက်မှာ ၀မ်းနည်းစရာတွေ ဖွေးဖွေး စင်စင် လွင့်ထွတ် လာတယ် ။ ကြယ်စင်တွေ ငိုခဲ့ကြတယ် . . . ခေါင်းလောင်းသံတွေ အက်ကွဲနေတယ် . . . လေပြေတွေတောင် ငိုရှိုက်လို့ပါပဲ . . မျက်ရည်နှလုံးသားတွေနဲ့ ငါတို့ ဆက်သွားကြရမည့် . . . . ငါ့လက်ထဲမှာ မှေးစက်ခဲ့တဲ့ မင်းလက်ကလေး ပျောက်ဆုံးသွားသလို မင်းလက်ပေါ်မှာ အုပ်မိုးခဲ့တဲ့ ငါ့လက်ကလေး ပျောက်ဆုံးနေခဲ့ပြီပဲ . . ။ နှလုံးသားတွေ တိုးတိတ်ကြေကွဲ ငိုကြွေးကြတယ် . . . . ငါ မရေးချင်သော ဒဏ္ဍာရီကို ငါရေးရဦးမည် . . . . ငါ မဖတ်ချင်သော အလွမ်းဘာသာကို ငါဖတ်ရဦးမည် . . . ငါ မမက်ချင်သော အလွမ်း အိပ်မက်ကို ငါမက်ရဦးမည် ။ တွန်းချခံလိုက်ရတဲ့ အဆုံးမဲ့ နာကျင်မှုထဲ ငါ ပျော်နေဦးမည် ပြုံးရယ်ဖြစ်နေဦးမည် . . . ဒါပေမဲ့ နာ ကျင် နေ ရင်း . . . . ။ ငါတို့ နှုတ်ဆက်ရဦးမည်လား . . . . နှုတ်မဆက်ပဲ ထွတ်ခွါသွားသူအတွက် နှုတ်ဆက်စကားတော့ ငါပြောခွင့် ရဦးမယ်ထင်ပါတယ် . . . . ဒါပေမဲ့ ငါ့ကို ပြောခွင့် မပြုပါနဲ့ . . . . မိုးမှာကြွေတဲ့ ပန်းတစ်ပွင့်နဲ့ ဆောင်းအိပ်မက်ကို ပြန်လာဖို့ ငါဆုတောင်းဖူးတယ်. . . အိပ်မက်တို့က မှုန်သီေ၀၀ါး ရင်ဘတ်တွေ မျက်ရည်သီနေဆဲပါပဲ. . . . . . ခြယ်စရာ ကုန်နေတဲ့ ပန်းချီကားတစ်ချပ်ကို ငါ့မျက်ရည်တွေ သွန်မှောက်ပြီး ငါနှလုံးသားနဲ့ ဆက်ရေးနေဦးမှာပါ . . . . ချစ်သူ မျက်နှာသည် ငါ့အိပ်မက် ဖြစ်ခဲ့ဖူးသည် . . . ချစ်သူ့လက်သည် ငါ့ ခွန်အားဖြစ်ခဲ့ဖူးသည် . . . ချစ်သူ့ အသံသည် ငါ့ မနက်ခင်းတေးသံသာ ဖြစ်ခဲ့ဖူးသည် . . . . ငါ အခါခါပျော်ရွင်ရင်း ကဗျာတွေ ရေးခဲ့ဖူးသည် . . . အခုတော့ ငါ့ရင်ဘတ် အိပ်ကပ်ထဲမှာ ခေါက်ရိုးကျိုးနေတဲ့ အလွမ်းကဗျာတစ်ပုဒ်နဲ့ပဲ သေသေသပ်သပ်လေး မင်းကို လွမ်းနေခဲ့သည် ။ ဆောင်းမနက်ခင်း မြူကြွေသံကိုတောင် ငါ့နားထဲ မင်းအသံနဲ့ မှားနေခဲ့ဖူးသည် . . . ဒီလိုနဲ့ ငါ့စိတ်တွေ မင်းကို မေ့ဖို့ ကြိုးစာရင်းနဲ့ အလွမ်းတွေ အထပ်ထပ် ရွာချခံလိုက်ရတယ် . . . မင်း ဆံနွယ်ရှည်လေးတွေကို ငါသတိရတယ် . . . မင်းအပြုံးတွေ ငါတမ်းတတယ် . . . . မင်းစကားသံလေးတွေ ငါ လွမ်းဆွတ်တယ် . . . လှပရဲရင့်တဲ့ မင်းရဲ့ မာန်လေးတွေ ငါ့အိမ်မက်ထဲ စီးဆင်းနေဦးမယ် ထင်ပါတယ် . . . ညဘက်တွေကို ငါ တဖြည်းဖြည်း ကြောက်လာသည် . . . ညရောက်ရင် အိပ်မက်တွေ မက်ရဦးမည်လေ ညနေတွေက နေ၀င်စောလွန်းနေသည် . . . . တိမ်တောင်တွေက အိမ်တန်းဝင်တာ မြန်လွန်းနေသည် . . . ရောင်နီကစောစီးစွာ လဲပြိုတော့မည် . . . . ကောင်းကင်က ဖရိုဖရဲ ငါ့ ရင်ဘတ်ကို သူတို့ နှိပ်စက်ကြဦးမည်ပေါ့ . . ချစ်သူ ငါ ပြောခဲ့ချင်သော စကားတစ်ခွန်းရှိ၏. . . The Heart has ears တဲ့ . . . နှလုံးသားမှာ နားတွေ ရှိသတဲ့လေ . . . မင်းမှာ ချစ်တတ်တဲ့ နှလုံးသားရှိခဲ့ရင် ငါ့ရင်ထဲက သစ္စာ စကား မင်းကြားနိုင်မှာပါ . . . . . နှလုံးသား အသံဆိုတာ ဆူးခက်တို့ ကာရံထားလည်း နားထောင်တတ်ရင် ချိုပါတယ် ချစ်သူ . . . . “ ချစ်မိသူဆိုတာ လောကမှာ စစ်အရှုံးဆုံးလူ ” တဲ့ . . . ဒါဆိုရင်တော့ ငါ ကျေကျေနပ်နပ်ကို အရှုံးခံလိုက်မယ် ။ လိုအပ်မယ်ဆိုရင် ငါ့ကိုယ်ငါ သုံ့ပန်းတစ်ယောက်လို မင်းသွားမယ့် လမ်းမှာ ခင်းကျင်း ရဲပါတယ် ။ စစ်သည် တစ်ကျိပ် မသုံးရပဲ ငါ့မြို့ရိုးကို ပြိုပျက်စေခဲ့သူလေးရေ . . . . တကယ်ဆို ငါဟာ စစ်မခင်း ခင်ကတည်းက အပြုံးတစ်ပွင့်အောက်မှာ ဒူးထောက်ကျရှုံးခဲ့ပြီးသားပါကွာ . . . . . .
ဘယ်လို ချစ်ခြင်းမျိုးလည်း အထဲက အရသာက ခါးသတဲ့လား ကျေကျေနပ်နပ်ကို အခါးခံလိုက်တယ် အိပ်မက်တွေ ပက်ကြားအက်လို့ ရင်ဘတ်တွေ တံလျှပ်ထနေခဲ့တယ်
လင်းခေတ်ဒီနို

Sunday, July 18, 2010

အိပ်မက်

.

" အိမ် " မက်ခဲ့တာ အခါခါ ရင်ခုန်လို့ လူတစ်ယောက်ရဲ့ ရွှေအိပ်မက် အထပ်ထပ် အခါခါ သစ်စီးသုတ်ခံရသလို နာကျင်ခြင်းတွေ တစ်ရွက်ပီး တစ်ရွက်

.

သိုးထိန်းတွေ နွားမကျောင်းဘူး ကောင်းဘွိင်တွေ ကျွဲမမောင်းဘူး ဟင်းလင်းပြင် ရင်ဘတ်ကြီးလည်း ချစ်ခြင်းတွေ အစားမထိုးခဲ့ဘူး

တဲအိုဆိုပေမဲ့

ချစ်မီးအိမ်လေး ရှိရင်

တို့နှစ်ယောက်တွက် လင်းခြင်းပါတယ်

အိပ်မက်တွေ မဖွက်ထားလိုက်ပါနဲ့

" အိမ့်ဖြူ "

မောင်တစ်ထမ်း မယ်တစ်ရွတ်တဲ့လား

မက်စရာ အိပ်မက်တောင်

ငါ့ကို အသည်းပြန်ခွဲသွားတယ်

မျှော်လင့်ခြင်း

စိတ်ကူးနဲ့ဆန္ဒတွေ

. . . မပီ ၀ိုးတ၀ါးနဲ့ . . .

နောက်ဆုံးတော့

ကိုယ့်ဒိုင်ယာရီ ကိုယ်ပိတ်

အိပ်မက်တွေနဲ့ပဲ

လွမ်းပါရစေတော့ကွာ

လင်းခေတ်ဒီနို ( 18.7.10 , 10:00 PM )

Tuesday, June 8, 2010

လှေတစ်စင်း . . . ခရီးတစ်ခု . . . လူသားနှစ်ဦး

. ရင် . . . ရင် ဘတ် ကြီး နဲ့ ပွေ့ထားရတယ် . . . ဖိတ် လျှံ လွင့် ထွတ် . . .ဖွာကနဲ အလွမ်းတွေ ငါ့ကိုယ်ပေါ်မှာ မှောက်ရက်လဲကျတယ် . . . ကိုယ်တိုင်လဲ သူတို့ပေါ် ခြေခေါက်လဲလို့ . . . ။ မမြင်ဖူးပဲ ရူးခဲ့တယ် . . . ဟုတ်တယ် . . . ငါကိုယ်တိုင်လည်း ထူးခဲ့တာပဲ . . . ဒုက္ခတွေ ထူထူထဲထဲကြီးနဲ့ကောင် . . . ငါ့ဆီလာဖို့တောင် မင်းအတွက် ဆင်းစရာ လှေကားမရှိဘူး . . . ငါ့ဘ၀က လျှိုလိုနက်တယ် . . . လှေတစ်စင်း . . . ခရီးတစ်ခု . . . လူသားနှစ်ဦး . . . နံ နှစ်ဖက်ကို တဖက်တချက် နင်းပြီး တစ်ယောက် တစ်ဖက် လှော်နေတယ် . . . တဖက်ခြမ်း . . . တက်ကျိုးသွားတာလား . . . လက်မထိုးနိုင်တော့တာလား . . . . လှုပ်ရှားမှု ကင်းမဲ့ . . . . နောက်တဖက်ခြမ်း . . . . တစ်ယောက်တည်း လှော်နေမှတော့ ဒီနေရာမှာပဲ တ၀ဲလည်လည် . . . . ။ ပန်းတိုင် . . . . . . . . . . . . . .ေ၀၀ါးနေပေမဲ့ မြင်နေရဆဲ . . . . . မရောက်နိင်ဘူးတဲ့လား . . . ရေဆန်ပေမဲ့ မုန်တိုင်းမထန်သေးဘူး . . . လှိုင်းကြီးနေလို့လား . . . ဖ၀ါးအောက်မှာပါပဲ . . . တက်(စိတ်ဓာတ်) တော့မချိုးပစ်လိုက်နဲ့ . . . ကျေနပ်နေဆဲပါ . . . ပန်းတိုင် မရောက်သေးပေမဲ့ တက်တွေ ပျောက်ခဲ့လည်း . . . ခရီးတစ်ခု . . . တစ်လှေတည်းမှာမို့ . . . တသက်လုံး ၀ဲလည်နေလည်း ကျေနပ်ဆဲပါပဲ . . . . . လင်းခေတ်ဒီနို ( 8.6.2010 , 8.30 AM) .

လူကြည့်အများဆုံး စာတိုပေစများ