Monday, March 1, 2010

အရိပ်ပြ နတ်သမီး . . .

. ငါ . . . . ရင်ဘတ် တစ်ခြမ်းနဲ့ တစ်ခြမ်း ကျောချင်း ကပ်ဖို့ . . ရင်ဘတ်ချင်း ဆက်ဖို့ ဇစ်တစ်ချောင်းတောင် မပါခဲ့ဘူး . . . . . တံခါးဟောင်းလောင်း ပွင့်နေတဲ့ အခန်းထဲ ကျောခိုင်း ၀င်လာခဲ့တဲ့သူ တံခါး ပြန်မစေ့ခင်လေးတင် လက်ပြ ကျောခိုင်းထွတ်ခွါတော့မယ် . . . . . မျက်နှာလေးတောင် မြင်ခွင့်မပြုခဲ့တဲ့ အရိပ်ပြ နတ်သမီး . . . ဝေခွဲရခက်နေတဲ့ စကားလုံးတွေနဲ့ ကိုယ့်ဘ၀ကိုယ် ပြန်ခွဲနေတယ် . . . . . တွေးတယ် . . . . တွေးတယ် ပုံဖော်မရတဲ့ အရိပ်တွေနဲ့ ငါ့အာရုံက ၀ိုးတ၀ါး . . . နောက်ဆုံး ထွတ် ကို ထွတ် သွား ရ မှ . . ထား ကို ထား ခဲ့ ရ မှ ဖြစ်မယ်ဆိုရင် တွေးမနေနဲ့ . . ဦးနှောက်ထဲက အိမ်မက်တွေ ဖုတ်ဖက်ခါ ပြုတ်ကျ ရင်တလှပ်လှပ်နဲ့ လန့်နိုးပါစေ . . . နာကျင်ခြင်းတွေကို ခါး စည်း ခံ ပြီး ( လွမ်း ) နေ လိုက် မယ် . . . . . လင်းခေတ်ဒီနို ( 1.3.10 )

7 comments:

ညလင်းအိမ် said...

သိခြင်းက မသိခြင်းကို စိုးမိုးတယ် ...
ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်တယ် ...

ဗညားရေ ... နှမြောဖို့ ကောင်းလိုက်တာ ... ကဗျာတွေ သိမ်းထားခဲ့ရင် စာအုပ်ပုံစံနဲ့ ပြန်တင်ပေးပါလား ...

ဒါနဲ့ ချစ်သူပေးတဲ့ ကဗျာလေးက ရင်ထဲထိတယ် ...း)

နေ၀သန် said...

ကိုဗညားရေ.... ဒီဆိုဒ်အသစ်မှာလဲပဲ ကွန်မန့်ပေးလို့ရတဲ့လူတွေ ကို အ့ကုန်ခွင့်ပြုပေးပါ.... အစ်ကို့ စာတွေ အကုန်လိုက်ဖတ်နေပေမယ့် ကျွန်တော်အကောင့်ကို မ၀င်နိုင်တာက များတော့ ကွန်မန့်မပေးခဲ့နိုင်ဘူး.... အဲဒါကြောင့်ပါ.....

Angel Shaper said...

ကဗျာလေးကိုလာခံစားသွားပါတယ်။
နောက်ထပ် များများဆက်လက်ရေးသားနိုင်ပါစေ။
ပျော်ရွှင်ပါစေ။

ဆောင်းနှင်းရွက် said...

ဘယ်လို ဖြစ်လို့ ဆိုဒ်ပြောင်းသွားတာလဲ ..
ဟို ဆိုဒ်လေး ကောင်းရဲ့သားးနဲ့ ..
နှမြောစရာ ...:(

ဖိုးဂျယ် said...

ထပ်တူ ခံစားသွားတယ်ဗျာ

မိုးစက်အိမ် said...

ငါ . . . .
ရင်ဘတ် တစ်ခြမ်းနဲ့ တစ်ခြမ်း
ကျောချင်း ကပ်ဖို့ . .
ရင်ဘတ်ချင်း ဆက်ဖို့
ဇစ်တစ်ချောင်းတောင် မပါခဲ့ဘူး . . . . .

ခုရော ရင်ဘတ်ချင်းဆက်နိုင်မဲ့ ဇစ်နတ်သမီးလေး
မတွေ့ သေးဘူးလား ကိုဗညားရ ကဗျာလေးက
တော့ ကြွေကွဲရိပ်တွေလွှမ်းမိုးနေတုန်းဘဲ
" အရိပ်ပြ နတ်သမီး " သိပ်လှတဲ့ခေါင်းစီး
လေးပါဘဲဗျာ . . . အားပေးနေတယ်ဗျာ

Beauty Studio USA Branded Store said...

ဦးနှောက်ထဲက အိမ်မက်တွေ
ဖုတ်ဖက်ခါ ပြုတ်ကျ
ရင်တလှပ်လှပ်နဲ့ လန့်နိုးပါစေ။
နာကျင်ခြင်းတွေကို
ခါးစည်းခံပြီး လွမ်းနေလိုက်မယ်
ဆိုတာကို ကြိုက်တယ်ဗျာ။

လူကြည့်အများဆုံး စာတိုပေစများ