Monday, April 25, 2011

ညနေခင်း တခုလုံး မင်းဖြစ်သွားပြန်ပြီ အိမ့်ဖြူ . . . .

. ဟိုးး ခပ်ဝေးဝေးက ယူကလစ်ပင်ပျိုက အိုမင်းချင်ဟန်ဆောင်နေတယ် အရှေ့က လမ်းသွယ်သွယ်လေးက အ၀ါရောင် ညနေခင်းနဲ့ အတူ အထီးကျန်ဆန်တယ် စားပွဲပေါ်က ဘလက်ကော်ဖီတစ်ခွက် မင်းပေးခဲ့တဲ့ ဒိုင်ယာရီလိုပဲ ဖတ်လိုက်တိုင်း ခါးတယ် ငါ့ လက်ကိုင်ပုဝါ အဖြူလေးလည်း ခါးသီးမှုတွေ လိုက်လိုက်သုတ်ရင်း မင်း ပစ်ချခဲ့တဲ့ ဥပေက္ခာတွေနဲ့ စွန်းထင်းနေလို့ပါပဲ . . . . ဒီညနေ မင်းကို ငါ သိပ်သတိရတယ် . . . “ ဆပ်ပြာပူပေါင်းလေး တစ်လုံးလိုပဲ အပ်ဖျားလေးနဲ့ အထိမခံလောက်အောင် ထိရှလွယ်တယ် . . အချစ်ဆိုတာထက် အနှစ်ဆိုတာလေးပဲ သုံးပါရစေ ” တဲ့ မင်း ရွတ်ခဲ့တဲ့ စာသား ငါ ပြန်ရွတ်နေရင်း ညနေခင်း တခုလုံး မင်းဖြစ်သွားပြန်ပြီ အိမ့်ဖြု . . . . . . အခု နေညိုချိန် ရောက်လုပီး အင်္ဂါနတ်သမီးလေး ငါ့ရင်ဘတ်ကို ဖြတ်နင်းသွားတယ် “ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါတဲ့ ” သိပ်ဟုတ်တာပေါ့ . . . နှလုံးသား တခုလုံး မြေပေါ် ကြေမွသွားမှတော့ ငါ ဂရုစိုက်ရတော့မှာပေါ့ နှုတ်မဆက်ပဲ ထွက်သွားတဲ့ နောက်ကျောလေးကို ကြည့်ရင်းနဲ့ပဲ ငါ့ အလင်းတွေ ပျောက်ကွယ်ပါရစေ အိမ့်ဖြူ . . . . . တန်ဖိုးရှိတဲ့ မင်းဘ၀ နဲ့ အချိန်တွေကို ငါ့အတွက် မဖြုန်းတာ မင်း မှန်တာပေါ့ “ ညီ . . . မ . . . လေး . . . အိမ့် . . . ဖြူ ” အကို ခေါ်လိုက်တာ မှန်ပါတယ်နော် စကာလုံးတွေ အသက်ရှူသံမဲ့ ချွေချရင်း ငါ့ မျက်လုံးထဲ ဘာမှ မမြင်ရတော့ဘူး ။ လင်းခေတ်ဒီနို ( Sunday , April 24 , 2011 , 6:11 PM )

16 comments:

စိုးမိုး said...

သားသား ငါခေါ်လိုက်တာ မှန်ပါတယ်နော်
အင်္ဂါနတ်သမီးလေး ငါ့ရင်ဘတ်ကို ဖြတ်နင်းသွားတယ်
“ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါတဲ့ ”
မှာလိုက်တယ် ဘ၀ကို အလိုမလိုက်ပါနဲ့

လင်းခေတ်ဒီနို said...

မာမီရာ နင်ပြောမှပဲ ငါ့ကဗျာ ပျက်တော့တယ်းx))))

Anonymous said...

ကဗျာလေးက ဆွေးရပါတယ်။

"ဆပ်ပြာပူပေါင်းလေး တစ်လုံးလိုပဲ
အပ်ဖျားလေးနဲ့ အထိမခံလောက်အောင်
ထိရှလွယ်တယ် . ."တဲ့လား။

နူးညံ့စွာချစ်တတ်တဲ့သူတယောက်ရဲ့ကဗျာလေးကို နှစ်သက်စွာ ခံစားသွားပါတယ်။

ရတနာ

Cameron said...

ကဗျာလေးအရမ်းလှတယ် ရင်ကိုထိတယ်...။
မောင်ဗညားပျောက်ချက်ကောင်းနေတယ်..။

ခင်တဲ့
မိုးငွေ့

အနှိုင်းမဲ့ said...

အ၀ါရောင်လမ်းကလေး သီချင်းကိုတောင် သွားသတိရတယ်..ကဗျာဖတ်နေရင်းနဲ့

noblemoe said...

ကဗျာလေးကောင်းစ် အပေါ်ဆုံးကမန့်တာလေးလည်းသဘောကျမိပါတယ်။ "ဘဝကိုအလိုမလိုက်ပါနဲ့"
"အချစ်ဆိုတာထက်
အနှစ်ဆိုတာလေးပဲ သုံးပါရစေ ” ဂွတ် မှတ်သားသွားပါကြောင်း။


သာယာချမ်းမြေ့ပါစေရှင်း
မိုး

Angelhlaing(May everybody be happy and healthy! said...

စားပွဲပေါ်က ဘလက်ကော်ဖီတစ်ခွက်
မင်းပေးခဲ့တဲ့ ဒိုင်ယာရီလိုပဲ
ဖတ်လိုက်တိုင်း ခါးတယ်
ငါ့ လက်ကိုင်ပုဝါ အဖြူလေးလည်း
ခါးသီးမှုတွေ လိုက်လိုက်သုတ်ရင်း
မင်း ပစ်ချခဲ့တဲ့ ဥပေက္ခာတွေနဲ့
စွန်းထင်းနေလို့ပါပဲ . . . ....
မိုက်တယ်...မလိမ္မာဘူး အကို..:):):)

မိုးခါး said...

စကာလုံးတွေ အသက်ရှူသံမဲ့ ချွေချရင်း
ငါ့ မျက်လုံးထဲ ဘာမှ မမြင်ရတော့ဘူး ။

ဘုရားတရား အာရုံပြု သူငယ်ချင်း .. :P

chocothazin said...

အရှေ့က လမ်းသွယ်သွယ်လေးက
အ၀ါရောင် ညနေခင်းနဲ့ အတူ အထီးကျန်ဆန်တယ်

အဲ့ဒီစကားလုံးတွေကြိုက်တယ်။

ahphyulay said...

အင်း...
အစအဆုံး လိုက်ဖတ်လာမိတော့ 
ငါ့ လက်ကိုင်ပုဝါ အဖြူလေးလည်း
ခါးသီးမှုတွေ လိုက်လိုက်သုတ်ရင်း
မင်း ပစ်ချခဲ့တဲ့ ဥပေက္ခာတွေနဲ့
စွန်းထင်းနေလို့ပါပဲ . . . .
ဆိုတဲ့ နေရာမှာ ဟပ်ထိသွားလို့ 
“ လင့် ” ကိုယူပြီး အိမ်မှာ
ချိတ်လိုက်ပီဗျာ။
အဖြူလေး ပါသွားလို့  မိတ်ဖွဲ့ တာလေ။
လက်ခံတယ်မလား။

နေ၀သန် said...

နာမည်သာပြောင်းသွားတယ်.. အကြောင်းအရာကတော့ မပြောင်း.. .:D... ပြောတော့ဘူး..ယဉ်ကျေးမှု နိမ့်ပါးသူမို့... အဟိဟိ... :P

ခင်မင်လျက်
နေ၀ဿန်

မြတ်မွန် said...

လှပတဲ့ စားပွဲတစ်စုံနဲ့
ဘလက်ကော်ဖီလေးကြောင့်တော့
အရာရာက ကဗျာဆန်သွားပြန်ပြီပေါ့..။

မြစ်ကျိုးအင်း said...

ဟိုးး ခပ်ဝေးဝေးက
ယူကလစ်ပင်ပျိုက အိုမင်းချင်ဟန်ဆောင်နေတယ်
အရှေ့က လမ်းသွယ်သွယ်လေးက
အ၀ါရောင် ညနေခင်းနဲ့ အတူ အထီးကျန်ဆန်တယ်

စစချင်းအပိုဒ်မှာတင် လွမ်းလွမ်းဆွတ်ဆွတ် ရနံ့တွေ ထွက်နေခဲ့တယ်။

မိုးစက်အိမ် said...

ခြွေချသွားတာ ဒါပေမဲ့လှုပ်ရမ်းခါချလိုက်တာမဟုတ်ဘူး
လေပြေနဲ့ အလိုက်သင့် တိုက်ခတ်ပလိုက်တား)

Anonymous said...

buy tramadol tramadol cod online pharmacy - tramadol 100 er

Anonymous said...

phentermine online buy phentermine kansas city - phentermine online from mexico

လူကြည့်အများဆုံး စာတိုပေစများ