Tuesday, December 14, 2010

ဒီဇင်ဘာဟာ အလွမ်းကို အစ ဆွဲထုတ်တယ်

. ပြက္ခဒိန်တွေ အသက်မရှုတော့ဘူး ကျန်ခဲ့တဲ့ နေ့တွေက လက်ပြနှုတ်ဆက် မနက်ဖြန်တွေက ကံကောင်းပါစေတဲ့ အိမ်မက်ကို အဖုံးပိတ်မရတဲ့ ရောဂါ ရှက်ပြုံးမျက်လွှာ တစ်ချက်နဲ့တင် မိုးအလင်းထိ ကံကောင်းဖို့ခွင့်ပြုချက် မရခဲ့ဘူး လောလောဆယ် ငါဖတ်နေတဲ့ သံယောဇဉ်က ယဉ်ကျေးမှုမရှိတဲ့ အခန်းထဲမှာ မျိုးတုံးမယ့် အန္တာရယ်ကို ခုခံနေတယ် နေက ဒီဘက်ပုခုံးကထွတ်ပြီး ဟိုဘက် ပုခုံးက ၀င်တယ် ကမ္ဘာကြီး နေရာပြောင်းသွားတာလား ကြယ်တွေ လတွေ ညစာရှာမထွတ်တော့ဘူး ကဗျာရဲ့စိတ်တွေက တဖြည်းဖြည်း သချာင်္ဆန်လာတယ် သီအိုရီတွေ ဖော်မေးရှင်းတွေ မတ်သပ်စ်တွေနဲ့ စကားလုံးဆန်းဆန်းတွေက ကဗျာဆရာဆိုတာကို ပေါင်းနုတ်မြှောက်စားလာတယ် ဆောင်းမှာ နှင်းကျတာ လွမ်းစရာလား အလွမ်းရဲ့ အစဟာ မင်းပဲဆိုရင် ငါ့ကမ္ဘာမှာ ဆောင်းချည်းပဲကျခိုင်းတော့မယ် ဒီဇင်ဘာရဲ့ နောက်ဆုံးနှစ်ရက်ကို အလွမ်းတွေနဲ့ ငါ ဒိတ် ထားတယ် ဗောကာမပါဘူး ၀ိုင်ချိုချိုမပါဘူး နှင်းဆီပန်းမပါဘူး ဖယောင်းတိုင်မပါဘူး မင်းအပြုံးချိုချိုလေး တစ်ခွက်လောက်တော့ အလွမ်းလေး နှစ်တုံး သုံးတုံးလောက်နဲ့ ရောသောက်ဖို့ စီစဉ်ထားတယ် . . . . လင်းခေတ်ဒီနို

19 comments:

သဒ္ဓါလှိုင်း said...

ဗညားရေ..
အပြုံးချိုချိုလေးရယ်... အလွမ်းလေး နှစ်တုံးသုံးတုံး
ကိုရောပြီးရင်..လွမ်းပြုံးလေးတခွက်ဖြစ်ပြီပေါ့..

ခင်မင်တဲ့
မဒါ

ချော(အစိမ်းရောင်လွင်ပြင်) said...

အလွမ်းလေးတွေကို အတုံးလုပ်ပြီးး အရက်နဲ့ မြည်းရရင်ကောင်းမယ်နော်

John Moe Eain said...

ကောင်းတဲ့ ကဗျာ :)

chocothazin said...

မင်းအပြုံးချိုချိုလေး တစ်ခွက်လောက်တော့
အလွမ်းလေး နှစ်တုံး သုံးတုံးလောက်နဲ့
ရောသောက်ဖို့ စီစဉ်ထားတယ်...
:)

Anonymous said...

အိမ်မက်ကို အဖုံးပိတ်မရတဲ့ ရောဂါ..
အထဲမှာ ဘာတွေရှိလဲဟင်..အဖုံးပိတ်မရအောင်
ဆိုတော့ တော်တော်ဆိုးမယ်နော်:P

အုပ်ကြီး said...

ကမ္ဘာကြီးနေရာပြောင်းသွားတာသေချာတယ် .
မနေ့ က သွားရှာတော့ မတွေ့ တော့ဘူးဗျ ...

Cameron said...

ိမောင်ဗညားတို့လွမ်းချက်ကတော့ အလွမ်းတောင် အတုံးဖြစ်အောင်လုပ်တယ် အလွမ်းတော့မသိဘူး cheese အတုံးတွေကိုတော့ မြည်းဖူးတယ်....။
ကဗျာလေးအစကနေအဆုံးထိကြိုက်တယ်။

ခင်တဲ့
မိုးငွေ့

နုငယ် said...

ဘာပြောရမှန်းကိုမသိတော့ဘူး....

zue said...

ဟုတ်ပါ့ ပိုင်ရယ်.. ငါလည်း ဘာပြောရမှန်း သိတော့ဘူး.. သူ့အလွမ်းတုံးလေးတွေ ရှယ်ယာခွဲမလားလို့... ငါလည်း လွမ်းချင်လို့...း)

ကိုဇော် said...

ကျနော်လည်း ဗော်ကာကို အလွမ်းတွေနဲ့ ရောသောက်နေရတာ ကြာပေါ့ဗျာ။
ဒါပေမဲ့ ခက်တာက မမူးတော့ဘူး။

ယွန်း said...

ဗညား .. နင်ကအလွမ်းကဗျာတွေရေးတာတော်ပါ့ ..နင်လဲတဖြည်းဖြည်းနဲ့  အလွမ်းကဗျာဆရာကြီး ဖြစ်လာနေပီ ..ဟီးဟီးးးး


ခင်တဲ့
မိယွန်း

sosegado said...

ဆောင်းမှာနှင်းကျတာ လွမ်းမိဘူးပါတယ်။

may16 said...

ဒီဇင်ဘာကို အရင် က သဘောကျတယ် ခုတော့ သဘောမကျတော့ဘူး အသက်တစ်နှစ်ပိုကြီးလာလို့ :P

blackroze said...

အလွမ်းတော့သိဘူးကိုဗညားရ..
cheese ကတော့မြည်းလိုက်ရရင်
လွှတ်ကောင်းဘဲ...

နေ၀သန် said...

ကျွန်တော်လည်းသောက်မယ်.. တိုက်ပါ... :P


ခင်မင်တဲ့
နေ၀သန်

Bravo said...

အလွမ်းရဲ့ အစဟာ မင်းပဲဆိုရင်
ငါ့ကမ္ဘာမှာ ဆောင်းချည်းပဲကျခိုင်းတော့မယ်

သေလောက်တယ်

း)

မိုးစက်အိမ် said...

အလွမ်းတုံး လိုက်ပွဲလေးများရနိုင်မလားမသိဘူးဗျာ :D

Beauty Studio USA Branded Store said...

ကိုဗညားရေ ခေတ်သစ်တစ်ခု ရောက်ပြန်ပြီပေါ့
ဆွဲထုတ်လိုက်တဲ့အလွမ်းတွေကို ခင်းရင် အာလူးအရက်တစ်ခွက်စီ မျှသောက်ခံစားကြပါစို့။

Angelhlaing(May everybody be happy and healthy! said...

လွမ်းစရာတွေပဲသီကုန်းရေးဖွဲ့ထားတော့
ဖတ်ရင်းနဲ့ လွမ်းရတာ ကဗျာဆရာရဲ့ အပြစ်ပဲနော်:P:P:P
အားပေးလျှက်ပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

လူကြည့်အများဆုံး စာတိုပေစများ