Saturday, April 10, 2010
တစ်ဖျောက် နှစ်ဖျောက်စိုရင်းနဲ့ ရွှဲတယ်
.
ကြက်ခြေခတ် . . ညနေတွေ
အိပ်တန်းဝင် နေညိုအလင်းတန်း
ငါ့ရင်ကိုညို့စီးလို့ အလွမ်းခင်းကိုပျိုးတယ်
ပြီးတော့ . . . .
အလွမ်းပွင့်တွေကို
တစ်စက်ခြင်း ခြွေချနေပြန်တယ် . . . . . .
ရင့်သထက်ရင့်လာတဲ့ အမှောင်စိတ် . . . .
နက်သထက်နက်လာတဲ့ အလွမ်းရောင် . . . .
မြောက်ပြန်လေ အခတ်မှာ ပါသွားတဲ့
ကြယ်ကြွေ နတ်သမီးရဲ့ တေးညို့သံ . . .
အသူရာ နတ်ဆိုးရဲ့ လမိုက်ညတွေဟာ
အလွမ်းတွေထဲ ၀ါးလုံးထိုး ခုန်ဆင်းနေတယ် . . . . . . . . . . . .
လယ်သူမငယ်ရေ . . . .
ငါ့ရင်ကို အကြမ်းတမ်းဆုံးဆွဲဖွင့်
မင်းသံယောဇဉ်ပျိုးတွေ
ထိုးစိုက်ပြီသွားရင်
ပေါင်းသင် ရေလောင်းခဲ့ဖို့တော့
မမေ့လိုက်နဲ့ . . . . . . .
ငါ့နှလုံးသားလယ်တွေ
ပက်ကြားအက်မှာ စိုးမိလို့ . . . . . . .
အချစ်အကြောင်း ဂဃနဏ ငါမသိခဲ့ဘူး
အချစ်ကလည်း ငါ့အကြောင်း ဂဃနဏ မသိခဲ့ဘူး
ဒါပေမဲ့ . . . . . .
မင်းကို ချစ်တာတော့ ငါ ဂဃနဏ သိခဲ့တယ် . . . .
ကောင်မလေး . . .
မင်းရော . . . ငါ့ကိုချစ်တာ ဂဃနဏ သိခဲ့ရဲ့လား . . . . . . . .
ဝေးကွာခြင်းရဲ့ အတွင်းဘက်မှာ
ငါ့ရင်ခွင်က မိုးတစ်ထောက်နားနေရတယ်
မင်းကြည့်လိုက်စမ်းပါ . . . .
အမိုးအောက်မှာဆိုပေမဲ့
ငါ့ကိုယ်မှာ အလွမ်းတွေ
တစ်ဖျောက် နှစ်ဖျောက်စိုရင်းနဲ့
ရွှဲနေခဲ့တယ် . . . . . . . . .
Subscribe to:
Post Comments (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလို...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....
No comments:
Post a Comment