Wednesday, July 28, 2010

အငွေ့ပျံသွားတဲ့ စကားလုံး

. ကောင်းကင်ကြီးလည်း နေမသာဘူး ပင်လယ်ကြီးလည်း မည်းမှောင်မနေဘူး မီးပြတိုက်ကြီးလည်း လင်းခြင်း လို့ နတ်ဆိုးရဲ့ တောင်သေလာမှာ မိုးကြိုးတွေ တစ်ပွင့်နှစ်ပွင့် ပွတ်တိုက် ရှိုက်နမ်းသွားတယ် ။ ချစ်ခြင်းကိုမှ တပ်မက်မိသူကို လူမိုက်တဲ့လား ဘာဖြစ်လဲ . . . မိုက်ရဲမှတော့ မင်းကိုချစ်မိတာ ဆန်းသလားကွာ ။ ငါ . . . ကြေကွဲနေတာမဟုတ်ဘူး ကွဲ ကြေ ထွတ်သွားတာ . . . ။ ဘယ်လိုလုပ်ရမလဲ . . . ပြန်ဆက်မရတဲ့ ပန်းသီးတစ်လုံးကို အိပ်မက်တွေနဲ့ ပြန်ကပ် မဖွင့်ထားတဲ့ ပြတင်းဝမှာ အလွမ်းတွေ ချုသံကြားအောင် ငါချိတ်ဆွဲထားမယ် ။ စကားလုံး တစ်လုံးနှစ်လုံး အငွေ့ပျံရုံနဲ့ အိပ်မက်တွေ စုန်းစုန်းတောက် ပြာကျသွားတယ် ဘယ်တတ်နိုင်ပါ့မလဲ အငွေ့မသေသေးတဲ့ ဒဏ်ရာတွေ ဖုတ်ဖက်ခါ သိမ်းဆည်းလို့ အလွမ်းမြို့တော်ထဲ ခြေကျင်လျှောက် ငါဝင်ခဲ့တယ် ။ လင်းခေတ်ဒီနို ( 28.7.10 , 10း00 AM )

21 comments:

Anonymous said...

ငါ . . . ကြေကွဲနေတာမဟုတ်ဘူး
ကွဲ ကြေ ထွတ်သွားတာ . . . ။

ဘယ်လိုလုပ်ရမလဲ . . .
ပြန်ဆက်မရတဲ့ ပန်းသီးတစ်လုံးကို
အိမ်မက်တွေနဲ့ ပြန်ကပ်
မဖွင့်ထားတဲ့ ပြတင်းဝမှာ
အလွမ်းတွေ ချုသံကြားအောင်
ငါချိတ်ဆွဲထားမယ် ။

စကားလုံး တစ်လုံးနှစ်လုံး အငွေ့ပျံရုံနဲ့
အိမ်မက်တွေ စုန်းစုန်းတောက် ပြာကျသွားတယ်

ကောင်းလိုက်တဲ့ စားသား ထိတယ်ဗျို့ 

Cameron said...

စကားလုံးတွေသာအငွေ့ပျံသွားတာ
အငွေ့မသေသေးတဲ့ ဒဏ်ရာတွေ
ဖုတ်ဖက်ခါ သိမ်းဆည်းလို့
အလွမ်းမြို့တော်ထဲ
ခြေကျင်လျှောက် ငါဝင်ခဲ့တယ်...

ခင်မင်စွာဖြင့်
မိုးငွေ့

~ဏီလင်းညို~ said...

ဗညားရေ့......

ကဗျာလေးမိုက်တယ်.....။
စကားလုံးတွေရော...ခံစားမှုအားရောကောင်းတယ်ဗျာ.....။
(ကဗျာအဆုံးသတ်မှာ ငိုင်သွားတယ်ဗျ....း)

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

ခိုင်နုငယ် said...

ဒီနတ်ဆိုးကြီးလည်း..ခုထိ
အလွမ်းမြို့တော်ထဲ
ခြေကျင်လျှောက်နေတုန်းပါလားကွယ်။:) :)

“ငါ . . . ကြေကွဲနေတာမဟုတ်ဘူး
ကွဲ ကြေ ထွတ်သွားတာ . . . ။
ဘယ်လိုလုပ်ရမလဲ . . .
ပြန်ဆက်မရတဲ့ ပန်းသီးတစ်လုံးကို
အိမ်မက်တွေနဲ့ ပြန်ကပ်
မဖွင့်ထားတဲ့ ပြတင်းဝမှာ
အလွမ်းတွေ ချုသံကြားအောင်
ငါချိတ်ဆွဲထားမယ် ။”
ဂွတ်တယ်..ကိုဗညား

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ချူသံကြားအောင် လွမ်းပြနေတာတောင် ကြားစေချင်သူက မကြားသေးဘူးလား
တခါတလေတော့လဲ စကားလုံးတွေ မပါဘဲလဲ စကားတွေ ပြောနိုင်တာမျိုး ရှိပါသေးတယ်
ရင်ဘတ်ချင်းတူရင် နားလည်ခံစားပေးပါလိမ့်မယ်..
ခြေကျင်လျှောက်နေတဲ့ အလွမ်းမြို့တော်ထဲက ရုန်းထွက်နိုင်ပါစေ ။

မြစ်ကျိုးအင်း said...

ကဗျာလေးဖတ်ပြီး ထပ်တူ ခံစားသွားမိတယ်ဗျာ..
ကျွန်တော်လည်း စကားလုံးတွေ ပျောက်ဆုံးနေခဲ့တယ်..

အနှိုင်းမဲ့ said...

နတ်ဆိုးကြီး ခြေလျင်လျှောက်ပြီးတော့ တော့သွားမနေနဲ့
ပိုခံစားရမှာစိုးလို့..ခြေလှမ်းနှေးလေ ပိုခံစားရလေပဲ။
အဲဒါကြောင့် Taxiသာ ငှားသွား...

ကိုဇော် said...

အလွမ်းဆိုတဲ့ ချူသံလေးကို နည်းနည်းလောက်တော့ အခွင့်ရှိရင် လှုပ်ပြချင်မိပါရဲ့....

မိုးစက်အိမ် said...

အလွမ်းမြို့ တော်ထဲ စာသီးကုံးတဲ့ကဗျာ
လုံးလေးတွေနဲ့ အလွမ်းမြို့ တော်ထဲ
ခြေကျင်လျောက် ပြီးဝင်ခံစားသွားပါတယ်ဗျာ

မေပယ်လ် said...

နတ်ဆိုးရဲ့ တောင်သေလာမှာ..
လှတယ်ဗျ...
အဲဒီအတွေးလေး ထွေခင်းလို့
ကစားလိုက်ချင်ပါရဲ့...
အားပေးသွားပါတယ်..
ဆက်လက်အောင်မြင်ပါစေ

နေ၀သန် said...

ငါကြေကွဲနေတာမဟုတ်ဘူး
ကွဲကြေထွတ်သွားတာ...

သိပ်ကြိုက်တယ်
အဲဒါလေးကို...

ခင်မင်တဲ့
နေ၀သန်

blackroze said...

ကိုဗညားရေ...
အလွမ်းမြို့ထဲတော့ခြေကျင်လျှောက်မသွားပါနဲ့လေ...
အလွမ်းမြို့ထဲကသာခြေကျင်လျှောက်ထွက်ခဲ့ပါတော့...
တခါတခါ...အချစ်ဆိုတာမချစ်ဘဲ...
ပစ်ထားလိုက်ရတယ်လို့တော့ကြားဖူးတာဘဲ

ညလင်းအိမ် said...

ဟောဗျာ ... စကားလုံးတွေတောင် အငွေ့ပျံသွားပြီတဲ့လား ... ရေးချက်က လန်ထွက်နေတာပဲ ....

တော်ပြီဗျာ ... အလွမ်းကဗျာ မရေးတော့ဘူး ... သူတို့တွေက ရေးတာ တော်လိုက်တာ ...း(

တူက အလွမ်းမြို့တော်ထဲ ခြေကျင်လျောက်ပြီးဝင်တယ်တဲ့ ...
အနော်က ဒရွတ်တိုက်ဆွဲပြီးကို ၀င်တာ ...း(

သဒ္ဓါလှိုင်း said...

အငွေ့ပျံသွားတဲ့စကားလုံးတွေကိုတယောက်သောသူက
ဖမ်းဆုပ်ထားနိုင်ပါစေနော်..။

ခင်တဲ့
မဒါ

ယွန်း said...

အလွမ်းကဗျာတွေ ရေးတတ်လိုက်တာ..
လန်ထွက်နေတာပဲ...

”ဘယ်တတ်နိုင်ပါ့မလဲ
အငွေ့မသေသေးတဲ့ ဒဏ်ရာတွေ
ဖုတ်ဖက်ခါ သိမ်းဆည်းလို့
အလွမ်းမြို့တော်ထဲ
ခြေကျင်လျှောက် ငါဝင်ခဲ့တယ် ။”

ဆိုတာလေး ကြိုက်တယ်


ခင်တဲ့
ယွန်း

အင်ကြင်းသန့် said...

ဟုတ်တယ်...အတူတူပဲ။ ပြန်ဆက်မရတဲ့ ပန်းသီးတစ်လုံးကို
အိမ်မက်တွေနဲ့ ပြန်ပြန်ကပ်နေမိတယ်။း(

သော်ဇင်စိုး said...

မိုက်ရဲလို့ချစ်တာလေဗျာ.. အလွမ်းမြို့ထဲ ထာဝရဆိုလဲ နေရဲပါတယ်..
ပျော်၇ွှင်ပါစေဗျာ.....

vampire said...

အစ်ကိုဗညား

တိတ်ကလေး လာဖတ်တယ်။
တိတ်တိတ်ကလေး တွေးမိတယ်။ ဒါပေမယ့်
တိတ်တိတ်ကလေး ထွက်ခွါကာနီးမှ
နှုတ်ဆက်ချင်လိုလို နှုတ်မဆက်ဝံ့သလိုလို နဲ့
ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးမှ မန့်ချင်ရာကို
ခု မန့်မိပါသည်။

vampire

လင်းခေတ်ဒီနို said...

အွန် မယ်ဒီဒီ သရဲမလေး တိတ်တိတ်လေးလာပြီး တိတ်တိတ်လေး မန့်သွားတယ် . . . ညကြီးသန်ခေါင် သွားတာလာတာ သတိထားဟ ခုတလော ဒရက်ကူလာတွေ များနေတယ်း)) ဗန်ပိုင်းရားလောက်ကို ထန်းလျှက်နဲ့ တို့စားလိမ့်မယ်း))))

မဗေဒါ(၈၈) said...

ဟလို ကိုလင်းခေတ်..

ဒီကဗျာလေး အတော်သဘောတွေ့တယ်..။

ပုံလေးတွေနဲ့ဆိုတော့ ပိုသရုပ် ပေါ်သလို ခံစားရတယ်..။

မဗေဒါ (၈၈)

သုခုမလေဒီ said...

ကဗျာတွေ အရမ်းကောင်းတယ်..။
ခံစားမှုတွေပြင်းလို့လားမသိဘူး.. ကဗျာတွေထက်တယ်။

လူကြည့်အများဆုံး စာတိုပေစများ