Saturday, April 10, 2010
ကျွန်တော် ဘေးနားမှာ ရှိနေခဲ့တာ ကျွန်တော့် ကဗျာတွေ . . . .
.
လွင့်ကျသွားတဲ့ ညတစ်ညရဲ့
ငါ့အတ္ထုပတ္တိတွေမှာ
အိမ်မက်နဲ့ ပစ္စုပ္ပန်က
ပြဒါးတစ်လမ်း သံတစ်လမ်းပဲ . . . . . . . . . . . .
ဘ၀ကို ဂျစ်ပစီတစ်ကောင်လို မကျင့်ခဲ့ပေမဲ့
လွတ်လပ်မှုကို ခုံမင်တဲ့ကောင်
အနှောင်အတုပ်တွေ မုန်းနေတဲ့ဘ၀မှာ
အတုပ်အနှောင်တွေနဲ့ ရုန်းနေရတယ် . . . . . . . . . .
လောကကြီးကို ခါးစောင်းတင်ပြီ
ဘယ်သူတွေ နိုင်ခဲ့နိုင်ခဲ့
ဘ၀ ကြိုးဝိုင်းထဲမှာ လောကဓံက
ငါ့ကို သရေတောင် မပေးချင်ခဲ့ဘူး . . . . . . . . . . .
တစ်ခါတစ်ခါ စုတ်ပြတ် နေခဲ့တယ် . . . .
တစ်ခါတစ်ခါ အထိနာခဲ့တယ် . . . .
တစ်ခါတစ်ခါ ချောင်ပိတ် ထိုးနှက်ခံနေရတယ် . . . . . . . . . . .
သွားစမ်းပါ . . . လောကဓံရာ . . . .
ပွဲသိမ်း ခေါင်းလောင်းတီးလို့
ငါ့ခြေထောက် နှစ်ချောင်း
ယိုင်နဲ့နဲ့ ဖြစ်နေရင်တောင်
မင်းအရှေ့မှာ ဒူးထောက်
မှောက်လျှက် လဲမကျစေရဘူး . . . . . . . . . . .
ဝေးသထက် ဝေးနေတယ် . . . .
ပန်းတိုင်က လိုက်လေ ဝေးလေ . . . .
အမြင်အာရုံတွေကပဲ အလင်းယိုင်နေခဲ့တာလား
ငါကိုယ်တိုင်ကိုက ပြေးမနေခဲ့တာလား . . . . . . . . .
ဝင်တိုက်မိသလို ဖြစ်သွားသလား
ခွင့်လွတ်ပါဗျာ
ကျွန်တော်အာရုံနဲ့ ကျွန်တော်
ကဗျာရေးနေလို့ပါ
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်
ဘယ်သူမှမရှိဘူး
ပြန်ကြည့်လိုက်တယ်
ကျွန်တော် ဘေးနားမှာ ရှိနေခဲ့တာ
ကျွန်တော့် ကဗျာတွေ . . . . . . . . . . .
Subscribe to:
Post Comments (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလို...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....
No comments:
Post a Comment