Thursday, May 6, 2010

ငါ နဲ့ ငါ့ လူ

.

တွေဝေမှုတွေ မိုးလောက်ကြီးနေတယ်

ငါ မဟုတ်တဲ့ ငါ့ လူ ။

ဒီလမ်းကို ငါနင်းခဲ့တယ် . . . .

ဘုရင့်နောင်က ဖောင်ဖျက်တယ်

ဖောင်မပြောနဲ့

ပြန်လှည့်ဖို့

အနောက်မှာ ခြေရာတောင် ငါမချန်ခဲ့ဘူး ။

နောက်ဆုံး ရောက်လာတဲ့

သူယောင်မယ်ကိုမှ နတ်သမီးထင်တယ်

မှားမယ်လို့ ပြောလည်း

အတွေးတွေက သူ့ကို ပြန်သတ်နေတယ် ။

အရုပ်တစ်ရုပ်လို

ပြန်ပေးစတမ်း ကစားနေတာလား

ဆုံးဖြတ်ချက်ကို

ကိုယ်တိုင် ချခွင့်မရှိတဲ့ သားကောင်

မုဆိုးနှစ်ယောက်ကြားမှာ

ဆုံးဖြတ်ချက်တွေ မြှားအစင်းစင်းမှန်တယ် ။

မျှော်လင့်ချက်တွေ မြူလောက်သေးငယ်သွားတယ်

ငါ့ လူ မဟုတ်တဲ့ ငါ ။

လင်းခေတ်ဒီနို ( 6.5.10 )

11 comments:

ဆောင်းနှင်းရွက် said...

ဖတ်တော့ ဖတ်သွားတယ် ကိုဘငြား..

အမှန်အတိုင်းပြောရရင်
နားလည် သလိုလိုနဲ့
နားမလည် ဘူး ..
ဟုတ်တယ်လေ ..
ကဗျာဆိုတာ ခံစားချက်နဲ့ ရေးထားတာ
ရေးထားတဲ့ စကားလုံးတွေ နဲနဲမြင့်သွားရင်
လိုက်လို့ မမှီတော့ဘူး ..
((သဲသဲ ပဲ နှိမ့်နေလို့ နေမှာပါ))..ဟီးးဟီးး

မိုးခါး said...

ဟူးးး
မုဆိုးနှစ်ယောက်ကြားက သားကောင်ဖြစ်ရင်တော့ မစားသာပါလား ..း(
အဆင်ပြေပျော်ရွှင်နေဖို့ ဆုတောင်းပေးသွားတယ်ဟေ့ ..း)

နေ့ သစ် said...

အဖွင့် အပိတ်လေး ချိတ်ထားတာ အရမ်းမိုက်ပါတယ် ... ။

အတွေးအခေါ်အားကောင်းတဲ့ ကဗျာလေးတွေ စောင့်မျှော်အားပေးလျှက်ပါ အစ်ကို ... ။
ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

ညလင်းအိမ် said...

အရုပ်တစ်ရုပ်လို

ပြန်ပေးစတမ်း ကစားနေတာလား

ဆုံးဖြတ်ချက်ကို

ကိုယ်တိုင် ချခွင့်မရှိတဲ့ သားကောင်

မုဆိုးနှစ်ယောက်ကြားမှာ

ဆုံးဖြတ်ချက်တွေ မြှားအစင်းစင်းမှန်တယ် ။

ဗညားလင်းခေတ်ဒီနိုရေ ကဗျာရဲ့ အဓိပ္ပါယ်ကို ခံစားမိတော့ .... ဟင်းးးးးးးးးးးးးးးးးးးးးး
ကိုယ်ချင်းစာပါတယ် ...
သင့်လျော်တဲ့ လမ်းကြောင်းကို တွေ့နိုင်ပါစေ ...

မြတ်မွန် said...
This comment has been removed by the author.
Anonymous said...

နှစ်ခေါက်လောက်ပြန်ဖတ်လိုက်တော့ တော်တော်
တွေးအားကောင်းလွန်းတဲ့ စာရေးသူကို
ချီးကျုးမိရပါတယ်။ တဆက်တည်းမှာ
...မုဆိုးနှစ်ယောက်ကြားက သားကောင်
ငါ့လူကို ငါ ကယ်ထုတ်နိုင်ပါစေလို့ ...
ဆန္ဒပြုမိရင်း...
လေးစားစွာဖြင့်.....ခင်မာလာအောင်...:)

blackroze said...

လူဆိုတာမျှော်လင့်ချက်နဲ့ရှင်သန်နေကြတာလေ...
မျှော်လင့်ချက်ကိုဘာလို့သေးငယ်စေတာလဲ...

မိုးစက်အိမ် said...

မုဆိုးနှစ်ယောက်ကြားမှာ

ဆုံးဖြတ်ချက်တွေ မြှားအစင်းစင်းမှန်တယ် ။


မျှော်လင့်ချက်တွေ မြူလောက်သေးငယ်သွားတယ်

ငါ့ လူ မဟုတ်တဲ့ ငါ

အဆုံးသတ်လေးက သိပ်လှပတယ် ဗျာ . . .

Anonymous said...

ဆုံးဖြတ်ချက်လေးသနားပါတယ်။

Cameron said...

သူယောင်မယ်လေးရော...ဘယ်ရောက်သွားလဲ မောင်ဗညား...။

ခင်မင်စွာဖြင့်
မိုးငွေ့

Flower said...

မြူလောက်သေးသွားတဲ့ မျှော်လင့်ချက်လေးတွေ ပြန်လည် တောက်ပလာနိုင်ပါစေ..
မုဆိုး၂ယောက်ကြားက စစ်မှန်တဲ့ဆုံးဖြတ်ချက်တွေအမြန်ဆုံး ပေါ်ထွက်လာနိုင်ပါစေ..
ကဗျာလေးကို အတွေးများစွာနဲ့ ဖတ်သွားမိပါတယ်..

လူကြည့်အများဆုံး စာတိုပေစများ