Friday, August 6, 2010

တစ်ခေတ် တစ်ယောက်လူ

. ကဗျာတို့ရဲ့ အရှင်သခင် . . . . မြင်းဖြူခြောက်ကောင်သော့တဲ့ ရထားလုံးနဲ့ သံသရာ လောကကြီးထဲ သူ ခရီးတစ်ခေါက် ထွတ်သွားခဲ့ပြန်ပြီ ။ နေတွေ လတွေတောင် မှိန်လို့ ကြယ်တွေ ညတွေတောင် ငိုခဲ့ကြရ ။ တာရာ မရှိတဲ့ စကားလုံးကျွန်း အသက်သေမသွားတဲ့ ကဗျာ ချန်ခဲ့တဲ့ နက္ခတ်ရစ်သမ် အပိုင်းပိုင်း အစစ ကွဲကြေနေတဲ့ တေးသွား တွေအောက် ၀ိညာဉ်ရိုင်းတွေ မျက်ရည်နဲ့ ကခုန်နေကြဦးမယ် ။ အက္ခရာကို တေးသွားတစ်ပုဒ်လို သီဆိုခဲ့သူ ဘ၀ကို ခပ်ကြမ်းကြမ်း အဖန်ရည်တစ်ခွက်လို မော့သောက်ခဲ့သူ အထီးကျန်ခြင်းကို ကျောပိုးအိတ်တစ်အိတ်လို လွယ်ထားခဲ့သူ ။ နောက်ဆုံး . . . နောက် . . . ဆုံး . . . နှုတ်မဆက် လက်မပြပဲ သူ့ကြယ်သူ ခပ်ဆိတ်ဆိတ်ခြွေခဲ့တယ် ။ ကြယ်စင်တွေ အပြိုင်းပြိုင်း ပြိုလဲ မီးတောက် ရစ်သမ်တွေအောက်မှာ ကောင်းကင်ကိုမော့ပြီး အိပ်မက်တွေ ငိုခဲ့ကြရ ။ တစ်ခေတ် တစ်ယောက် ငါတို့ ရင်ဘတ်ကြားက နှင်းဆီဓားသွား သူ ဆွဲနုတ်သွားခဲ့ပြီး ။ ( ဆရာတာရာမင်းဝေ သို့ ) လင်းခေတ်ဒီနို ( ၆ . ၈ . ၁၀ ) .

19 comments:

ခိုင်နုငယ် said...

နောက်ဆုံး . . .
နောက် . . . ဆုံး . . .
နှုတ်မဆက် လက်မပြပဲ
သူ့ကြယ်သူ ခပ်ဆိတ်ဆိတ်ခြွေခဲ့တယ် ။

ကဗျာဆရာတွေလိုက်လို့ကိုမမှီဘူး:) :)
ချို့စကားလုံးတွေနားကြနားမလည်ဘူး။
ကိုဗညား:) :)

ခင်မင်စွာဖြင့်
ခိုင်နု

မေပယ်လ် said...

ဆရာဘုန်းကို ချစ်တဲ့သူချင်း
အကိုက တစ်မူးသာသွားတယ်..

နေ၀သန် said...

မလိုက်နိုင်ဘူး.. ဥာဏ်မမီဘူး... :D..


ခင်မင်တဲ့
နေ၀သန်

Cameron said...

စကားလုံးအသုံးအနှုန်းတွေကတော့ တကယ်လိုက်မမီတာပါ....ကောင်း၏ ဆရာ့အတွက် ရည်စူးတဲ့ ကဗျာ ....
သုံးနှစ်ပြည့်သွားပြီနော်...။

ခင်တဲ့
မိုးငွေ့

vampire said...

အစ်ကို ဗညား

"ငါတို့ ရင်ဘတ်ကြားက
နှင်းဆီဓားသွား
သူ ဆွဲနုတ်သွားခဲ့ပြီး ။ "

ညီမလေး နောက်ဆုံးအပုဒ်ကို ကန့်ကွက်တယ်။

အင်း ... ဒါပေမယ့် အစ်ကိုဗညားမှန်တော့မှန်ပါတယ်။
ဓားသွားကိုသာ ဆွဲနုတ်သွားခဲ့တာ ... ကျန်ခဲ့သတဲ့သူအတွက် တစ်နှစ်တစ်ခါတော့ ဒဏ်ရာဟောင်းက ပြန်ပြန်နာကြရဦးမှာပါ။

vampire

ကိုဇော် said...

သတိတရ အမှတ်တရ ရေးတဲ့ ကဗျာကောင်းလေးပါပဲ။

*** အခု ဗညားရေးထားတဲ့ ကဗျာကို နားလည်ဖို့ ဆိုတာ ဆရာ တာရာမင်းဝေ ကဗျာ ၊ စာတွေကို ဖတ်ထားဖူးမှ နားလည်နိုင်ပါလိမ့်မယ်။ သူက အဲဒီက စကားလုံးတွေကို ယူသုံးထားတာပါ။ ***

johnmoeeain said...

စကားလုံးတွေက ချစ်ခင်မြတ်နိုးမှုနဲ့ ကြေကွဲတမ်းတမှုတွေ ထုံမွှန်းနေတယ်...။ နောက် သူ့စာတွေကို ရင်ဘတ်ထဲ ဘယ်လောက်ထားခဲ့တယ်ဆိုတာကိုရောပေါ့။ ဟုတ်တယ်ဟုတ်....။

မိုးစက်အိမ် said...

ဆရာတာရာမင်းဝေ ကောင်းရာဘုံဘ၀မှာ
ရောက်ရှိနေနိုင်ပါစေသားဗျာ . . .

Anonymous said...

ဖတ်တော့ ဖတ်တာပဲ ..
နား မလည်ဘူးး ... :D


ခင်မင်လျှက်
ဆောင်းနှင်းရွက်

ညလင်းအိမ် said...

ကျွန်တော့ကတော့ ဆရာအတွက် ကဗျာမေ၇းဖြစ်ပဲ ဆရာရေးတဲ့ ကဗျာတွေကို တစ်ညလုံး ဖတ်ခဲ့မိတယ်ဗျ ...
ဆရာမ မနော်ဟရီဆီက အမှတ်တရ ထုတ်ထားတဲ့ ကဗျာစာအုပ်လေးပါ ဒေါင်းပြီး ဖတ်လိုက်မိတယ် ...

အင်ကြင်းသန့် said...

ဖတ်သွားတယ် ဗညားရေ....ဖတ်လို့တော့ကောင်းတယ် ဒါပေမယ့်တုံးတယ်လို့ပြောချင်လည်းပြောတော့ သိပ်လိုက်လို့မမီဘူး။ :)

blackroze said...

ရင်ဘတ်ကြားကနှင်းဆီဓားသွား
သူဆွဲနှုတ်သွားခဲ့ပြီး..........

ဆိုပေမဲ့...ရင်ဘတ်မြောက်မြားစွာ
ထဲမှာတော့..ကဗျာတေးသွားတွေသူ
ထည့်ပေးခဲ့ပါတယ်....

ယွန်း said...

တချို့ နေ၇ာတွေ လိုက်မမီဘူးးဒါပေမဲ့ ဖတ်လို့ ကောင်း၏

ခင်တဲ့
ယွန်း

သုခုမလေဒီ said...

အက္ခရာကို တေးသွားတစ်ပုဒ်လို
သီဆိုခဲ့သူ
ဘ၀ကို ခပ်ကြမ်းကြမ်း အဖန်ရည်တစ်ခွက်လို
မော့သောက်ခဲ့သူ
အထီးကျန်ခြင်းကို ကျောပိုးအိတ်တစ်အိတ်လို
လွယ်ထားခဲ့သူ ။

နောက်ဆုံး . . .
နောက် . . . ဆုံး . . .
နှုတ်မဆက် လက်မပြပဲ
သူ့ကြယ်သူ ခပ်ဆိတ်ဆိတ်ခြွေခဲ့တယ် ။

အဲဒီနေရာလေး အရမ်းကောင်းတယ်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာ့ရဲ့ဝတ္ထုတိုတွေအားလုံးနီးပါးနှစ်သစ်သဘောကျတယ်..
ဆရာ့လိုက်ရာမျိုး ဖတ်ချင်ရင်တောင် မလွယ်တော့ဘူး
ဆရာကောင်းရာဘုံဘ၀မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ

သဒ္ဓါလှိုင်း said...

အမှန်တရားကိုချစ်မြတ်နိုးတဲ့ဆရာ..
ကောင်းရာဘုံဘ၀မှာရောက်ပါစေ..။
ဆရာ့အတွက်ရေးထားတဲ့ကဗျာလေးကလည်းကောင်းတယ်
ဗညားရေ...။

ခင်တဲ့
မဒါ

ကိုကိုးအိမ် said...

မော်ဒန်ကဗျာဆိုရင် သိပ်အဓိပါယ်မဖော်တတ်ဘူးဗျ။ ဒါပေမယ့် သုံးထားတဲ့ အသုံးအနှုန်းလေးတွေ အရမ်းကောင်းတယ်။နက္ခတ်ရစ်သမ်တို့ မီးတောက်ရစ်သမ်တို့ နှင်းဆီဓားသွားတို့ ကြယ်စင်တွေ အပြိုင်းပြိုင်းတို့ဆိုတာ အရမ်းဖတ်လို့ကောင်းပါတယ်။

ခင်မင်လျှက်
ကိုကိုးအိမ်

Maung Myo said...

ဆရာ့ အကြောင်းကို ဖွင့်ပြသွားတာ အရမ်းဖတ်လို့ကောင်းတဲ့ ကဗျာတစ်ပူဒ်ပါ ။

ငြိမ်းစိုးဦး said...

တစ်ခေတ် တစ်ယာက် အတွက် တမ်းချင်း ...
နောက်လူတွေအတွက် မှတ်တမ်းတစ်ခု ...
လှပစွာ ညိတွယ်ခဲ့ပါတယ် ...
ငြိမ်းစိုးဦး

လူကြည့်အများဆုံး စာတိုပေစများ