Saturday, April 10, 2010

နေ့တွေညတွေ သေတဲ့အချိန်

.

နှလုံးသားက တဖျတ်ဖျတ်နာလို့ ဦးနှောက်သွေးကြောက တဆတ်ဆတ် ခါလို့ အသိမဲ့အာရုံနဲ့ ငါမခိုင်းစေတဲ့ ငါခြေထောက်တွေက အလိုလိုရွှေ့လျှားရင်း ၀မ်းနည်းမှု မိုးပေါက်တွေက ပြင်းရှရှ ငါ့ကိုယ်ပေါ် ကျဆဲထိဆဲပါပဲ……….. မင်းအခါခါ လိမ်ခဲ့သမျှ အရူးတစ်ယောက်လို အခါခါယုံလို့ မင်းကန်းပစ်ခဲ့တဲ့ ငါ့မျက်လုံးတွေနဲ့ လမ်းမမြင်တော့တဲ့ ငါ့ရင်မှာ နင့်နင့်ထင့်ထင့် တစိမ့်စိမ့်စီးတဲ့ ၀မ်းနည်းမှု အဆိပ်တွေပြည့်လို့ ………….. " ကိုကို " တဲ့ ငါ့ကိုခေါ်တာမှ ဟုတ်ရဲ့လား မင်းခေါ်တဲ့ ကိုကိုထဲမှာ ငါက ဘယ်နှစ်ယောက်မြောက်ခဲ့ပါလိမ့် ငါမရှိတဲ့ မနက်ဖြန်မှာမင်းဘယ်နှစ်ယောက်များ

ထပ်ခေါ်ဦးမှာလဲ ကောင်မလေး …………………… သစ္စာတရား မေတ္တာတရား တဲ့…... လူတွေကပြောတယ် ရောင်ပြန်ဟပ်တယ်တဲ့ ဟားဟား ငါ့အတွက်တော့ အလင်းတစ်မှုံစာတောင် ပြန်မမြင်ခဲ့ရပါလား ………… ၀မ်းနည်းမှု အပိုင်းအစတွေနဲ့ ဖွဲသီခဲ့မိတဲ့ ဒီကဗျာ ဘယ်သူကို အရင်ဆုံး အသိအမှတ်ပြုခိုင်းရပါ့မလဲ ငါ့အရှေ့မှာ ချထားတဲ့ ဒီကဗျာ ငါ့မြင်ကွင်းမှာ ဝေတလှည့် ၀ါးတလှည့်နဲ့ ရီဝေဆဲပါပဲ ………………… သူငယ်ချင်းတစ်ယောက်ကပြောတယ် " နင်ဒီလောက် ကြေကွဲမနေနဲ့ မတန်ဘူးတဲ့ " ဟုတ်တယ် မတန်ခဲ့ဘူး ငါမကြေကွဲဘူး ဒါပေမဲ့ မချင့်မရဲလေးတော့ ၀မ်းနည်းမိတယ် ………………

No comments:

လူကြည့်အများဆုံး စာတိုပေစများ