Saturday, April 10, 2010

ကျောခိုင်းလိုက်ပါတော့ ကြယ်လေး

. ထားရစ်ခဲ့တော့ ကြယ်လေးရယ် . . . . . မပွင့်တပွင့် အလင်းဖြောက်ဖြောက်ငြို့ချက်နဲ့ ငါ့အိမ်မက်ကြယ်တာယာမှာ တစ်ပွင့်တည်း တောက်ပအောင် မင်းငြို့ထားနိုင်ခဲ့ပြီပဲ . . . . . သွားပါတော့ ကြယ်လေးရယ် . . . . . ချစ်တယ် လွမ်းတယ် ဆိုတဲ့ စကားလုံး အသင်္ချေနဲ့ ငါ့ အိမ်မက်ကြယ်တာယာမှာ စံပယ် နက္ခတ်တွေ ဖြတ်ဖောက်စီးစင်း ရနံ့တွေ နှင်းလိုဝေအောင် မင်း ခြွေခဲ့ပြီးပဲ . . . . . နှုတ်ဆက်ကြရအောင် ကြယ်လေးရယ် . . . . . . ငါ့အိမ်မက်တွေနဲ့ ငါ ရူးသွပ်ချိန်မှ သစ္စာဆိုတဲ့ စကားလုံး မင်းရင်ဘတ်မှာ ရာသီစက်ဝန်း တစ်ပတ်ပြည့်အောင် မပွင့်ခဲ့ဘူး . . . . . လွမ်းတယ်ဆိုတဲ့ စကားလုံး မင်းနှုတ်က အကြိမ်ကြိမ်ပြောနေပေမဲ့ မင်းစိတ်က လေယူရာတိမ်း ယိမ်းနေခဲ့ပြီးပဲ . . . . . နီးစပ်တဲ့ သာယာမှု မင်း မက်မောနေခဲ့ပြီးပဲ . . . . . ကျောခိုင်းလိုက်ပါတော့ ကြယ်လေးရယ် . . . . . ငါ့ကို စကားလုံးတွေနဲ့ ထပ်မလှည့်စားပါနဲ့တော့ . . . မျက်ရည်တွေနဲ့ ထပ်မလှည့်စားပါနဲ့တော့ . . . နောက်ဆုံးတော့ တည်းတည်းလေးကျန်တဲ့ ငါ့ရင်ခွင်ဝင်ရိုး မင်းရိုက်ချိုးသွားခဲ့ပြီပဲ မင်းရိုက်ချိုးသွားခဲ့ပြီးပဲ . . . . . .

1 comment:

Unknown said...

မပွင့်တပွင့် အလင်းဖြောက်ဖြောက်ငြို့ချက်နဲ့
ငါ့အိမ်မက်ကြယ်တာယာမှာ
တစ်ပွင့်တည်း တောက်ပအောင်
မင်းငြို့ထားနိုင်ခဲ့ပြီပဲ . . . . .

သွားပါတော့ ကြယ်လေးရယ် . . . . .

ဒါပေမဲ့လည်း ကျွန်မအတွက်တော့ ခုထိ ထွက်သွားပါတော့လို့ မပြောရက်ခဲ့ဘူး။

လူကြည့်အများဆုံး စာတိုပေစများ