ရင်ခုန်သံ မညီမညာနဲ့မို့
ချစ်ခြင်း စကားလုံးတွေ ဖတ်မပြတတ်ခဲ့ဘူး
စံပယ်တွေ သီပြီး စာတွေ မစီတတ်ခဲ့ဘူး
ကိုယ့်ရင်ဘတ် ကိုယ်ဆွဲဖွင့်ပြတာကလွဲရင်
အတ္တ နဲ့ မာနကို ငါ ချခင်းပေးထာပြီးသား ။
ကိုယ်ဟာ ဟိုးး ကောင်းကင် အစွန်းအဖျားနားက
ကြယ်အမှုံ အမွှားတစ်လုံးလေ
သုညတွေနဲ့ လင်းခြင်းနေရတာမို့
ကိုယ့် လက်ကမ်းရင်တောင်
မင်း လှမ်းရဲပါ့မလား ချစ်သူ ။
အမြင်မတူတဲ့ တို့နှစ်ယောက်ကြားမှာ
ဘယ်သူ့ကို လူမိုက် ဌားမလဲ
နတ်ဆိုး တစ်သိုက်ဟာ
မြင်းရိုင်းတွေစီးပြီး
မီးလှိုင်းတွေ ပွေ့ပိုက် ဝင်လာခဲ့ပေါ့ ။
ကောင်မလေးရေ
ကိုယ်ဟာ အေးစက်စက်နိုင်လွန်းတဲ့ ညခင်းတစ်ခုပါ
တိတ်ဆိတ် ငြိမ်သက် နေတာကလွဲရင်
မင်းဟာ ကိုယ် တယုတယ
ထမ်းပိုးထားရတဲ့ အိပ်မက်ပါပဲ ။
အိပ်မက်ကို လှုပ်လှုပ်နှိုးသွား
ငြို့မျက်လုံးတွေ ၊ မာယာတွေ
(အဲ့ဒီ) ဝင်ရိုးစွန်းမှာ
ကိုယ်ဟာ ခဏ ခဏ ငြိ မိသွားတဲ့
ကြယ်တစ်လုံးပေါ့ ။
လင်းခေတ်ဒီနို (7.8.13)
.