Monday, March 1, 2010
အရိပ်ပြ နတ်သမီး . . .
.
ငါ . . . .
ရင်ဘတ် တစ်ခြမ်းနဲ့ တစ်ခြမ်း
ကျောချင်း ကပ်ဖို့ . .
ရင်ဘတ်ချင်း ဆက်ဖို့
ဇစ်တစ်ချောင်းတောင် မပါခဲ့ဘူး . . . . .
တံခါးဟောင်းလောင်း ပွင့်နေတဲ့
အခန်းထဲ ကျောခိုင်း ၀င်လာခဲ့တဲ့သူ
တံခါး ပြန်မစေ့ခင်လေးတင်
လက်ပြ ကျောခိုင်းထွတ်ခွါတော့မယ် . . . . .
မျက်နှာလေးတောင် မြင်ခွင့်မပြုခဲ့တဲ့
အရိပ်ပြ နတ်သမီး . . .
ဝေခွဲရခက်နေတဲ့ စကားလုံးတွေနဲ့
ကိုယ့်ဘ၀ကိုယ် ပြန်ခွဲနေတယ် . . . . .
တွေးတယ် . . . . တွေးတယ်
ပုံဖော်မရတဲ့ အရိပ်တွေနဲ့
ငါ့အာရုံက ၀ိုးတ၀ါး . . .
နောက်ဆုံး ထွတ် ကို ထွတ် သွား ရ မှ . .
ထား ကို ထား ခဲ့ ရ မှ ဖြစ်မယ်ဆိုရင်
တွေးမနေနဲ့ . .
ဦးနှောက်ထဲက အိမ်မက်တွေ
ဖုတ်ဖက်ခါ ပြုတ်ကျ
ရင်တလှပ်လှပ်နဲ့ လန့်နိုးပါစေ . . .
နာကျင်ခြင်းတွေကို
ခါး စည်း ခံ ပြီး ( လွမ်း ) နေ လိုက် မယ် . . . . .
လင်းခေတ်ဒီနို ( 1.3.10 )
Subscribe to:
Posts (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလို...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....