Saturday, April 10, 2010

သူငယ်ချင်း

မင်း အသည်းနှလုံးရဲ့လျို့ဝှက်ချက်ကို ဖုံးကွယ်မထားပါနဲ့ သူငယ်ချင်းရယ် ကိုယ်ကို...ကိုယ့်တစ်ယောက်တည်းကို တိတ်တိတ်လေး ပြောပြပါလားကွယ်...... ချစ်စရာကောင်းတဲ့ အပြုံးနဲ့ ချိုချိုသာသာ ပြုံးတတ်သူလေးရယ် မင်းပြောမဲ့နှလုံးသားထဲက စကားတွေကို ကိုယ်နားတွေနဲ့ မဟုတ်ပဲ ကိုယ်အသည်းနှလုံးနဲ့ နားထောင်ပေးမှာပါ သူငယ်ချင်းလေးရယ်......... အချစ်ဆိုတာ သောကတွေပဲ ယူဆောင်လာတယ်လို့ မင်းထင်နေသလားကွယ် အချစ်ဆိုတာ သုခတွေကိုလည်း ယူဆောင်လာပေးတယ်ဆိုတာ မင်းယုံအောင် ကိုယ်သက်သေပြချင်ပါတယ်ကွယ် အချစ်ကို ယုံကြည်သင့်ပါတယ် အချစ်မှာအပြစ်မရှိပါဘူကွယ် အချစ်ကို ကစားတဲ့သူတွေသာမယုံသင့်တာပါ သူငယ်ချင်းလေးရယ်......... နှလုံးသား အချစ်ဆိုတာ မျက်၇ည်တစ်စက် လင်္ကာတပုဒ်နဲ့ တူတဲ့ ပေးဆပ်ရမယ့် ခါးသီးခြင်း အရာလို့ မင်းထင်နေခဲ့ရင် နှလုံးသား အချစ်ဆိုတာ ပျားရည်တစ်စက် ကဗျာတပုဒ်နဲ့ တူတဲ့ ရယူရမယ့် ချိုမြိန်ခြင်း အရာလို့ မင်းထင်အောင် ကိုယ်သက်သေပြချင်ပါတယ် သူငယ်ချင်းလေးရယ်........ အဆုံးအစမရှိတဲ့ ကိုယ်ရဲ့အိမ်မက်တွေထဲမှာ အမြဲစိုမိုးထားသူလေးရယ် မင်းဟာကိုယ်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပုလဲရတနာတစ်ပါး ပါပဲကွယ် မင်းနှလုံးသားထဲက လျို့ဝှက်ချက်ကို ကိုယ့်ကို ပြောပြပေးပါတော့ သူငယ်ချင်းလေးရယ်........

No comments:

လူကြည့်အများဆုံး စာတိုပေစများ