Wednesday, January 18, 2012

နွယ် . . .

ညဟာ ညအတိုင်း တိတ်တိတ်လေး လင်းတယ် ညဟာ ညမှန်း သေချာကြောင်း ပြဖို့ အလင်းရောင် ဖြောက်ဖြာက်နဲ့ အမှောင်တွေ ကြဲချတယ် ညဟာ ညမှန်း သိအောင် ခရေတွေ ၀ုန်းဒိုင်းကြဲ တခါတလေ ကြယ်အလင်းတစ်သိုက် နဲ့ တိမ်ညိုတွေကို စီးချင်းထိုးတယ် . . . ညမှာ မုတ်သုံ အလင်း တဖြက်ဖြက် လင်းလို့ လာနေပြီ လ အလင်းဟာ အမှောင်ထဲသို့ ဆွဲခေါ်ခြင်းခံလိုက်ရတယ် လေပြေဟာ မာန်စိုင်းပြီ နှင်းဆီရိုင်းကိုမှ ပန်လာသတဲ့ . . . နက္ခတ်တွေ ၀ုန်းး ဒိုင်း ပစ်ခတ် သင်းကွဲ လူတစ်ယောက်ကိုမှ ခြောက်လှန့်နေခဲ့တာလား ညနေအိုအိုမှာ နတ်ဆိုးတို့ ရိုင်းချင်တိုင်း ရိုင်းနေခဲ့ကြပြီ ။ အမှောင်အိုထဲက လူ မလင်းတဲ့ မီးတွေနဲ့ ရင်ဘတ်ထဲ တောက်လောက်နေတယ် အလွမ်းတွေ အုံ့ဆိုင်း ညွှတ်ဖွား အလင်းမဲ့ လူသားတစ်ယောက် အာဒံရဲ့ပန်းသီးကို မကိုက်ပဲ နှလုံးသားကို အခမ်းနားဆုံး သဂြိုလ်ခံလိုက်ရတယ် နာကျင်မှုဟာ ခွါသံတဖြောင်းဖြောင်းနဲ့ သူ့ဆီ ပြေးဝင်လာခဲ့ပေါ့ ။ အရာရာဟာ ဝေေ၀၀ါးဝါး အိပ်မက်တွေ မချိုတဲ့ နောက်တော့ မိုးကြိုးသွားတွေ တလဲ့လဲ့ထစ်ချုန်း ရင်ဘတ်ထဲကို အမုန်းဓားသွားတွေ အဆုံးထိ နှစ်မြုပ်ပစ်ခဲ့တယ် မျက်လုံးကို စုံမှိတ် ခေါင်းငိုက်စိုက်ရင်း သူ့ လက်ကလေးမှာ နောက်ဆုံး ကိုင်ထားခဲ့တာက နွယ် . . . . . . . ။ လင်းခေတ်ဒီနို ( 18.1.12 ၊ 12း00 PM )

24 comments:

Cameron said...

ကောင်းလိုက်တဲ့ ရင်ခတ်သံ...။ ဗညားတို့ပျောက်ပျောက်သွားပီး ကဗျာကောင်းတွေနဲ့ လာလာခြောက်တယ်....လူဇိုးး..။

Unknown said...

အိုး...ကောင်းလိုက်တဲ့ ကဗျာလေး။ ထိတယ်ဗျာ။ :)

ခင်မင်လျက်
Junemoe

blackroze said...

တပင်ထဲရင်ထဲကနွယ်...ဆိုပါတော့
ကဗျာလေးကောင်း၏

Angelhlaing(May everybody be happy and healthy! said...

နွယ်ဆိုမှ တော့ ရစ်ပတ်ခံရတော့မှာပေါ့ အကိုရ...:):) ...ခံစားအားပေးလျှက်ပါအကို..

သတိုး said...

ပျောက်လှချည်လား ကိုဗညား..။ ကဗျာလေးကို ခံစားသွားပါကြောင်းဗျာ..။
ခင်မင်သော သတိုး

မြသွေးနီ said...

စကားလုံးတွေ သုံးထားလိုက်တာ အားကောင်းလိုက်တာ..။

San San Htun said...

နွယ်..ကဗျာစာသားလေးတွေက နူးညံ့တယ်

မောင်သီဟ said...

ကဗျာဆရာပီပါပေတယ်

နွယ်ကိုပျိုးပြသွားပုံများရင်ထဲညှိတွယ်သွားရဲ့လေ

နှင်းနုလွင် said...

နွယ်....
ပျော့ပျောင်းတတ်တဲ့ သဘောရယ်
ရစ်ပတ်တတ်တဲ့သဘောရယ်
အဲ့ဒီအပေါ်မှာ စီးမျောချင်နေတဲ့သဘောရယ်
ဒီကဗျာထဲမှာ ထင်ထင်ရှားရှားမြင်လိုက်ရတယ်။

ကဗျာကောင်းလေးကို လာရောက်ခံစားသွားပါတယ်။

Anonymous said...

ရေးလိုက်ရင်တော့ ရှယ်တွေကြီးပဲ
တော်ချက်
နောက်ဆုံးကိုင်ထားတာလေးကကြောက်စရာ

"နွယ်"

ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

မဒမ်ကိုး said...

ဘုံကြိုးပြတ်တဲ့ဒေ၀ီနတ်မျိုး နွယ် .....

ဒါနဲ့စကားမစပ် ဟိုလဒငှက်ကလေးကပိုလှတယ်း)



အမီးကျ

မဒိုးကန်

စံပယ်ချို said...

မတွေ့တာအတော်ကြာနေပြီ
ဒါပေမယ့်ကဗျာတွေကတော့ကောင်းပြီးရင်းကောင်းနေတာပဲ
ကြည့်စမ်းပါအုန်းဟယ်
အမှောင်အိုထဲက လူ
မလင်းတဲ့ မီးတွေနဲ့ ရင်ဘတ်ထဲ တောက်လောက်နေတယ်
စကားလုံးတွေဘယ်လောက်လှသလဲဆိုတာ----
နယူးဇီလန်နဲ့ ဆွီဒင်ကသူငယ်ချင်းနှစ်ယောက်မလေးရှားကိုလာလည်လို့ အရှုပ်တွေလုပ်နေရတယ်အေ
ဒါကြောင့်မအားနေဘူးလေ------

ဆူးသစ် said...

စကားလုံးတွေ လှတယ်။ အတွေးကောင်းတယ်။ အရေးကောင်းတယ်။ ကဗျာလောကအတွက် လင်းလက်လာဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။

မြစ်ကျိုးအင်း said...

ကဗျာတွေမဖတ်ဖြစ်တာ ကြာပြီ။
ဒီကဗျာဖတ်မိတော့ အံ့အားသင့်မိသေးတယ်။
ဖွဲ့ဆိုချက်တွေ ပြောင်မြောက်လှချည်လား။
အားပေးပါတယ်။

mstint said...

ကလောင်သွားထက်လွန်းတယ် ဗညားရေ။
ပြောနေကျစကားလေးပြောရရင်တော့
တစ်ပုဒ်ဆိုတစ်ပုဒ်မှန်းသိသိပါလားကွယ်။
တီတင့်မိတ်ဆွေရေးတဲ့'တစ်ပင်ထဲရင်ထဲနွယ်'ကို
သတိရသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလင်းသစ် said...

သက်ရောက်အား ပြင်းပြင်းနဲ့ အသက်သွင်းထားတဲ့ ကဗျာ ရင်ဘတ်ကြီးထဲက လာတယ်ဆိုတာ သက်သေပြ နေသလိုပါပဲ။။ လေးစားလျက်ပါ အကိုရေ။။။

မောင်(စွယ်စုံကျမ်း) said...

ကိုကြီးနတ်..သားကောင်မလေးနာမည်နဲ့  တူတယ်နော် နွယ်ဆိုတော့ တစ်ပင်ထဲရင်ထဲကနွယ်လားဟင်

Candy said...

ကဗျာလေး အရမ်းရမ်းကောင်းတယ် ... :D

ချစ်စံအိမ် said...

ကဗျာလေးကြိုက်တယ်
ခံစားအားပေးသွားပါတယ်

မိုးဇက် said...

ဟိုက်.........
ကောင်းချက်ကလန်ထွက်နေတာပဲ ။ နောက်ဆုံးတော့လဲ ဘယ်သူမဆိုနွယ်ကို ကိုးကွယ်ရာတစ်ခုလို ဆုပ်ကိုင်မိကြတာပါပဲ ဗညားရာ ။


ခင်တဲ့

မိုးဇက်

ကိုရင် said...

ဘာနွယ်ကို ကိုင်ထားတာလဲ..
အထီကျန်ခြင်းတွေနဲ့ လွန်းထားတဲ့နွယ်လား :)

သိ င်္ဂါ ရ said...

ကဗျာကြွေးတွေ ... ဖြေးဖြေးချင်းလာဆပ်ဦးမယ် ကိုဗညားရေ ... ဒီတစ်ပုဒ် ရဲ့ အဆုံးမှာ ... နွယ် ... ဆိုတာကို ဖတ်ရတော့ ... တိုးလျပြီး ... ငြိမ်သွားမိတယ် ...။ :)

Anonymous said...

ကောင်းပါလေ့

Anonymous said...

buy tramadol overnight delivery tramadol dosage info - tramadol

လူကြည့်အများဆုံး စာတိုပေစများ