Monday, December 2, 2013

ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ်


ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ် ။

အိပ်မက်တွေကို ချိပ်ပိတ်ပြီး
နှလုံးသားကို တံဆိပ်ကပ်ထားတယ်
" ပြန်လည်မတူးဖော်ရ " ။

တိတ်ဆိတ်မှု
အေးအေးစက်စက်
တစ်ဆစ်ဆစ် နာကျင်မှုအောက်
ငါ . . ဘယ်လို လုပ်ရမလဲ
စိတ်ကို ရေတံခွန်တစ်ခုလို လွှတ်ချလိုက်ချင်တယ်
တဝေါဝေါ ခုန်ဆင်းသွားတဲ့ ရေလုံးတွေလို . . .
အရှိန်နဲ့ ကန်ရေပြင်ကို တဗြောင်းဗြောင်း ရိုက်မိပြီး
လွင့်ထွက်သွားတဲ့ ရေမှုံရေမွှားတွေလို . . .
ငါ့ စိတ်အဇ္ဇတ္တတွေကိုလည်း
တစ်စစီ . . . ။

တကယ်တော့ တစ်လမ်းတည်းပါပဲ
မျက်နှာမူရာ အရပ်ပဲ ကွာခဲ့တာ ။

မြူတစ်မှုံစာလောက်နဲ့တော့
ချစ်ခြင်းတွေ နှင်းမခဘူး
ဆောင်းမနက်ခင်းကို ဆွဲဖွင့်ပြီး
နှင်းစက်လေးတွေ
သီခိုင်းလို့ရမှတော့
ငယ်ရယ် . . .
ကိုယ်တို့နှစ်ယောက်ရဲ့
စွယ်တော်ရွက်လေးတွေလည်း
ကြွေခဲ့မှာ မဟုတ်ဘူးကွယ် ။

နှလုံးသားကို တံခါးပိတ်ပြီး
အိပ်မက်တွေကိုပဲ ထွေးပွေ့ထားလိုက်တယ် ။

ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ် . . . . .

လင်းခေတ်ဒီနို ( 2.12.13 ) 
.

7 comments:

သဒ္ဓါလှိုင်း said...

ဗညား..
ဒီဇင်ဘာက ဒဏ်ရာဒဏ်ချက်တွေကို နှင်းခဲလေးတွေနဲ့ ကုစားလိုက်ပေါ့ကွယ် ... လှပတဲ့အိပ်မက်တွေ နဲ့ နွေးထွေးပါစေနော်..
ချစ်ခင်စွာ
မဒါ

Aunty Tint said...

ဗညားရေ... ဒဏ်ရာဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတဲ့ ဒီဇင်ဘာ ကဗျာလေးအားပေးသွားတယ်....

မေတ္တာဖြင့်
တီတင့်

နွေတေးရှင် (မင်းဧရာ) said...

ခပ်ပါးပါးလို့ဆိုတတ်ကြပေမယ့်
ဒီဇင်ဘာ နှင်းတွေက ခါးလွန်းတယ် ။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေးကို နှစ်သက်စွာ ခံစားသွားပါတယ်ရှင်။

စံပယ်ချို said...

ဗညားရေ
ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ်----ပြီးတော့ ကဗျာတွေလဲအေးခဲလာတယ်နော်

မောင်သီဟ said...

တချို့ နေရာဒေသတွေမှာ ဒီဇင်ဘာက အေးစက်စက်နိုင်လွန်းတယ်

သိ င်္ဂါ ရ said...

တကယ်ပါပဲ ...

ဒီဇင်ဘာ ဟာ ဒဏ်ရာ ဒဏ်ချက် အပြည့် နဲ့ ... :(

လူကြည့်အများဆုံး စာတိုပေစများ