Wednesday, June 30, 2010

ချိတ်ဆွဲ မထားတဲ့ ဒိုင်ယာရီ

.

နေ့ရက်တွေ နံရံပေါ်မှာ

အတိအကျ ချိတ်ဆွဲမထားဘူး

လက်တွဲရမည့် အချိန်တွေ

ခပ်ပါးပါး ဒိုင်ယာရီထဲ

ညှပ်သိမ်းထားရတော့မယ် . . . . .

ကမ္ဘာတစ်ခြမ်းစီမှာ

ရင်ဘတ်တစ်ခြမ်းစီဆိုပေမဲ့

ဝင်ရိုးစွန်း အလယ်မှာ

ငါတို့ နှလုံးသားတွေထပ်တူကျလို့

အနားသတ်တွေ ညီခဲ့ဖူးတယ် . . . . .

နှုတ်ထွတ် စကားလုံးလေး

တစ်လုံးတည်းပါပဲ . . .

ဘ၀ကို စင်္ကြာဝရာကြီးလောက်

ခမ်းနားသွားစေနိင်သလို

ပင်လယ်ကြီးလောက်လည်း

နက်ရှိုင်းသွားစေနိင်တယ် အိမ့်ဖြူ . . . . .

ငါရေးတဲ့ အလွမ်းကဗျာမှာ

ဇာတ်လမ်းတွေ မပါဘူး

သံယောဇဉ် အတုတွေ မပါဘူး

အစားထိုးချစ်ခြင်းတွေ မပါဘူး

ကုန်ကြမ်းတွေ မပါဘူး

" အနှစ် " ဆိုတဲ့ စကားလေးပဲ

ရင်ခုံသံတွေ ထပ်အောင် ပါခဲ့တယ် . . . . .

မင်းမရှိတဲ့ ဒိုင်ယာရီမှာ

ငါ့ လက်တွေ ဆက်မရေးတော့ဘူး

ထုံအနေတဲ့ ရင်ဘတ်ကြီးနဲ့

အနာဂတ်တွေ

ကာရံမဲ့အလွမ်းနဲ့ ဆက်လျှောက်ရဦးမှာပေါ့ . . . . . . .

မင်းအတွက် မက်ထားတဲ့ ရွှေသားအိမ်မက်

ဖွင့်ထားတဲ့ ရင်ဘတ်ထဲက သံယောဇဉ်

သွန်ချလိုက်တဲ့

အလွမ်း တစ်စက်ခြင်းစီနဲ့ ဒီကဗျာ . . .

နာကျင်စွာနဲ့ ငါသွန်းဆစ်ခဲ့တယ် အိမ့်ဖြူ . . . . .

လင်းခေတ်ဒီနို ( ၃၀.၆.၁၀ )

15 comments:

နေ၀သန် said...

ကြွင်းကျန်ရစ်သော ခံစားချက်တွေမှ ပေါက်ဖွားလာသော စကားလုံးတွေပေါ့...။ ကင်းကင်းမေ့သွားမှာ မဟုတ်ပေမယ့် တနေ့နေ့တော့ အခုခံစားရတာထက် တဖြည်းဖြည်းလျော့ပါးသွားပါလိမ့်မယ်.. ကိုဗညား...။


ခင်မင်တဲ့
နေ၀သန်

သဒ္ဓါလှိုင်း said...

လင်းခေတ်ရေ..
ကဗျာထဲမှာခံစားမှုတွေပါဝင်နေတယ်..။စစ်မှန်ခဲ့ရင်
လက်တွဲနိုင်တဲ့သူတွေဖြစ်လာမှာပါနော်..။
ချစ်တဲ့သူနဲ့ဆုံဆည်းနိုင်ပါစေ...
ခင်တဲ့
မသဒ္ဓါ

linn said...

ဗညားရေ ..
မျှော်လင့်ချက်တွေ ပြည့်ပါစေ ..
ခင်မင်စွာဖြင့် ..
လင်း

မြတ်မွန် said...

မျှော်လင့်ရင်း ရူးနေရတာ ရင်မောစရာပါပဲ။

Anonymous said...

ပျော်ပါစေ သူငယ်ချင်း ..း)

မိုးခါး

ပန်းနုနှင်းဆီ said...

မျှော်လင့်ချက်ဆိုတာ ဘယ်ခါမှကုန်ခမ်းမသွားတဲ့ ပင်လယ်ရေနဲ့ တူပါတယ်
ကဗျာလေးကို ခံစားရတယ်..

ခိုင်နုငယ် said...

မျှော်လင့်သောလက်တစ်စုံနှင့်
ခရီးလမ်းပြီးပြည့်စုံစွါလျှောက်လှမ်းနိုင်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ချိန်မှာ ဒိုင်ယာရီလေး ပြန်ဆက်ရေးနိုင်ပါစေ..
ခံစားချက်ပါတဲ့ကဗျာက ဆားခတ်ထားတဲ့ ဟင်းတစ်ခွက်နဲ့တူပါတယ်.. အနှစ်သာရအပြည့်နဲ့..

အနှိုင်းမဲ့ said...

မရှိတဲ့ ဒိုင်ယာရီမှာ..ငါ့လက်တွေဆက်မရေးတော့ဘူး..
နတ်ဆိုးကြီးရေ..ရေးသမျှ ရင်ကိုထိနေတော့..
ခိုက်တယ်ဟာ...(ကဗျာတွေကိုပြောတာနော်) :)

blackroze said...

ကမ္ဘာတစ်ခြမ်းစီမှာ

ရင်ဘတ်တစ်ခြမ်းစီဆိုပေမဲ့

ဝင်ရိုးစွန်း အလယ်မှာ

ငါတို့ နှလုံးသားတွေထပ်တူကျလို့

အနားသတ်တွေ ညီခဲ့ဖူးတယ် . . . . .

..............

ပေါင်းဆုံပါစေလို့ဆန္ဒပြုပါတယ်
အကိုဗညားရေ...

ညလင်းအိမ် said...

နှုတ်ထွတ် စကားလုံးလေး
တစ်လုံးတည်းပါပဲ . . .
ဘ၀ကို စင်္ကြာဝရာကြီးလောက်
ခမ်းနားသွားစေနိင်သလို
ပင်လယ်ကြီးလောက်လည်း
နက်ရှိုင်းသွားစေနိင်တယ် ...


အရူးတစ်ယောက်လိုလည်း
သေဆုံးသွားစေနိုင်တယ် ဗညားရေ ...

ဒီကဗျာက တွန်းအားဖြစ်စေမှာပါ ...
ကဗျာ အရေးကောင်းတဲ့ ဗညားရေ ...

ဆင်တဲကဖေး said...

ကာရံမဲ့အလွမ်းနဲ့ ဆက်လျှောက် ရဦးမှာပေါ့ 
မျှော်လင့် နေတဲ့ ပန်းတိုင်မှာ
ပျော်ရွင်ခြင်းသံစဉ်တွေ ကခုန်လို့ 
စောင့်ကြိုနေတယ်လေ...

Cameron said...

အော်...မောင်ဗညား မောင်ဗညား ခုထိ အလွမ်းတွေနဲ့ ပြည့်သိပ်နေဆဲပါလား...။ ဘာပဲဖြစ်ဖြစ် ရင်တွင်းကအနှစ်မို့ ကဗျာကတော့ ကောင်းမြဲ ကောင်းဆဲပဲ...။

ခင်မင်စွာဖြင့်
မိုးငွေ့

zue said...

လွမ်းနေတုန်းပဲလား.. ဗညားရေ.. ကြာလာပေမယ့် နေသားမကျဘဲ ထ ထ သောင်းကျန်းတတ်တာ အမှတ်တရတွေက ပေးတဲ့ အလွမ်းတွေပဲ....

ဇူး

မိုးဇက် said...

ခိုက်တယ်ဗျာ ၊ ကမ္ဘာတစ်ခြမ်းဆီမှာ......မိုက်တယ် ဗီညား

လူကြည့်အများဆုံး စာတိုပေစများ