Monday, November 29, 2010

ကျွန်တော်နှင့် စွန့်ခွါသွားသော ဆောင်း

. ချစ်တဲ့ အိမ့်ဖြူမလေး . . . ချစ်ခြင်းမဲ့ အသည်းနဲ့ နှလုံးသားရင်ဘတ်တစ်ခြမ်း ပျောက်ဆုံးနေခဲ့သူလား . . မက်ခွင့်ရှိနေတဲ့ ပန်းအိပ်မက်ထဲမှာတောင် ပျော်ရွင်ခြင်း စကားလုံးကို ဆူးတွေနဲ့ ၀ှက်ထားတယ် ။ သက်တံ့လင်းတဲ့ ညတွေလား . . ကြယ်မှုန်ဖွေးတဲ့ မနက်ခင်းတွေလား . . စိတ်ကူးကမ္ဘာလှလှလေးတွေလား . . မိုးရာသီထဲ ပစ်ပစ် သွင်းတယ် ထစ်ချူန်းသံ တွေနဲ့ ချေမွှပစ်တယ် အလင်းအလက်တွေနဲ့ ထိုးခွဲပစ်တယ် ဒီလိုနဲ့ပဲ လမ်းအိုအို အမှောင်စိုစို နဲ့ မင်းအိပ်မက်မှာ ငါဟာ အလင်းမှုန်လေးလောက်တောင် မလင်းရဲခဲ့ရှာဘူး ။ မင်း အသက်သွင်းတဲ့ အိပ်မက်လှေမှာ ငါ့ ကြယ်တာရာတွေ ဗုံတီးပြီး နှင်ထုတ်ခံလိုက်ရတယ် မကာရရာသီ ချင်းတူတာတောင်မှ ငါ့ရာသီက တစ်ခြမ်းပဲ့တယ် အမှတ်မထင်ဆိုပေမဲ့ ထိရှမှာကို ကြိုသိခဲ့သလိုပဲ ငါ့ မုတ်သုံတွေ မင်းအငွေ့အသက်နဲ့တင် ချုန်းချုန်းကျ ပြိုတယ် ။ အလွမ်းတွေထဲက မထွတ်တဲ့သူလို့ ငါ့ကို ပြောကြတယ် . . . . ဒဿ ဆိုတာ ဘယ်ဇာတ်ထဲမှာ အလွမ်းထဲက ထွတ်ခဲ့ဖူးသလဲ . . . ငါ လွမ်းခဲ့ရတဲ့ ဇာတ်က ဒဿထက် ကြမ်းခဲ့တယ် . . . ။ လင်းခေတ်ဒီနို . . . . .

15 comments:

နုငယ် said...

ကဗျာလေးက ကောင်းလိုက်တာ
ဒီတစ်ခါတော့ ငါလိုက်မှီတယ်..
ချစ်ခြင်း မုန်းခြင်းကင်းပါစေ.း)

မေပယ်လ် said...

မကာရရာသီ ချင်းတူတာတောင်မှ
ငါ့ရာသီက တစ်ခြမ်းပဲ့တယ်..
ထိတယ်ဗျာ...ဒီအပိုဒ်လေးဖွဲ့တာ သဘောကျလွန်းလို့။။အပိုဒ်တိုင်းလဲ သဘောကျတယ်

သဒ္ဓါလှိုင်း said...

်ဆူးတွေနဲ့ဝှက်ထားတဲ့ပျော်ရွှင်ခြင်းစကားလုံးလေးတွေကို ရင်ထဲက သစ္စာ၊ မေတ္တာ ဆိုတဲ့သန့်ရှင်းစင်ကြယ်တဲ့ နှလုံးသွေးနဲ့သာ ဖယ်ရှားပစ်လိုက်ပါ...။
ခင်မင်တဲ့
မဒါ

zue said...

ရာသီတောင် တခြမ်းပဲ့တယ်ဆို.. လူကိုတော့ တွေးကြည့်လိုက်တော့မယ်.. ဗညားရေ...
နင့်အသည်းလည်း ရစရာ မရှိတော့ဘူးဟယ်...
ကဗျာလေးကောင်းတယ်...

Anonymous said...

“လမ်းအိုအို အမှောင်စိုစို နဲ့ မင်းအိပ်မက်မှာ
ငါဟာ အလင်းမှုန်လေးလောက်တောင်
မလင်းရဲခဲ့ရှာဘူး ။”

အိပ်မက်က လွန်မြောက်ချိန်မှာတော့
ဘဝအလင်း ထာဝရ ခင်းပေးခွင့်လေး
စာရေးသူ ရလာပါစေ ။ လို့ ။
..ခင်မင်လျှက်..ခင်မာလာအောင်..:)
Link ယူသွားတယ်ဝေ။ :)

နေသွေး(ဘရာဗို) said...

လမ်းအိုအို အမှောင်စိုစို နဲ့ မင်းအိပ်မက်မှာ
ငါဟာ အလင်းမှုန်လေးလောက်တောင်
မလင်းရဲခဲ့ရှာဘူး ။

အသိုက်အမြုံ တစ်ခု က အကြိမ်ကြိမ် ကန်ထုတ်ခံရ
ဆက်လက်၍ ငါ တိုးဝင်နေပါမည်

ကိုဇော် said...

ကောင်းလိုက်တဲ့ စကားလုံးတွေနဲ့ အရေးအသားတွေပဲ။
လှလိုက်တာ . .

Cameron said...

မောင်ဗညားရဲ့ အလွမ်းကဗျာကို မဖတ်ရတာကြာပေါ့

သိင်္ဂါကျော် said...

“ငါ့ မုတ်သုံတွေ မင်းအငွေ့အသက်နဲ့တင်
ချုန်းချုန်းကျ ပြိုတယ်။”

အလွမ်းတွေကို ပြောင်ပြောင်မြောက်မြောက် ဖွဲ့ထားနိုင်တဲ့ ကဗျာလေးပါ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးဖတ်လိုက်ရတာ ကြယ်တွေတောင် ညနက်နက်မှာ လင်းခနဲပွင့်သွားတယ်.
ကောင်းလိုက်တာ
တစ်ပုဒ်ဆို ဆိုသလောက်ပါဘဲ..

Beauty Studio USA Branded Store said...

သက်တန့်လင်းတဲ့ည
ကြယ်မှုန်ဖွေးတဲ့နံနက်ခင်း
ကောင်းလိုက်တဲ့ ဆန့်ကျင်ဘက်ပေါင်းစပ်ခြင်း ဗျာ။ စွန့်ခွားသွားတဲ့ဆောင်း အမည်တပ်တဲ့ကဗျာထဲက ဒဿထက်ကြမ်းတဲ့ အလွမ်းဇာတ်ကို ဆောင်းအဝင် ဒီရာသီထဲမှာ ဖတ်လိုက်ရတော့ ကိုဗညားရေ သဘောကျမိတယ်ဗျာ။ ကိုယ့်အတွေးလေးနဲ့ ကိုယ်တွေးမိသွားလို့ပါ။

Beauty Studio USA Branded Store said...

သက်တန့်လင်းတဲ့ည
ကြယ်မှုန်ဖွေးတဲ့နံနက်ခင်း
ကောင်းလိုက်တဲ့ ဆန့်ကျင်ဘက်ပေါင်းစပ်ခြင်း ဗျာ။ စွန့်ခွားသွားတဲ့ဆောင်း အမည်တပ်တဲ့ကဗျာထဲက ဒဿထက်ကြမ်းတဲ့ အလွမ်းဇာတ်ကို ဆောင်းအဝင် ဒီရာသီထဲမှာ ဖတ်လိုက်ရတော့ ကိုဗညားရေ သဘောကျမိတယ်ဗျာ။ ကိုယ့်အတွေးလေးနဲ့ ကိုယ်တွေးမိသွားလို့ပါ။

အဖြူရောင်နတ်သမီး said...

“မင်း အသက်သွင်းတဲ့ အိပ်မက်လှေမှာ
ငါ့ ကြယ်တာရာတွေ ဗုံတီးပြီး နှင်ထုတ်ခံလိုက်ရတယ်
မကာရရာသီ ချင်းတူတာတောင်မှ
ငါ့ရာသီက တစ်ခြမ်းပဲ့တယ်”


ထိသွားတယ်...

blackroze said...

အလွမ်းတွေကြီးဘဲစိုးမိုးလို့
အလွမ်းတွေနဲ့ရှင်သန်နေရတာ
ကြာတော့လည်းအလွမ်းတွေတိုက်စားလို့
နှလုံးသားတောင်တခြမ်းပဲ့ခဲ့ပေါ့လေ...

မလွမ်းပါနဲ့တော့ကိုဗညားရာ...

Anonymous said...

ဘယ်လိုပြောရရမလဲ ...
သိပ်ကို ရသမြောက်တယ် ...

သက်တံ့လင်းတဲ့ ညတွေလား . .
ကြယ်မှုန်ဖွေးတဲ့ မနက်ခင်းတွေလား . .
စိတ်ကူးကမ္ဘာလှလှလေးတွေလား . .
မိုးရာသီထဲ ပစ်ပစ် သွင်းတယ်
ထစ်ချူန်းသံ တွေနဲ့ ချေမွှပစ်တယ်
အလင်းအလက်တွေနဲ့ ထိုးခွဲပစ်တယ်
ဒီလိုနဲ့ပဲ
လမ်းအိုအို အမှောင်စိုစို နဲ့ မင်းအိပ်မက်မှာ
ငါဟာ အလင်းမှုန်လေးလောက်တောင်
မလင်းရဲခဲ့ရှာဘူး ။


သိပ်လှတဲ့ အပိုဒ်လေးပဲ ...

လူကြည့်အများဆုံး စာတိုပေစများ