Sunday, July 18, 2010

အိပ်မက်

.

" အိမ် " မက်ခဲ့တာ အခါခါ ရင်ခုန်လို့ လူတစ်ယောက်ရဲ့ ရွှေအိပ်မက် အထပ်ထပ် အခါခါ သစ်စီးသုတ်ခံရသလို နာကျင်ခြင်းတွေ တစ်ရွက်ပီး တစ်ရွက်

.

သိုးထိန်းတွေ နွားမကျောင်းဘူး ကောင်းဘွိင်တွေ ကျွဲမမောင်းဘူး ဟင်းလင်းပြင် ရင်ဘတ်ကြီးလည်း ချစ်ခြင်းတွေ အစားမထိုးခဲ့ဘူး

တဲအိုဆိုပေမဲ့

ချစ်မီးအိမ်လေး ရှိရင်

တို့နှစ်ယောက်တွက် လင်းခြင်းပါတယ်

အိပ်မက်တွေ မဖွက်ထားလိုက်ပါနဲ့

" အိမ့်ဖြူ "

မောင်တစ်ထမ်း မယ်တစ်ရွတ်တဲ့လား

မက်စရာ အိပ်မက်တောင်

ငါ့ကို အသည်းပြန်ခွဲသွားတယ်

မျှော်လင့်ခြင်း

စိတ်ကူးနဲ့ဆန္ဒတွေ

. . . မပီ ၀ိုးတ၀ါးနဲ့ . . .

နောက်ဆုံးတော့

ကိုယ့်ဒိုင်ယာရီ ကိုယ်ပိတ်

အိပ်မက်တွေနဲ့ပဲ

လွမ်းပါရစေတော့ကွာ

လင်းခေတ်ဒီနို ( 18.7.10 , 10:00 PM )

23 comments:

johnmoeeain said...

Everlasting Dream!
It is our HOME!

feel it bro :)

(now can see mm font, and can't type. so so)

အုပ်ကြီး said...

အိမ်မက်တွေနဲ့  ..လွမ်းနေဆဲပဲနော် ...

ညလင်းအိမ် said...

ကဗျာစာသားလေးတွေ ပုံလေးတွေ သီချင်းလေးတွေက အားလုံးပြီးပြည့်စုံနေပါလား ...း)

အိမ့်ဖြူရယ်
အိပ်မက်တန်ခိုးတွေ ပြယ်လွင့်လုပြီ
ရာသီဆိုးတွေတောင် အဝေးသို့ထွက်ခါ
မှောင်လာတဲ့ ဘ၀ဆီမီးခွက်ထဲ
လောင်စာ အချစ်တွေ ဖြည့်ပေးပါတော့
ငါလေ ... မင်းရဲ့ အလင်းနဲ့မှ
အရောင်တောက်ချင်လို့ပါ ...


ဗညားကိုယ်စား ခံစားပြီး ရေးသွားပါတယ်ဗျာ ... :P

မောင်အေးချမ်း said...
This comment has been removed by the author.
နေ၀သန် said...

စောရီး..တခြားဘလော့ခ်ကြီးနဲ့ တက်သွားတယ်...

နေ၀သန်

ကိုဇော် said...

သူများတွေ ဒီလို အချစ်ကဗျာနဲ့ လွမ်းရင် အားကျတယ်။
မရေးတတ်တော့ဘူး ထင်တယ်။

ကောင်းပ. . ကောင်းပ. . .လွမ်းမိပါတယ်။

သိင်္ဂါကျော် said...

အိပ်မက်တွေ တစ်နေ့တော့ ဖြစ်လာမှာပါ..

အင်ကြင်းသန့် said...

အိပ်မက်ကတောင် အသည်းပြန်ခွဲသွားတယ်တဲ့လား....
ကိုယ့်ကိုအသည်းပြန်ခွဲမယ့်အတူတူတော့ အဲဒီအိပ်မက်တွေကို မမက်ချင်တော့ဘူး။း((

ahphyulay said...

ကျွန်တော်တို့  နှစ်ယောက် မက်ခဲ့ တဲ့ 
အိမ်မက်ဆိုတော့  အပြင်မှာ တကယ်မဟုတ်ခဲ့ ဘူးပေါ့ ၊
ဒါပေမဲ့  တကယ်ဖြစ်လာတတ်တဲ့ အိမ်မက်တွေ လဲ ရှိနေတတ်
ပါတယ်နော....

linn said...

သရုပ်ဖေါ်ပုံလေးတွေနဲ့ ခံစားချက် ကဗျာလေးက မိုက်နေတာပေါ့ ... :)

ခင်မင်စွာဖြင့်
မလင်း

blackroze said...

တနေ့တော့အိမ်မက်တွေတကယ်ဖြစ်လာမှာပါ
ကိုဗညားရေ...
ကဗျာနဲ့ပုံလေးတွေကတော့
တကယ်ကိုလိုက်ဖက်ပါပေတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ
ကဗျာနဲ့ သရုပ်ဖော်ပုံကလေးတွေနဲ့ လိုက်ဖက်လှတယ်
ဒါပေမဲ့ ကဗျာပိုင်ရှင်အတွက်တော့ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်..ဒီလိုဘဲ အိပ်မက်တွေနဲ့ လွမ်းကြရသူတွေ ဘယ်လောက်များများ ရှိနေကြသလဲ..
ရင်မောစရာ

ခိုင်နုငယ် said...

အိမ်မက်သရုပ်ဖော်ပုံလေးတွေနှင့်
ခံစားမူ့ပီပြင်တယ်။
အိမ်မက်တွေအမြန်ဆုံးလက်တွေ့
ဆန်နိုင်ပါစေ....
မာမီရှိန်းရေ...အဲလေ..ကိုဗညားရေ..

အနှိုင်းမဲ့ said...

နတ်ဆိုးးကြီးတစ်ယောက်အိမ်မက်တွေ အကောင်ထည်ဖော်နိုင်ပါစေ....။

Cameron said...

အဲဒီနတ်ဆိုးကြီးကဗျာထဲက “အိမ့်ဖြူ”ဆိုတဲ့ စကားလုံးလေးကြောင့် ကဗျာက ပိုပိုအသက်ဝင်သွားတယ်...။
မောင်တူးလဲ အရုပ်မဆီက ဓါတ်ကူးသွားတယ်ထင်တယ် ကဗျာနဲ့မန့်သွားတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

ယွန်း said...

အိမ်မက်တွေ အမြန်ဆုံး လက်တွေ့ ဖြစ်လာပါစေ

ခင်မင်တဲ့
ယွန်း

မြစ်ကျိုးအင်း said...

အိပ်မက်တွေနဲ့ ရှင်သန်နေတဲ့ နေ့ရက်တွေများပါပြီ...
အိပ်မက်တိုင်း လက်တွေ့ဖြစ်လာစေချင်ပါတယ်..
မျှော်လင့်ချက်တွေနဲ့ပေါ့...

သဒ္ဓါလှိုင်း said...

အိပ်မက်တွေကိုအမြန်ဆုံးအကောင်အထည်ဖေါ်နိုင်
ပါစေလို့ဆုတောင်းပေးပါတယ်..

ခင်တဲ့
မဒါ

ပန်းနုနှင်းဆီ said...

လူတိုင်းမှာ အိပ်မက်တွေရှိကြပါတယ်..
ဒီအိပ်မက်တွေကို လက်တွေ့ဖြစ်လာဖို့ ဇွဲနဲ့ကြိုးစားကြတာပေါ့..
ကဗျာလေးကို ခံစားသွားပါတယ်.

သုခုမလေဒီ said...

ကဗျာလေးလာဖတ်သွားတယ်။ အိပ်မက်ကောင်းတွေ ဖြစ်လာပါစေ..။

ဇော် said...

သိုးထိန်းတွေ နွားမကျောင်းဘူး
ကောင်းဘွိင်တွေ ကျွဲမမောင်းဘူး
ဟင်းလင်းပြင် ရင်ဘတ်ကြီးလည်း
ချစ်ခြင်းတွေ အစားမထိုးခဲ့ဘူး ............

ကျနော်အကြိုက်ဆုံးပဲ အကိုရာ....
ပြီးတော့.......
ခံစားချက်တွေ တိုက်ဆိုင်နေတယ်..... =P

chocothazin said...

အိပ်ပြန်ချင်တယ်ဟာ

မိုးစက်အိမ် said...

ပုံရိပ်လေးတွေနဲ့ စာသားလေးတွေ ရောယှက်
ခင်းကျင်းပြသွားတာလိုက်ဖက်လိုက်တာဗျာ

တဲအိုဆိုပေမဲ့

ချစ်မီးအိမ်လေး ရှိရင်

တို့နှစ်ယောက်တွက် လင်းခြင်းပါတယ်

အိမ်မက်တွေ မဖွက်ထားလိုက်ပါနဲ့

ချစ်ရဲတယ်ဗျာ အလိုဖြစ်နေရမယ် တကယ်
ချစ်ရင်ပေါ့ဗျာ ပြောလို့ ပြောတာပါဗျာ ဒီ
ခေတ်မှာ ရှိရှားဘဲဖြစ်မလားမသိပါဘူး
ကိုဗညားရာ . . . ကိုယ့်မှာကအလိုတဲတစ်
လုံးတောင်မပိုင်သေးတဲ့ဘ၀ဆိုတော့
ကူးထားတဲ့ အပိုဒ်လေးတောင်အားနာပါရဲ့ ဗျာ

လူကြည့်အများဆုံး စာတိုပေစများ