သောကြာကြယ် ညည်းချင်းတမ်းတဲ့ ည လမင်းက ကောင်းကင်ကို ကျောမှီထိုင်လို့ မီးတောက်နေတဲ့ ငါ့အိမ်မက်ကို လှောင်ရီလို့ ကြည့်နေလေရဲ့ . . . . . .
တစ်ဆုပ်စာ ကျဲချလိုက်တဲ့
လရောင်ဆမ်း ခပ်ပါးပါးအောက်
ကစဥ့်ကလျား ရုန်းထွတ်နေတဲ့
စိတ်ရိုင်း တေလေ ငှက်တွေက
ကောင်းကင်မရှိတဲ့
ငါ့နံရံ အိမ်မက်မှာ
အလွမ်းတွေကို ထုဆစ်နေတယ် . . . . . .
အိမ်မက်ကို တံခါးခေါက်သွားတဲ့
ကဝေပျိုငယ် . . . . .
လှည့်ထွတ်သွားခဲ့ရင်တောင်
အလွမ်းတွေ ပွင့်ကျန်ရစ်ခဲ့မယ့်
ငါ့အိမ်မက် တံခါးလေးကိုတော့
ပြန်ပိတ်ပေးခဲ့လှည့်ပါ . . . . . .
ငါ့ ရင်ဘတ်တစ်ခြမ်းမှာ
သံယောဇဉ်နဲ့ ပျိုးလို့
အနမ်းတွေနဲ့ ပေါင်းသင်
ရနံ့တွေတောင် ပွင့်ခဲ့တဲ့
မင်းအချစ်တွေ အခုတော့
ခါးသက်နေခဲ့ပြီးလား ကဝေပျိုငယ် . . . . . .
ငါ့ဘယ်ဘက်ရင်အုံမှာ ကြွေခဲ့တဲ့
မင်းအနမ်းကြယ်ပွင့်လေးတွေရဲ့
ကိုယ်သင်းရနံ့ နဲ့ ခြေရာတောင်
ခုထိ မေ့မရလို့
အမှတ်တရ သိမ်းထားဆဲပါပဲ . . . . . . . . . .
No comments:
Post a Comment