Wednesday, April 28, 2010

မှတ်တိုင်

. ရင်ဘတ်တွေ တစ်ခြမ်းပြီး တစ်ခြမ်း ဖရိုဖရဲ ဆွဲဆုတ်ခံရတယ် . . . နှုတ်ဆက်သွားတာလား လက်လေး တစ်ချက်တောင် မပြခဲ့ဘူး . . . ငါ့မှာတော့ ပြန်လှည့်ကြည့်မလား ငေးရင်း မောရင်း . . . . လိမ့်ကျသွားတဲ့ မှန်ထဲက ငါ့ မျက်ရည်တွေ ငါ ကိုယ်တိုင် ပြန်နင်းချေတယ် ပြီးတော့ . . . . . . အနာအကျင်တွေနဲ့ ငါ့ကိုယ်ငါ မှန်ထဲ ပြန်နင်းချေတယ် . . . . လူမရှိ . . . . အမိုးမရှိ . . . . ခုံမရှိ . . . . ငါ့မှတ်တိုင် ဒီလိုနဲ့ သူ ကျော်သွားပြန်တယ် . . . . . လင်းခေတ်ဒီနိ ( 28.4.10 )

14 comments:

Cameron said...

အလဲ့...မှတ်တိုင်၃၁မှာ မိုးငွေ့က “တစ်”တဲ့ဗျ..။
ဗညားရေ...အဲဒါ မွေးနေ့အတွက် အမှတ်တရရေးတာလား...။

မှတ်တိုင်
လူမရှိ . . . .
အမိုးမရှိ . . . .
ခုံမရှိ . . . .
ဒီလိုနဲ့ မှတ်တိုင် နံပါတ် ၃၁
သူကျော်သွားပြန်တယ် . . . . .


ခင်မင်စွာဖြင့်
မိုးငွေ့

ဒဏ္ဍာရီ said...

ဒီလိုပဲ ဗညားရေ......... လူ့ဘ၀ကြီးမှာ နိမ့်တလှည့် မြင့်တလှည့်နဲ့ မမြင်ရတဲ့ ကံတရားတွေ ကြားထဲမှာ ဒီမှတ်တိုင်တွေ တစ်ခုပြီး တစ်ခုကို ကျော်လွန်လာခဲ့ရတာပဲပေါ့။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

chocothazin said...

မှတ်တိုင်ပါတယ်ဗျိုးးး။

ဗညားရေ ငါသာ အမှတ်မမှားဘူးဆိုရင် နင့်ရင်ဘတ် က ခဏခဏ ဆွဲဆုတ်ခံနေရသလားလို့ နော်။

khin oo may said...

မွေးနေ့လား ရှင်းရှင်းပြောမှပေါ့.ဒီကလူတွေက ခပ်ထုံထုံရယ်.
ဘာဘဲဖြစ်ဖြစ် Happy birthday

blackroze said...

အကိုဗညား...
31ဆိုတာအသက်လားဟင်..
မွေးနေ့အတွက်အမှတ်တရရေးတာလား..

khin oo may said...

တစ်ချို့ကလည်ူးအသည်းကွဲတာတဲ့..။။

~ဏီလင်းညို~ said...

ဗညား...... (ခ) လင်းခေတ်ဒိုင်နိုဆော.......

မွေးနေ့လား.......
ဘာမှလည်းမကျွေးပါလား......ညီလေး.......း)
ကဗျာလေးကိုခံစားမိတယ်..........
ဒါဘာဘဲဗျာ............။

ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

ပထကမဦးဆုံး ရောက်ဖူးခြင်းပါ ကိုဒီနို။ နာမည်က
ခေါ်ရတာ အားပါလွန်းတယ်။ :)ဗညားရှိန်ဆိုတော့လေ။
ကဗျာတွေအရမ်းကိုကောင်းလွန်းတယ်။
ကဗျာရူး ကျွန်မအတွက်ကတော့ မှတ်တိုင်သစ်
တစ်ခုတွေ့ သလိုပါပဲ ။:)
ဒါနဲ့ သူငယ်ချင်းတွေမေးနေကြသလိုပဲ
မွေးနေ့ လား။

ညလင်းအိမ် said...

အဟားဟား ရယ်ရတယ် အားလုံးပဲ ...
ကဗျာကို သေချာမဖတ်ကြဘူး ...
မောင်ဗညားလေး သနားပါဧ။် ... ကဗျာတောင် ပြန်ပြင်လိုက်ရတယ် ... တယောက်သောသူကတော့ နားလည်မှာပါ ... နားလည်ပါစေကွာ ...

Anonymous said...

တစ်ယောက်သောသူ တကယ်နားလည်ပါစေး)

thadarhline said...

ရပ်နေမှန်းမသိလို့ကျော်သွားတာဖြစ်ချင်ဖြစ်မယ်နော်.။
ရပ်မှန်းသိအောင်တော့လုပ်ရလိမ့်မယ်ထင်တယ်လင်းခေတ်
ရေ..။
ပျော်ရွှင်ပါစေ...
ခင်တဲ့
သဒ္ဓါ

မိုးစက်အိမ် said...

လင်းခေတ်ဒီနိုတစ်ယောက် မျက်ဝန်းပြတင်းပေါက်
ကတဆင့် မိုးစက် မိုးပေါက် တွေနဲ့ လမ်းလျောက်
နေတယ် ဒါပေမဲ့ သူလျောက်နေတာက မိုးရွာနေတဲ့
လမ်းမကြီးပေါ်မှာ ဘယ်အရာက မိုးစက်ပွင့်အစစ်တွေ
များလည်းဗျာ ဒါကိုတော့ တစ်ယောက်သူသာလျှင်
သိမြင်နိုင်လိမ့်မည်ဖြစ်ပါတော့သည် . . .

မိုးခါး said...

ဟင်းးးး
ကျော်သွားပြန်ပီလား ..
နင်က လှမ်းတားမှပေါ့ ..
အားတင်းထား သယ်ရင်းးးးး)

မြတ်မွန် said...

ဟာလာဟင်းလင်းနဲ့
အထီးကျန်တဲ့
မှတ်တိုင်းလား..

ပျော်ရွှင်ပါစေ..ကိုဗညားရေ:)

လူကြည့်အများဆုံး စာတိုပေစများ