Saturday, April 10, 2010

ညီမလေး သော့ခတ်သွားတဲ့ အလွမ်းရာသီ

. လွမ်းတဲ့သူက လွမ်းနေတဲ့သူကို စည်းချက်သံမဲ့ ကြွေရင်းဆွေးတယ် အလွမ်း အသင်္ချေ အလွမ်း အနန္တ အလွမ်းတို့ရဲ့ လက်ကျန်သမိုင်းနဲ့ ဆွေးတယ် …………… မင်းပျောက်နေတဲ့ ငါ့နက္ခတ်တစ်ပိုင်းတစ်စမှာ အင်းအားချိနဲ့ နေတဲ့ နာရီလက်တံတွေ ခရီးတစ်ထောက် နားချိန် အလွမ်းရာသီက နှလုံးသားပေါ် ပိုးစိုးပက်စက် မှောက်ကျတယ် …………….. နတ်ဆိုးကြည်စားတဲ့ အလွမ်းဘုံမှာ တစ်ယောက်နဲ့ တစ်ယောက် ကမ္ဘာတစ်ခြမ်းစီတော့ မဝေးခဲ့ဘူး မဝေးတဲ့ မြို့တစ်မြို့ခြင်းစီမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနေခဲ့တယ် ……………… သတိရခြင်း နေ့စွဲအစအနလေးတွေမှာ ရင်ထဲက အလွမ်းမှုန်တွေ ဖွာကနဲ ဖွာကနဲ လွင့် ကြေ ထွတ် လို့ အလွမ်းရာသီထဲ ငါဟာ သော့ခတ် ခံခဲ့ရသူ ……………… စိတ်ရဲ့ စေစားတမ်းတခြင်းတစ်ပိုဒ်မှာ နှုတ်မဆက် လက်မပြပဲ ထွတ်သွားတဲ့ ညီမလေးရဲ့ မျက်နှာလေးကို မြင်ယောင်ရင်း အိမ်မက်က လန့် လန့် နိုးလို့ ……………………….

No comments:

လူကြည့်အများဆုံး စာတိုပေစများ