Monday, July 5, 2010

" ဈာပန "

.

ငရဲ . . . . .

ခြေတစ်ဖက်ချရုံနဲ့

အနီရောင်တွေ ကခုန်နေတယ်

ပြာလဲ့လဲ့ အစွယ်အဖျားတွေနဲ့

ငါ့ရင်ကို ရစ်ပူဇော်တော့မယ်

ဝါးမြိုပစ်လိုက်စမ်းဘာာာာာာ ………………

ရင်ဘတ်တစ်ခုလုံး

ခါးတူးမည်းနက် သွားရင်တောင်

ဘ၀တွေက မင်းစိတ်နဲ့ ကျွတ်မှာမဟုတ်ဘူး ။

ကမ္ဘာ . . . . .

အင်္သချေနဲ့ ချီအောင် လွမ်းတယ် . . . . . . . . .

နတ်ဆိုးတစ်ကောင်ရဲ့ အိမ်မက်တွေကို

ဝင်ပူးနေတဲ့ နတ်သမီး . .

သွေးနဲ့ ထုတဲ့ ရာဇ၀င်မှာ

မင်းမပါရင်

ငါ့ သက္ကရာဇ်ကိုတောင်

ကျောက်ချထားချင်တယ် . . . . . .

သေဆုံးခြင်း မနက်ဖြန်ကို

အိပ်ကပ်ထဲ သပ်သပ်ရပ်ရပ်ထည့်

ရက်စွဲမပါတဲ့ ပြက္ခဒိန်ကို ချိတ်

ခြေရာတစ်စုံ ထင်ကျန်ရစ်တဲ့

နှလုံးသားကို မြေချရင်း

နတ်ဆိုးရဲ့ လမ်းတို လမ်းစတွေဟာ ဈာပနတွေနဲ့ . . . . . .

လင်းခေတ်ဒီနို ( 5.7.10 )

17 comments:

Cameron said...

မောင်ဗညားအလွမ်းကတော့ ဂရင်းနစ်စံတင်လောက်တယ်
ကမ္ဘာအင်္သချေနဲ့ ချီအောင်လွမ်းတယ်...တဲ့
ဈာပနတွေနဲ့ နတ်ဆိုးရဲ့လမ်းတိုလမ်းစတွေကို လာကြည့်သွားတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

အနှိုင်းမဲ့ said...

အန်တီ မိုးငွေ့ပြောသလိုပဲ..
နာလဲ လာကြည့်သွားတယ်... :)

သဒ္ဓါလှိုင်း said...

ကဗျာလေးကအမြဲတမ်းလှပသပ်ရပ်စွာနဲ့အလွမ်းလေးတွေ
ကြွေကျနေသလိုပါပဲဗညားရေ..။
ခံစားဖတ်သွားပါတယ်နော်...။

ခင်တဲ့
မဒါ

sosegado said...

ဖတ်ရင်းကျက်သီးထသွားတယ်၊

ညလင်းအိမ် said...

ဟားဟား ဈာပနတဲ့ ...
အဲလောက်လည်း မဟုတ်သေးပါဘူး ... ငါ့ညီရယ် ..
ခံစားပြီး ပေါက်ကွဲထားပုံရတယ် ...း)))

blackroze said...

အချစ်တွေအကုန်လုံးကို
မြှုပ်နှံလိုက်ပြီဆိုပါတော့..
ကိုဗညားရေ...
ချစ်သာချစ်..မလွမ်းစေနဲ့တော့..

ခိုင်နုငယ် said...

ကဲ...ကိုဗညားရေ..
ဈာပနပွဲလာကြည့်သွားတယ်။
ဒါနဲ့...နတ်သမီးကဘယ်အရပ်ဆီ
ခရီးထွက်သွားတာလဲဟင်..

ခင်မင်စွါဖြင့်
ခိုင်နုငယ်

linn said...

ဗညားရေ ...

အလွမ်းသေတွေ ဖြစ်သွားတာပေါ့ ..ဟုတ် ...

ခင်မင်စွာဖြင့် ...
လင်း

ယွန်း said...

ကဗျာလေးလာခံစားပါတယ်..ရေးတတ်ပါ့
အရမ်းကြိုက်တယ်..အားပေးလျှက်..

ခင်တဲ့
ယွန်း

ahphyulay said...

မင်းမပါရင် သက္ကရာဇ် တွေ တောင် ကျောက်ချ
ထား ချင် တယ် .. အဲ့ ဒီ အဖွဲ့  လေး ကို
အပြန်ပြန် အလှန်လှန် နားလည်နေရက်နဲ့  ခပ်ကြာကြာ
ရပ်ပြီး ခံစား နေခဲ့ မိတယ် ဗျာ..၊
ထိ သွား တယ် ဟာတ်(ဒ) ကိုလေ..။

အင်ကြင်းသန့် said...

အမလေး ဗညားရယ် ဖတ်ရတာကျောတောင်ချမ်းသွားတယ်....

သုခုမလေဒီ said...

ရိုက်ချက်ကတော့ ပြင်းတယ် ..

Anonymous said...

Valuable information and excellent design you got here! I would like to thank you for sharing your thoughts and time into the stuff you post!! Thumbs up

-

Anonymous said...

Great article! I just saw these at Target the other day and was impressed. Your review answered the questions I had about the seats - now I just need to scrape together the cash! Ouch!

- Abbie DRIGGERS

Anonymous said...

[url=http://www.freewebs.com/trazodone-buy]buy desyrel 50 mg
[/url]

Anonymous said...

[url=http://www.freewebs.com/duloxetine-online/]duloxetine buy online
[/url] what is duloxetine hydrochloride
efeitos colaterais cymbalta 60mg
xeristar y embarazo

Anonymous said...

[url=http://buy-methylprednisolone.webspawner.com/]medrol indications
[/url] methylprednisolone 4mg used
methylprednisolone z pak
cadista 4 mg used

လူကြည့်အများဆုံး စာတိုပေစများ