Friday, June 17, 2011

နှင်းဆီတေးသွား

. နှလုံးသား တစ်ခုကို အခါအခါ ဒူးထောက်စေဖို့ သဲသဲမဲမဲ ကကွက်ခင်းနေတာလား ကဝေပျို ။ ရက်စက်တဲ့ နှုတ်ခမ်းပါးက တေးသွားတွေက ပျားရည်စက်လို ချိုမြိန်ပါရဲ့ မွှေးပျံ့ပါရဲ့ . . . . ခုံမင်နှစ်သက် ဖွယ်ကောင်းပါရဲ့. . . ဒါပေမဲ့ . . . ဓား သွား ပေါ် က ပျားရည်စက် ။ ကောင်းကင်ဟာ ရောင်နီကို သိမ်းဝှက်ထားသလို ၊ လေပြည်ဟာ ပန်းရနံ့ကို သိမ်းဝှက်ထားသလို ၊ မင်းအရိပ်တွေကလည်း ငါ့နှလုံးသားကို သိမ်းဝှက်ထားခဲ့ပြီ ။ ငါဟာ အိပ်မက်တွေထဲ ပိတ်လျှောင်ခံထားရတဲ့ အိပ်တန်းပျောက် ငှက်တစ်ကောင် ။ ကျိမ်စာမိခဲ့တဲ့ ငါ့ အတိတ်နဲ့ ငါ့အရိပ်ကို . . မင်းငြို့ချက် အောက်ကနေ . . ကျေးဇူးပြု၍ ထွက်ခွါခွင့်ပြုပါ ။ မင်းပေးခဲ့တဲ့ နှင်းဆီးအိပ်မက် အတုတွေ . . အသုံးပြုရန် ရက်လွန်နေတဲ့ သံယောဇဉ်အတုတွေ . . အရောင်တွေ ဖျော့တော့လာတဲ့ ဆေးသား အတုသုံး မျှော်လင့်ချက်တွေ . . အတုတွေ များတဲ့ ခေတ်ထဲမှာ အမှတ်မရှိ ယုံကြည်လွန်း နေတဲ့ သကောင့်သား အကျွန်ပ် . . . ရူးရူးမူးမူး နဲ့ပဲ ၀တ်လစ်စလစ် ကဗျာတွေ ဖောက်ချ လိုက်တယ် . . . ဆစ် ကနဲ နာကျင်မှုတွေနဲ့ မျက်လုံးတွေပါ စုံမှိတ် ပစ်လိုက်ရတဲ့အထိပါပဲ ။ အမှတ်တမဲ့တွေကို အမှတ် မရှိပဲ အမှတ်တရ အဖြစ် သိမ်းထားလိုက် မိပြန်တယ် ။ ဒီညနေခင်းမှာ ကြေကွဲခြင်း စကားလုံးကို အရက်စက်ဆုံး လို့ ကျနော်သတ်မှတ်လိုက်တယ် ။ ဟော . . .သူ ရောက်လာပြန်ပြီး ။ ဒီတခါလည်း ကျနော်အသည်းကို ပုတ်နှိုးနေတယ် ။ လှုပ်တစ်ချက် ပုတ်တစ်ချက်နဲ့ ကျနော်အသည်းကို သူ ကစားဦးတော့မယ်ပေါ့ ။ ။ စုတ်တစ်ချက် နုတ်တစ်ချက်နဲ့ သူမန်းမှုတ်တဲ့ ဂါထာတွေ ကြားမှာ ကျနော် ရူးရူး မူးမူး ဖြစ်ရတော့မယ် ။ ဧကရီရေ . . . ၊ မျက်သွယ် အပင့်တစ်ချက် . . အပြုံးတစ်ခက် အောက်မှာတင် မြှားအစင်းစင်း အစိုက်ခံလိုက်ရတဲ့ စစ်သူရဲတစ်ယောက်လို . . . မာယာ ညွှတ်ကွင်းတွေ အထပ်ထပ်အောက်မှာ ရုန်းထွက်မရတဲ့ လမ်းစပျောက် သားကောင်လို . . . . . သေစားသေစေ အမိန့်ချခံလိုက်ရတဲ့ အလင်းရောင်မဲ့ အကျဉ်းသား တစ်ယောက်လို . . . . ဒီဘ၀ ဒီမျှနဲ့ပဲ ဒီဝဌ်ကြွှေးတွေ အောက်ကနေ င့ါအိပ်မက်ကို ညှင်သာစွာ ရုန်းထွက်ခွင့် ပေးလှည့်ပါတော့ ။ တစ်ပွင့်တည်းပါပဲ ဆိုပေမဲ့ . . . အဆိပ်ပြင်းပြင်း ဆူးတစ်ခက်နဲ့တင် ငိုကြွေးနေတဲ့ နှင်းဆီတေးသွားကို ကြွေလွင့်ခွင့်ပြုပါ ။ လင်းခေတ်ဒီနို ( 17.6.11 )

16 comments:

Anonymous said...

ကြေကွဲစေသတည်း ;)

နောက်တာပါရှင်။
စကားလုံးလှလှလေးတွေကြား နစ်မျောသွားစေတယ်။ ကဗျာလေး လှလွန်းတယ်။

ခင်မင်စွာဖြင့်
ရတနာ

Cameron said...

ဒိုင်နိုဆောရဲ့ လွမ်းခြင်း....

အနှိုင်းမဲ့ said...

(လှုပ်တစ်ချက် ပုတ်တစ်ချက်နဲ့ ကျနော်အသည်းကို သူ ကစားဦးတော့မယ်ပေါ့..) ကစားမခံနဲ့ နတ်ဆိုးကြီး

နေ၀သန် said...

ခွင့်ပြုပါတယ်ဗျားးးးးးးးးးးးးးးးးးးး.. :D... ဒါနဲ့ ဧကရီဆိုတာ ဟိုကောင်မလေးလား... ဟားဟား....


ခင်မင်လျက်
နေ၀ဿန်

သဒ္ဓါလှိုင်း said...

အဆိပ်ပြင်းပြင်းနဲ့ ရိုက်ခတ်လိုက်တဲ့ အဆိပ်တွေနဲ့ ထပ်မကြေကွဲပါနဲ့တော့... ဗညား။

johnmoeeain said...

မဆိုင်ဖူးလို့ ဆိုရင်လည်း ရရဲ့..။
သို့ပေမယ့် ဖတ်ရင်းနဲ့ ချစ်ဦးညိုရဲ့ ပါဒဧကရီ ကို သတိရလိုက်မိရဲ့..။ ဒီပါ ရဲ့ အတွေးတွေကို မှန်းဆမိလိုက်တယ်..။ ကိုဗညားလည်း ဒီပါ လို ကြေကွဲနေသည်လား.. :D
anyhow, I like this post :)

ညလင်းအိမ် said...

ရူးရူးမူးမူး နဲ့ပဲ ၀တ်လစ်စလစ် ကဗျာတွေ ဖောက်ချ လိုက်တယ်

ရှက်ချာကြီးနော် ... :P

နောက်တာ မဟုတ်ပါ .. စရုံသာဖြစ်ပါသည် ...

လာရောက် ခံစားသွားပါကြောင်းးးးးးးးးးးးးးးးးး ...

အိမ့်ချမ်းမြေ့ said...

ကိုနတ်ဆိုး...

ကဗျာ ကောင်းတယ်ရှင်။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ...ငိုနဲ့ ငိုနဲ့တော့နော်....:):)
ကဗျာလေး ကောင်းတယ်အကိုရေ...
ခံစားအားပေးလျှက်..

ချော(အစိမ်းရောင်လွင်ပြင်) said...

စကားလုံးတွေ လှလိုက်တာ
ကြွေသွားတယ်

အဖြူရောင်နတ်သမီး said...

တစ်ပွင့်တည်းပါပဲ ဆိုပေမဲ့ . . . အဆိပ်ပြင်းပြင်း ဆူးတစ်ခက်နဲ့တင် ငိုကြွေးနေတဲ့ နှင်းဆီတေးသွားကို ကြွေလွင့်ခွင့်ပြုပါ ။


လှလိုက်တဲ့ စာသား... ကဗျာဆရာ ပီသပါပေတယ်..
လင့်တွေ ပြန်ချိတ်ပြီးမှပဲ သူငယ်ချင်းဆီ ရောက်လာတော့တယ်..

Anonymous said...

တစ်ပွင့်တည်းပါပဲ ဆိုပေမဲ့ သေရာပါ အဆပ်သင့်ခဲ့တာ ဒီဆူးတစ်ခက်ကြောင့်ပေါ....း)
တော်တော်လှတဲ့ စာသားတွေပါ။
သဘောကျတယ်။

( ရိုးရ )

ပန်းချီ said...

လေပြည်ဟာ ပန်းရနံ့ကို သိမ်းဝှက်ထားသလို ၊ မင်းအရိပ်တွေကလည်း ငါ့နှလုံးသားကို သိမ်းဝှက်ထားခဲ့ပြီ ဆိုပါလားရှင့်..စကားလုံးတွေအကုန်လုံး လန်ထွက်နေပါလား ကိုနတ်ဆိုးရေ..း)

စံပယ်ချို said...

စကားလုံးတွေကအရမ်းကိုခံစားလို့ရတယ်
ကဗျာကောင်းတွေနော်
တော်လိုက်တာ...လေးစားပါတယ်ရှင်။
ချမ်းမြေ့ပါစေ.........

အသည်းကွဲလိပ်ပြာ said...

ကဝေပျိုအကြောင်းတွေခနခနကြားနေရတယ်နော်..နတ်ဆိုး

ahphyulay said...

အင်း..
တော့်တော့်ကို အထိအခိုက်အရှအနာ
များလွယ်၊ ဖြစ်လွယ်တဲ့  အသုံးအနှုံးတွေကို
ရွေးပဲ ရွေးတတ်လွန်း ....။

လူကြည့်အများဆုံး စာတိုပေစများ