Saturday, March 8, 2014

ကျွန်တော့် အာရုံဝပ်ကျင်းထဲမှာ သူမရှိနေခဲ့တယ်

ဓာတ်ပုံလေး ခိုးခိုးကြည့်ရုံနဲ့တော့
ကမ္ဘာ တစ်ဖက်ခြမ်းမှာ
တဖက်သတ် ချစ်သူ ဖြစ်နေရတာပဲ 
အဖတ်တင်တယ် ။

အပြုံးမျက်နှာလေးတစ်ခုကို
တိတ်တခိုး စွဲလမ်းရတဲ့ဘဝက
သိပ်ခက်ခဲတယ် 
ကောင်မလေးရယ် . . . . . ။
ကိုယ့်ဥယာဉ်ဆိုပေမဲ့လည်း
မင်းမနမ်းပဲနဲ့တော့ မဖူးပွင့်နိုင်ခဲ့ဘူး ။

တစ်ခါတစ်လေတော့လည်း
သက်ပြင်းတွေ ခပ်ဖွဖွလေးချရင်း
နိုးခဲ့ရတဲ့ ညတွေမှာ 
မင်းမျက်ဝန်း စိုစိုတွေ 
ကိုယ်ရင်ဘတ်မှာ ကွန်းခိုနေခဲ့တယ် ။

လမင်းကို ပန်တဲ့မိန်းကလေး
မင်းရဲ့ ဖြူတစ်ဝက် နီတစ်ဝက်
မျက်နှာလေးနဲ့ပဲ
ငါ့ကောင်းကင်မှာ ကြယ်တွေ 
လင်းလင်းခြင်းခြင်း ပွင့်ပစ်လိုက်ရတာ
ရင်ခွင်တစ်ခုလုံးမှာ
မျှော်လင့်ချက်တွေ မိုးစိုလို ။

စံပယ်လိုဖွေး ၊ ခရေလိုမွှေးပြီး
နှင်းဆီလို အလှတွေနဲ့ 
ကိုယ့်ရဲ့ အာရုံဝပ်ကျင်းထဲ ခိုးဝင်လာတဲ့
ကောင်မလေး . . . .
တနင်္ဂနွေမီးတောက်နဲ့
ဆောင်းဦးပေါက် အရက်တစ်အိုးလို
ကိုယ့်နှလုံးသားကို မီးရှို့ရစ်မူးစေခဲ့ပေါ့ ။

လင်းခေတ်ဒီနို
.

6 comments:

ပဥာက် said...

ကောင်မလေးက ပန်းချီကားတချပ်သာဆို၊
ခဗျားကတော့ ချယ်မူန်းသရာမှာတော့ လက်လွန်ပဲ..:D
ဒီကဗျာက ကိုယ်ခန္ဒာအစိတ်အပိုင်းတခုဆို၊
ဆရာချောနွယ်တပိုင်း၊ဆရာနေဘုန်းလတ်တပိုင်း
မြင်တွေ့ရသလိုပဲ..။ကျူပ်ကအရောက်အပေါတ်နည်းပေမယ့် ကျူပ်နှစ်သက်တဲ့ကဗျာသမားထဲမှာ ခဗျားလည်းပါတယ်..နောင်တော်။...
ဖတ်ရင်းနဲ့ပဲ ကျူပ်နှစ်သက်မြတ်နိုးတဲ့ကောင်မလေးကို
ဒီကဗျာထဲမြင်လာရတယ်..။

Aunty Tint said...

အာရုံဝပ်ကျင်းထဲက ကောင်မလေးအတွက် နူးညံ့သိမ်မွေ့တဲ့စကားလုံးလေးတွေနဲ့ တီကာဖွဲ့ထားတဲ့ ချစ်စရာကဗျာတစ်ပုဒ်။
ကိုယ့်နှလုံးသားကို မီးရှို့ရစ်မူးစေခဲ့ပေါ့' Bravo !

မေတ္တာဖြင့်
တီတင့်

စံပယ်ချို said...

နှင်းဆီလို အလှတွေနဲ့
ကောင်မလေး . . . .
နဲ့ ချစ်သူ့ မြန်မြန်ဖြစ်ပါစေလို့

Anonymous said...

ကိုဏီ ကဗျာလေးဖတ်သွားတယ်....
လောလောဆယ် အချစ်ဝတ္ထုတိုလေး တစ်ပုဒ် ကြိုးစားရေးနေချိန်မို့ ခံစားသက်ဝင်မှု ပိုကောင်းသွားအောင် လှုံ့ဆော်ပေးတဲ့ ဒီကဗျာလေးအတွက် ကျေးဇူး.....

---------------
ခင်မင်စွာ...
ကိုဏီ

ရင်လှိုင်း said...

အဲဒီ ကောင်မလေး မြင်ဖူးချင်လိုက်တာ။

MOses said...

ကဗျာ မသွားပြီဗျာ တစ်နေရာရာမှာသုံးဖို့

းD

လူကြည့်အများဆုံး စာတိုပေစများ