ကမ္ဘာပေါ်မှာ ကျနော် နေစရာ နေရာ အခက်အခဲ ရှိလာတယ်
ကျနော့် ရာဟုမလေးက နေရာတိုင်းမှာ ရှိနေတယ်လေ
ကျနော့် ရာဟုမလေးက နှင်းပွင့်လို ဖြူစင်သည်
ဆောင်းမဟုတ်ပဲနဲ့ သူ့ပုံရိပ်က အေးမြတယ်
ရာဟုမလေးက ယုန်ငယ်လေးလို နူးညံ့တယ်
တိတ်ဆိတ်အေးချမ်းတဲ့ သူ့ အိပ်မက်ထဲမှာပဲ သူနေတယ်
စာအုပ်တစ်အုပ် ဂရင်းတီး တစ်ခွက်နဲ့လည်း သူပျော်နေတတ်တယ်
တဖျစ်ဖျစ်မြည်နေတဲ့ နွေခေါင်ခေါင်လို
တခါတခါ ရာဟုမလေးက ကျွတ်ဆတ်ဆတ်လေး
သူ စိတ်တိုပုံလေးက နှင်းဆီရိုင်းလေး တစ်ပွင့်လို
ကြယ်တွေရဲ့ ဆူးတောင်နဲ့ သူ့ လောကကြီးကို သူရင်ဆိုင်တယ်
ကျနော့် ရာဟုမလေးက စိတ်မပါရင်
အိပ်မက်ကိုတောင် အိပ်မက်ထဲ ထည့်မက်တာမဟုတ်ဘူး
တခါတခါကျပြန်တော့ ကျနော့် ရာဟုမလေးက
နှင်းဆီအရိုင်လေးတစ်ပွင့် မဟုတ်တော့ပြန်သလို နူးညံသိမ်မွှေ့လို့
စံပယ်လို ဖွေးဖြူ ၊ ခရေလို မွှေးကြူတဲ့ ကျွန်တော့် ရာဟုမလေး
ကပိုကရို ရှက်သွေးရောင်သန်းနေတဲ့ နှုတ်ခမ်းလှလှလေးတွေ နဲ့
မျက်လုံး တောက်တောက်ပပ လေးတွေ နဲ့
လေးထောင့်ဆန်ဆန် ဖလင်အကွက်တွေထဲမှာလည်း အိုက်တင်ခံတတ်ပြန်ရဲ့
လက်သည်းရှည်လှလှလေး မြတ်နိုးတတ်တဲ့ ရာဟုမလေး
တခါတခါ ဆံပင်အကြေကောက်လေးကိုလည်း နှစ်သက်ရဲ့
ကျနော့် ရာဟုမလေး တခါတလေ မခို့တရို့ပြုံးတယ်
တခါတလေ ရှက်ပြုံးပြုံးတယ်
တခါတလေ အိုက်တင်ခံပြီး ပြုံးတယ်
တခါတလေ ဘယ်လိုပြုံးမှန်းမသိအောင်ကို ချစ်စရာကောင်းတယ်
ကျနော့် ရာဟုမလေး မက်ကီးမောက် ကြိုက်တယ်
ဂစ်တာ တီးတာကို နှစ်သက်တယ် ဖိနပ်လှလှလေးတွေ ကြိုက်တယ်
သံပရာ ရနံ့နဲ့ ဘီစကွတ်မုန့် ကြိုက်တယ်
တခါတခါ ကျနော့် ရာဟုမလေးက လည်မလိုလိုနဲ့ ရပ်နေတတ်တယ်
ကျနော့် ရာဟုမလေး တစ်ချက်ပြုံးလိုက်ရင်လေ
ကမ္ဘာကြီး ချက်ချင်းမှောင်သွားလိုက် ချက်ချင်းလင်းသွားလိုက်နဲ့
ကျနော့် ရင်ဘတ်ထဲ ရွှေဗဟိုစည်များ တီးနေသလား အောက်မေ့ရတယ်
ဘယ်လို ညွန်းဆိုရမလဲ ရာဟုမလေးရေ
ဘယ်နက္ခတ်မှာ ပွင့်တဲ့ ပန်းကများ မင်းအလှကို အံတုနိင်ပါမလဲ
ကြည့် ပြောရင်းဆိုရင်း . . . အဲဒီလို ထပ်ပြုံးပြန်ပြီ
ကဲ ဗီးနပ်စ်ရေ ခင်ဗျားရဲ့ အလှဘွဲ့ ကျနော့် ရာဟုမလေးကို ပေးလိုက်လို့ရပီ ။
လင်းခေတ်ဒီနို
8 comments:
woo..nount gyi..d pome lay a yan khit tal byar..
myanmar font ma ya lo sorry byar
တော်တော်ညွှ့န်းထားလို့ မြင်ဖူးချင်လာဘီ ရာဟုမလေးကို...
ရာဟုမလေးက နေရာတကာမှာ စိုးမိုးထားတော့ နေဖို့နေရာရှားသွားတဲ့ ကိုဗညားရေ...
ဗီးနပ်စ်ရဲ့အလှတောင် လွှဲပေးရတယ်ဆိုတော့ အလွမ်းကဗျာတွေခဏနားတော့မယ်ဆိုလောက်ပါရဲ့ :)
ဖတ်တဲ့သူတောင်မှ ရာဟုမလေးကို ခံစားလို့ရသွားတယ် .. နူးနူးညံ့ညံ့ကဗျာလေးပဲ။
ရာဟုမကလေးက ဇိုးဇိုးဇက်ဇက်နိုင်မယ့် လူဆိုးမကလေးနဲ့ တူတယ်။ ဒီလိုပြောလို့ ကဗျာရှင် စိတ်မငြိုငြင်လောက်ပါဘူးနော်။
ခင်မင်စွာနဲ့
မြတ်
ရာဟုမလေးသည် နတ်သမီးလေးတစ်ပါးအသွင် ...
အဟင်း အဟင်း ချောင်းဟန့်သံ လို့ မှတ်ပါလေ ။
ရာဟုမလေး ကို
သိသလို မသိသလိုပါဘဲ :P ။
ပြောချင်တာက လင်ဒ့်တက်မလာခြင်းကိုပါ အခုမှ သူများဘလောဒ့်ကနေ တွေ့လို လိုက်လာတာ ။
ရဟြုမလေးကိုပဲတွေ့ဖူးချင်မိပါတယ်
Post a Comment