Saturday, April 10, 2010

မင်းသင်ပေးခဲ့တဲ့ အလွမ်း

.

ကောင်မလေးေ၇

ငါ့ဘေးနာမှာမင်းမရှိတော့

အဖော်မဲ့ အထီးကျန်စွာ

အနာဂတ်လမ်းမပေါ်

ငါတစ်ယောက်တည်း

လျှောက်လှမ်းနေတဲ့အချိန်

မျက်နှာပြင်ပေါ်ဖြတ်တိုက်

ငါ့ကိုနမ်းရှိုက်ဆော့ကစားသွားတဲ့

လေပြေတွေကတောင်

ရင်ထဲက အပူအလွမ်းလေးကို

ပြင်းပြင်းပြပြ ခံစားစေရတယ်

ကောင်မလေးရယ် မင်းသိခဲ့ရဲ့ လား

တချိန်တုန်းက ငါမခံစားတတ်ခဲ့တဲ့အလွမ်းတွေကို

အခု အချိန်တိုင်း ခံစားတတ် လွမ်းတတ်လာအောင်

မင်း သင်ပေးသွားခဲ့ ပြီပေါ့ ကောင်မလေးရယ်

နှလုံးသားတွေ ကွဲအက်

နှလုံးသွေးတွေ ခန်းခြောက်

သည်းခြေပြတ် အရူးတစ်ယောက်လို

ဖြစ်သွားတာတောင်

မင်းသင်ပေးခဲ့တဲ့ အလွမ်းတွေ ကို

ကိုယ်ထာဝရ ထွေးပိုက်ထားမှာပါ

3 comments:

Unknown said...

ကဗျာလေးကကောင်းလိုတင်ခွင့်ပေးပါအ
ကို

Thet Swe said...

ကဗျာမြတ်နိုးသူအကို အကိုရဲ့ကဗျာကကျွန်တော်ရဲ့ခံစား
ချက်တွေနဲ့သိပ်ထိပါတယ်အကို ကျွန်တော်သိပ်ကြိုက်ပါ
တယ်။

Unknown said...

ကောင်းတယ်ဗျာ

လူကြည့်အများဆုံး စာတိုပေစများ