Tuesday, December 14, 2010

ဒီဇင်ဘာဟာ အလွမ်းကို အစ ဆွဲထုတ်တယ်

. ပြက္ခဒိန်တွေ အသက်မရှုတော့ဘူး ကျန်ခဲ့တဲ့ နေ့တွေက လက်ပြနှုတ်ဆက် မနက်ဖြန်တွေက ကံကောင်းပါစေတဲ့ အိမ်မက်ကို အဖုံးပိတ်မရတဲ့ ရောဂါ ရှက်ပြုံးမျက်လွှာ တစ်ချက်နဲ့တင် မိုးအလင်းထိ ကံကောင်းဖို့ခွင့်ပြုချက် မရခဲ့ဘူး လောလောဆယ် ငါဖတ်နေတဲ့ သံယောဇဉ်က ယဉ်ကျေးမှုမရှိတဲ့ အခန်းထဲမှာ မျိုးတုံးမယ့် အန္တာရယ်ကို ခုခံနေတယ် နေက ဒီဘက်ပုခုံးကထွတ်ပြီး ဟိုဘက် ပုခုံးက ၀င်တယ် ကမ္ဘာကြီး နေရာပြောင်းသွားတာလား ကြယ်တွေ လတွေ ညစာရှာမထွတ်တော့ဘူး ကဗျာရဲ့စိတ်တွေက တဖြည်းဖြည်း သချာင်္ဆန်လာတယ် သီအိုရီတွေ ဖော်မေးရှင်းတွေ မတ်သပ်စ်တွေနဲ့ စကားလုံးဆန်းဆန်းတွေက ကဗျာဆရာဆိုတာကို ပေါင်းနုတ်မြှောက်စားလာတယ် ဆောင်းမှာ နှင်းကျတာ လွမ်းစရာလား အလွမ်းရဲ့ အစဟာ မင်းပဲဆိုရင် ငါ့ကမ္ဘာမှာ ဆောင်းချည်းပဲကျခိုင်းတော့မယ် ဒီဇင်ဘာရဲ့ နောက်ဆုံးနှစ်ရက်ကို အလွမ်းတွေနဲ့ ငါ ဒိတ် ထားတယ် ဗောကာမပါဘူး ၀ိုင်ချိုချိုမပါဘူး နှင်းဆီပန်းမပါဘူး ဖယောင်းတိုင်မပါဘူး မင်းအပြုံးချိုချိုလေး တစ်ခွက်လောက်တော့ အလွမ်းလေး နှစ်တုံး သုံးတုံးလောက်နဲ့ ရောသောက်ဖို့ စီစဉ်ထားတယ် . . . . လင်းခေတ်ဒီနို

Saturday, December 4, 2010

ခေါက်ရိုးကျိုးနေတဲ့ အိပ်ရာဝင် အလွမ်းကဗျာ

. ဒီလိုနဲ့ပဲ ငါတို့ ဝေးကြတော့မယ် ထင်ပါတယ် အိမ့်ဖြူလေးရယ်. . . တဖက်သတ် ဆန်တဲ့ စီရင်ချက်တွေနဲ့ မိုးမသောက်ခင် ငါ့ရင်ခွင်ကို မင်း စွန့်ခွါသွားတယ် . . . . အရာရာဟာ မှုန်မှိုင်းဝေ့သီလို့ ငါတို့ မျက်စိတွေ မှိတ်ထားကြရုံပါပဲ . . . . ဒီ တဒင်္ဂ လောကကြီးမှာ ငါ့ ပန်းသီ အိမ်မက်တွေ ကြွေကျသွားခဲ့တယ် . . . . ဖောက်ကနဲ ပေါက်ထွတ်သွားတဲ့ မျက်ရည်တစ်စက်မှာ ၀မ်းနည်းစရာတွေ ဖွေးဖွေး စင်စင် လွင့်ထွတ် လာတယ် ။ ကြယ်စင်တွေ ငိုခဲ့ကြတယ် . . . ခေါင်းလောင်းသံတွေ အက်ကွဲနေတယ် . . . လေပြေတွေတောင် ငိုရှိုက်လို့ပါပဲ . . မျက်ရည်နှလုံးသားတွေနဲ့ ငါတို့ ဆက်သွားကြရမည့် . . . . ငါ့လက်ထဲမှာ မှေးစက်ခဲ့တဲ့ မင်းလက်ကလေး ပျောက်ဆုံးသွားသလို မင်းလက်ပေါ်မှာ အုပ်မိုးခဲ့တဲ့ ငါ့လက်ကလေး ပျောက်ဆုံးနေခဲ့ပြီပဲ . . ။ နှလုံးသားတွေ တိုးတိတ်ကြေကွဲ ငိုကြွေးကြတယ် . . . . ငါ မရေးချင်သော ဒဏ္ဍာရီကို ငါရေးရဦးမည် . . . . ငါ မဖတ်ချင်သော အလွမ်းဘာသာကို ငါဖတ်ရဦးမည် . . . ငါ မမက်ချင်သော အလွမ်း အိပ်မက်ကို ငါမက်ရဦးမည် ။ တွန်းချခံလိုက်ရတဲ့ အဆုံးမဲ့ နာကျင်မှုထဲ ငါ ပျော်နေဦးမည် ပြုံးရယ်ဖြစ်နေဦးမည် . . . ဒါပေမဲ့ နာ ကျင် နေ ရင်း . . . . ။ ငါတို့ နှုတ်ဆက်ရဦးမည်လား . . . . နှုတ်မဆက်ပဲ ထွတ်ခွါသွားသူအတွက် နှုတ်ဆက်စကားတော့ ငါပြောခွင့် ရဦးမယ်ထင်ပါတယ် . . . . ဒါပေမဲ့ ငါ့ကို ပြောခွင့် မပြုပါနဲ့ . . . . မိုးမှာကြွေတဲ့ ပန်းတစ်ပွင့်နဲ့ ဆောင်းအိပ်မက်ကို ပြန်လာဖို့ ငါဆုတောင်းဖူးတယ်. . . အိပ်မက်တို့က မှုန်သီေ၀၀ါး ရင်ဘတ်တွေ မျက်ရည်သီနေဆဲပါပဲ. . . . . . ခြယ်စရာ ကုန်နေတဲ့ ပန်းချီကားတစ်ချပ်ကို ငါ့မျက်ရည်တွေ သွန်မှောက်ပြီး ငါနှလုံးသားနဲ့ ဆက်ရေးနေဦးမှာပါ . . . . ချစ်သူ မျက်နှာသည် ငါ့အိပ်မက် ဖြစ်ခဲ့ဖူးသည် . . . ချစ်သူ့လက်သည် ငါ့ ခွန်အားဖြစ်ခဲ့ဖူးသည် . . . ချစ်သူ့ အသံသည် ငါ့ မနက်ခင်းတေးသံသာ ဖြစ်ခဲ့ဖူးသည် . . . . ငါ အခါခါပျော်ရွင်ရင်း ကဗျာတွေ ရေးခဲ့ဖူးသည် . . . အခုတော့ ငါ့ရင်ဘတ် အိပ်ကပ်ထဲမှာ ခေါက်ရိုးကျိုးနေတဲ့ အလွမ်းကဗျာတစ်ပုဒ်နဲ့ပဲ သေသေသပ်သပ်လေး မင်းကို လွမ်းနေခဲ့သည် ။ ဆောင်းမနက်ခင်း မြူကြွေသံကိုတောင် ငါ့နားထဲ မင်းအသံနဲ့ မှားနေခဲ့ဖူးသည် . . . ဒီလိုနဲ့ ငါ့စိတ်တွေ မင်းကို မေ့ဖို့ ကြိုးစာရင်းနဲ့ အလွမ်းတွေ အထပ်ထပ် ရွာချခံလိုက်ရတယ် . . . မင်း ဆံနွယ်ရှည်လေးတွေကို ငါသတိရတယ် . . . မင်းအပြုံးတွေ ငါတမ်းတတယ် . . . . မင်းစကားသံလေးတွေ ငါ လွမ်းဆွတ်တယ် . . . လှပရဲရင့်တဲ့ မင်းရဲ့ မာန်လေးတွေ ငါ့အိမ်မက်ထဲ စီးဆင်းနေဦးမယ် ထင်ပါတယ် . . . ညဘက်တွေကို ငါ တဖြည်းဖြည်း ကြောက်လာသည် . . . ညရောက်ရင် အိပ်မက်တွေ မက်ရဦးမည်လေ ညနေတွေက နေ၀င်စောလွန်းနေသည် . . . . တိမ်တောင်တွေက အိမ်တန်းဝင်တာ မြန်လွန်းနေသည် . . . ရောင်နီကစောစီးစွာ လဲပြိုတော့မည် . . . . ကောင်းကင်က ဖရိုဖရဲ ငါ့ ရင်ဘတ်ကို သူတို့ နှိပ်စက်ကြဦးမည်ပေါ့ . . ချစ်သူ ငါ ပြောခဲ့ချင်သော စကားတစ်ခွန်းရှိ၏. . . The Heart has ears တဲ့ . . . နှလုံးသားမှာ နားတွေ ရှိသတဲ့လေ . . . မင်းမှာ ချစ်တတ်တဲ့ နှလုံးသားရှိခဲ့ရင် ငါ့ရင်ထဲက သစ္စာ စကား မင်းကြားနိုင်မှာပါ . . . . . နှလုံးသား အသံဆိုတာ ဆူးခက်တို့ ကာရံထားလည်း နားထောင်တတ်ရင် ချိုပါတယ် ချစ်သူ . . . . “ ချစ်မိသူဆိုတာ လောကမှာ စစ်အရှုံးဆုံးလူ ” တဲ့ . . . ဒါဆိုရင်တော့ ငါ ကျေကျေနပ်နပ်ကို အရှုံးခံလိုက်မယ် ။ လိုအပ်မယ်ဆိုရင် ငါ့ကိုယ်ငါ သုံ့ပန်းတစ်ယောက်လို မင်းသွားမယ့် လမ်းမှာ ခင်းကျင်း ရဲပါတယ် ။ စစ်သည် တစ်ကျိပ် မသုံးရပဲ ငါ့မြို့ရိုးကို ပြိုပျက်စေခဲ့သူလေးရေ . . . . တကယ်ဆို ငါဟာ စစ်မခင်း ခင်ကတည်းက အပြုံးတစ်ပွင့်အောက်မှာ ဒူးထောက်ကျရှုံးခဲ့ပြီးသားပါကွာ . . . . . .
ဘယ်လို ချစ်ခြင်းမျိုးလည်း အထဲက အရသာက ခါးသတဲ့လား ကျေကျေနပ်နပ်ကို အခါးခံလိုက်တယ် အိပ်မက်တွေ ပက်ကြားအက်လို့ ရင်ဘတ်တွေ တံလျှပ်ထနေခဲ့တယ်
လင်းခေတ်ဒီနို

လူကြည့်အများဆုံး စာတိုပေစများ