Thursday, September 9, 2010

လူသေ

.

ဒုက္ခဆိုတာနဲ့ ယှဉ်ဖွားလာတဲ့ကောင် ။

ငါ့ အနား မလာကြနဲ့

ငါဆိုတဲ့ကောင်က ဒုက္ခပေးနေတဲ့ကောင် ။

ကိုယ့်ကြမ္မာကိုယ် ရာဇမတ်ပြန်ကာထားရတယ်

စိတ်တွေ ဖောက် ပြန် ရိုင်း စိုင်း

အရိုင်းတစ်ကောင်လောက်တောင် မယဉ်ကျေးဘူး ။

သွားကြစမ်း . .

ငါ့ဘေးနား ဘယ်ကောင်မှမလာနဲ့

ငါ ဆိုတဲ့ကောင်က နတ်ဆိုး

တစ်ကောင်တည်း ဂျို သွေးနေရမှ ကျေနပ်နေတဲ့ကောင် ။

မျက်ရည်တွေ ၊ ခံစားချက်တွေ ၊ နာကျင်မှုတွေ

အတ္တတွေ ၊ အလွမ်းတွေ ၊ အိမ်မက်တွေ

သေနေတဲ့ မျှော်လင့်ချက်တွေ

နောက်ဆုံး ငါ့ကိုယ်ငါတောင် သဂြိုလ်စက်ထဲ မီးမြိုက်ချင်နေတယ် ။

ငါဟာ အားလုံးကို အရှုံးပေးထားတဲ့ လူသေ ။

( ငါ အားလုံးကို အရှူံးပေးပါတယ် )

25 comments:

သုခုမလေဒီ said...

လူတိုင်းက ဒုက္ခချည်းပါ။ ကဗျာလေးလာခံစားသွားတယ် လင်းခေတ်(ခ)ဗညားရေ
အဆင်ပြေပျော်ရွှင်ပါစေ..။

သဒ္ဓါလှိုင်း said...

လူတိုင်းလူတိုင်းမတူညီတဲ့ဒုက္ခတွေဝိုင်းနေကြတာပါ..
အရေးကြီးတာကစိတ်မသေဖို့နော်.။

ခင်တဲ့
မဒါ

သိင်္ဂါကျော် said...

မျှော်လင့်ချက်တွေ သေသွားရင်တော့ လူသေ လို ဖြစ်သွားမှာပဲနော်.. မျှော်လင့်ချက်တွေ မသေစေနဲ့.. :)

နေ၀သန် said...

သူတို့ကဗျာတွေ တစ်နေ့ တစ်နေ့ဖတ်ရတာ မလွယ်ဘူး.. စိတ်အတော်ကြီးကြပုံပေါ်တယ်... နတ်ဆိုးမှန်းတော့သိပါတယ်..နဂိုကတည်းက..း)))

ခင်မင်တဲ့
နေ၀သန်

ShwunMi- said...

သေဆုံးပြီးတဲ့အခါ အသစ်တစ်ဖန် ပြန်မွေးဖွားဖို့ ဖြစ်လာတယ်.. ပြန်ရှင်သန်ချင်စိတ်က လူကို ဘယ်တော့မှ မသေချင်အောင် အခါခါသတ်တယ်..

မိုးယံ said...

ဒုက္ခဆိုတာနဲ့ ယှဉ်ဖွား တာ တဲ့ကောင် ။
(လာ များ ဖြစ်မလားလို့)
ကိုဗညာရေ အနော်က စာလုံးပေါင်းတွေ သိပ်မှားပေမယ့် ။ ပရိတ်သတ်များတဲ့ ကိုဗညားကို တော့ စေတနာပါ။


ကဗျာ ရေးနည်း သင်တန်းများ ကိုဗညာ ဖွင့်မယ်ဆိုရင်
တက်လိုက်ချင်သေးရဲ့

ငြိမ်းချမ်းပါစေ
မိုးယံ

ညလင်းအိမ် said...

လူက သေသွားမှတော့
ဘယ်သူ့ကိုမှ အရှုံးပေးစရာမလိုသလို ဘယ်သူ့ကိုမှ အနိုင်ပေးစရာ မလိုတော့ဘူး ....

ငြိမ်းချမ်းခြင်းဆိုတဲ့ ဘောင်ထဲမှာ
တို့အလွမ်းတွေလည်း ခ၀ါချ
အတ္တမာနတွေ မြေမြှပ်လိုက်မယ်
ယောင်လို့တောင် မတူးမိစေနဲ့
အဲဒီ မြေဆွေးမှာ ရှင်သန်မယ့် အပင်က
မစားကောင်းတဲ့ အပင် ...

အသစ်တဖန် ရှင်သန်ခွင့်ရရင်
အသက်မရှုတက်တဲ့ လူသားတစ်ယောက်
ဖြစ်ချင်ပါရဲ့ ...
အဲဒါဆို
ဘယ်သူ့ရှေ့မှောက် ဒူးထောက်စရာမလို
ကိုယ့်လက်မကိုယ်ထောင်
ကိုယ့်ထီးကိုယ့်နန်းနဲ့
လာသမျှ ၀ဲကမ်းလ်ပဲ ...။

blackroze said...

ကိုဗညားရေ
တခါတလေများလည်းအနိုင်ယူလိုက်ပါဦး..

johnmoeeain said...

ရှင်နေတဲ့ စိတ်နဲ့ သေနေတဲ့ ခန္ဓာ
သေနေတဲ့ စိတ်နဲ့ ရှင်နေတဲ့ ခန္ဓာ
ရပ်တန့်နေတဲ့ စိတ်တစ်ခြမ်းနဲ့
စီးဆင်းဆဲ တစ်စိတ်တစ်ခြမ်း နှလုံးသားစာမျက်နှာ..........။

အတွေးတွေ ဘယ်ချိန်မှ မသေဆုံးစေဖို့
စိတ်အင်အားတွေ ထာဝရ ရှင်သန်စေဖို့....!!!!!!!!

HAPPY GOOD LUCK & GOOD HEALTH bro!

အုပ်ကြီး said...

အရိုင်းတစ်ယောက်ရဲ့ အသည်း
အလုပ်လုပ်တယ်ဆိုရင်ပဲ ...
ယဉ်နေပါပြီဗျာ ...

ခင်မင်လေးစားလျှက်
အုပ်ကြီး

ချော(အစိမ်းရောင်လွင်ပြင်) said...

အရှုံးပေးတော့လည်း စိတ်အေးချမ်းတာပါဘဲ

Cameron said...

မောင်ဗညားရေ...ပျော်ရွှင်ပါစေ....အဲဒါပဲပြောချင်တယ်...

ခင်တဲ့
မိုးငွေ့

~ဏီလင်းညို~ said...

ဗညားရဲ့ကဗျာလေးဖတ်ပြီး.......တစ်ယောက်တည်းနေချင်တဲ့စိတ်တွေ...ပိုဖြစ်လာမိတယ်......။
တစ်ကယ်ပဲ.......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

ငြိမ်းစိုးဦး said...

အရှုံး ပေးနေသူ က နှိမ့်ချထားပြီးသားမို့ နောက်ထပ်နိမ့်စရာ မရှိတော့တာ သေချာပါတယ် ...
ငြိမ်းစိုးဦး

ဇူး said...

ဗညားရေ... လူသေရင်တောင် ကဗျာတော့ မသေနိုင်ဘူး ဟုတ်...း)

vampire said...

အစ်ကိုဗီညား,

ဘာတွေဖြစ်နေလို့လဲ။
အရှုံးမပေးပါနဲ့။
နတ်ဆိုးကြီးနော်။
အ "ဂွပ်" ခံရမယ်။
ဘာမှတ်လဲ။ ဟွင်းဟွင်း ဒီဒီး တဲ့ =)
ရယ်ပါ။

vampire

မြတ်မွန် said...

ဒီဒီးလိုပါပဲ ကိုဗညား..ဒီဒီးက ကျိန်းသွားတယ်နော်..ဟင်းဟင်းးးးးးး

may16 said...

ကဗျာလာဖတ်ပါတယ် ကိုဗညား အစစအရာ၂ အဆင်ပြေ ပျော်ရွှင်ပါစေရှင်

ဆွေလေးမွန် said...

အင်း ဘ၀ ဆိုတာ "ဘ" နဲ့ "၀" နဲ့ဆိုပေမယ့် လူတိုင်းလူတိုင်း
လိုက်လို့မမှီဘူးလေ။

Anonymous said...

ကိုဗညား။ ရောက်ပါတယ်ရှင်။ မရောက်ဖြစ်တာတောင်
တော်တော်ကြာသွားပြီ။ ...ခံစားချက်တွေ၊ ခံစားချက်တွေ။ ကဗျာလေးပဲ ဖြစ်ပါစေတော့။ မျက်ရည်တွေ၊ ခံစားချက်တွေ၊ နာကျင်မှုတွေ၊ အတ္တတွေ၊
အလွမ်းတွေ၊ အိမ်မက်တွေ၊ အားလုံးကို အတိတ်မှာ
မြေမြှုပ်ပြီး ရှင်သန်နေတဲ့ မျှော်လင့်ချက်များနဲ့ သာ လက်
တွေ့ ဘဝကို စာရေးသူ အစ်ကို အောင်မြင်စွာ ဖြတ်သန်း
နိုင်ပါစေလို့  ...ဆန္ဒပြုလျှက်.....ခင်မာလာအောင်..:)

ငြိမ်းစိုးဦး said...

ခဏ လူသေယောင် ဆောင်ကြည့် ပြီး ပြန်ရှင်ပါ
ရှင်သန်ခြင်း နဲ့ လူသားစစ်စစ် ဖြစ်ကြောင်းပြဖို့
လိုအပ်မယ် ထင်ပါတယ် ...
ငြိမ်းစိုးဦး

အင်ကြင်းသန့် said...

ဗညားရေ....ဘ၀တော့ သေမသွားပါစေနဲ့နော်။

နေမိုးဝေ said...

ကဗျာကကောင်းလွန်းပါတယ် ကိုဗညားရယ်။
အတွေးလည်းရဲတယ်၊ အရေးလည်းရဲတယ်။
ပထမ တစ်ပိုဒ် ဖတ်မိတော့ မျက်ခုံးတွန့်မိတယ်

“ကိုယ့်ကြမ္မာကိုယ် ရာဇမတ်ပြန်ကာထားရတယ်
စိတ်တွေ ဖောက် ပြန် ရိုင်း စိုင်း
အရိုင်းတစ်ကောင်လောက်တောင် မယဉ်ကျေးဘူး ။”

အဲဒီအပိုဒ်ရောက်တော့ မျက်လုံးပြူးသွားရော။

“ငါ ဆိုတဲ့ကောင်က နတ်ဆိုး
တစ်ကောင်တည်း ဂျို သွေးနေရမှ ကျေနပ်နေတဲ့ကောင် ။”

ဒီအပိုဒ် ကို ကဗျာ ရဲ့ အမြင့်ဆုံး tempo လို့ ထင်မိတာ

“နောက်ဆုံး ငါ့ကိုယ်ငါတောင် သဂြိုလ်စက်ထဲ မီးမြိုက်ချင်နေတယ် ။”
ဆိုပြီး ဟိုးအောက် ဆုံးကို ပြန်ခေါ်သွားတယ်။

ကျွန်တော်နားလည်မိသလိုပြောရရင် ခုနက အမြင့်ဆုံးလို့ ထင်တဲ့ အရှိန် အဟုန်ထက် မနည်းပဲ

“ငါဟာ အားလုံးကို အရှုံးပေးထားတဲ့ လူသေ ။” ဆိုပြီး အောက်ဆုံးအထိ ဆွဲချသွားတာ။ရိုလာကိုစတာစီးနေရသလိုပဲ။
ကွင်းခတ်ပြီး နောက်တစ်ခေါက် ထပ်ရေးပြတာ က ပိုပြီးလှသွားတယ်။
သီဝရီတွေ ဘာတွေတော့ နားမလည်ပါဘူးဗျာ။ ခံစားမိသလိုပြောကြည့်တာပါ။
ဖွဲ့ပုံ ရိုးသလိုနဲ့ တအားဆန်းတယ်။

Anonymous said...

buy tramadol ultram buy tramadol ultram - buy tramadol 50mg net

Unknown said...

ဆက်​လက်​အား​ပေး​နေမယ်​​နော်

လူကြည့်အများဆုံး စာတိုပေစများ