Saturday, April 10, 2010

အရူးရင့်စိတ်

. အသဲကွဲ ကဗျာတစ်ပုဒ် ရေထဲ ပြုတ်ကျသွားတယ် ကောက်ယူမယ့် လက်တွေအနောက် စိတ်တွေ ပါမသွားဘူး မျောသွားတဲ့ အရာဝတ္တုကို သစ်ရွတ် တစ်ရွတ်လို တွေး ငေး ကြည့် အေးစက်ထုံကျင် လက်တွေ ၊ သွေးမဲ့ မျက်နှာ ၊ စိတ်မရှိတဲ့ ကိုယ် အရာရာဟာ လေးလံတုံ့ဆိုင်း ငါ့စိတ်ထဲမှာ ငါ့ကိုယ်က ပျောက်ဆုံးနေတယ် . . . သူသီသွားတဲ့ စကားလုံးအစအနတွေ နားထဲ ဘောင်ဘင်ရိုက်ခတ် နှလုံးသားထဲပါ ဖောက်ထွင်း ဘယ်န၀င်ပီယံသီချင်းမှ ငါ့ရင်ဘတ်ထဲ ပြေးမ၀င်လာနိုင်ခဲ့ဘူး စိတ်တွေ . . ရှာမတွေ့တော့တဲ့သူတစ်ယောက် အနောက် လမ်းပျောက်နေတဲ့ တိမ်တွေလို ကစဥ့်ကလျှား လွင့်ဝေးပြေးလိုက် . . . ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေ ခေါက်သိမ်းထုပ်ပိုး အတ္တမဲ့ လမ်းပေါ် တက်လျှောက် ကြည့်တယ် နင်းချမိလိုက်တာ လိုချင်တပ်မက်မှုတွေ အပြုံလိုက် အတစ်လိုက် . . . ချစ်သူ . . . . . ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေအနောက်မှာ ငါဟာ နေမြင့်လေ အရူးရင့်လေ ပါပဲ . . .

No comments:

လူကြည့်အများဆုံး စာတိုပေစများ