Monday, August 23, 2010

ဝ ဆွဲ မပါပဲ လွမ်း လို့ လမ်း ပေါ်ရောက်နေတဲ့ကောင်

. တိတ်ဆိတ်တဲ့ လေးထောင့် ဆန်ဆန် လောကလေးတစ်ခု . . . . ထိုင်နေတဲ့ ကျွန်တော်က ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မသိတော့ဘူး . . . . ရေးလက်စ ကဗျာကြီးက ကျွန်တော့်အာရုံကို ပြန်ဖတ်နေတယ် ။ စိတ်တွေ စာရွတ်ကြီးပေါ် လွင့် လွင့် ထွတ်သွား . . . . ရေးချလိုက်တဲ့ စကားလုံးက " ငါ နှစ်နှစ်ကာကာ ချစ်ခဲ့ဖူးတယ် " . . . . အဲဒီ စာတစ်ကြောင်းတည်းနဲ့ ကျွန်တော့်ကမ္ဘာ ဒီနေ့ ချောက်နက်ကြီးထဲ ပြုတ်ကျသွားပြီ ။ ကော်ဖီတစ်ခွက် စာရွက်တစ်ရွက်နဲ့ လွမ်းသူ့ကဗျာ အပိုင်းအစ မှိန်ပြပြ ညမီးအိမ် အောက်မှာ အရိပ်မထွတ်တဲ့ လူငယ်တစ်ယောက် အသက်ရှုနေတာတောင် ရင်ဘတ်က ဖိုမလာတော့ဘူး ဘေးနားက တပတ်နွမ်း လွယ်အိတ် အစုတ်ထဲ ဒဏ်ရာခါးခါးတွေ " ရဲ . . တင်း . . ရိုင်း . . စိုင်း " နေတယ် ။ မနက်ဖြန်တိုင်းမှာ ပစ္စုပ္ပန်တွေ ချွေချခံရတော့မယ် . . . . တဒင်္ဂ ရွှေရောင်အိပ်မက်တွေ . . . . အိပ်မက်တွေထဲ လှလွန်းနေတဲ့ အိမ့်ဖြူရဲ့ အပြုံးနုနုလေးတွေ . . . . အပြုံးနုနုလေးတွေနဲ့ မိုးလင်းမိုးချုပ် ၀င်ဝင်လာတဲ့ သူ့ ကြင်နာမှုအသံတွေ . . . . သူ့ ကြင်နာမှုအသံတွေနဲ့ ကျွန်တော့်နှလုံးသားက အလိုလိုနေရင်း သူ့ ရုပ်သေး ဖြစ်သွားတယ် ။ အမိုးမဲ့ အကာမဲ့ နှလုံးသားနဲ့ ကောင် အမိုးနဲ့ အကာနဲ့ အရှုံးသမားဆိုတဲ့ ကောင် ပပ၀တီလို ဆောင်းနတ်သမီးကိုမှ အရူးအမူး စွဲလမ်း ၀ ဆွဲ မပါပဲ လွမ်း လို့ လမ်း ပေါ်ရောက်နေတဲ့ကောင် အမိုးမဲ့ အကာနဲ့ ကျင်းထဲမှာ သေသေသပ်သပ်လေး ကိုယ့်အသက် ကိုယ်ဆွဲထုတ်လိုက်တယ် ။ လင်းခေတ်ဒီနို

21 comments:

ဇော် said...

ကျနော်ကော်ပီသွားတယ်အကို...
မင်း... ကို... ပြ... ချင်.... လို့.... =)


(သိပ်ကောင်း.. သိပ်လှလွန်းတဲ့ ကဗျာလေးတွေ တွေ့တိုင်းမှာ ကျနော် အမှတ်တရ ကော်ပီကူးပြီး သိမ်းလိုက်လေ့ရှိပါတယ်... မင်း ကိုပြချင်လို့ပါ...
ဒါ ကျနော်တို့ နှစ်ယောက်ရဲ့ ဆက်သွယ်မှုလဲ ဖြစ်တယ်.. ပေါင်းကူးတံတားလဲဖြစ်တယ်... မမြင်ရတဲ့ ကြိုးမျှင်မျှင်လေးတွေလဲဖြစ်တယ်...
နောက်ဆုံး ... ကျနော်... သူ့အတွက် ကဗျာတစ်ပုဒ်ဖြစ်လိုက်ချင်တယ်.. ဟီး... =P )

Anonymous said...

ဆက် လွမ်းနိုင်ဖို့ လမ်းဆက် လျှောက်ကြရဦးမှာပါ ...
ဝ မဆွဲလည်း ၀ ရှိနေရင် ၀ိနိုင်ရမှာမို့
ဝမထားလို့ မရဘူးဖြစ်ရပါတယ် ...
ငြိမ်းစိုးဦး

မေပယ်လ် said...

ခေါင်းစဉ်လေး လှပါ့ဗျာ..
ဒါဟာ ကဗျာမဟုတ်ဘူး။။
ဒါမှ အနုပညာ...။
အနုပညာ
အနုပညာ..............

ခိုင်နုငယ် said...

အော် ၀ဆွဲမပါပဲ လွမ်းရင်
လမ်းပေါ်ရောက်တက်တယ်ပေါ့နှော်။
အင်း ၀ဆွဲပါအောင် လွမ်းမှဖစ်တော့မယ်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

Cameron said...

အိမ့်ဖြူရေ....၀ဆွဲမပါဘဲ လွမ်းလို့ လမ်းပေါ်ရောက်နေတဲ့ကောင်....တဲ့....

ခင်တဲ့
မိုးငွေ့

နွေဆူးလင်္ကာ said...

အိမ့်ဖြူ .. အူသိမ့်အောင် ချစ်ပါတယ်လို့ ပြောလိုက်ပါလေ ..

အုပ်ကြီး said...

အမိုးအကာမဲ့နှလုံးသားနဲ့ သူတွေကိုမှ.
လုပ်ရက်ကြတယ်ဗျာ...

သုခုမလေဒီ said...

ခံစားဖတ်ရှုသွားပါတယ်။
အဆင်ပြေပျော်ရွှင်ပါစေ..။

မြတ်မွန် said...

အဟား
ဂွတ်တယ်..
ခေါင်းစဉ်လေးက
ဝ ဆွဲ မပါပဲ လွမ်း လို့ လမ်း ပေါ်ရောက်နေတဲ့ကောင်
တော်တော်လေး တွေးတက်တယ် ကိုဗညားကတော့..ဂွတ်ထ

ကိုရီး{ကိုကြီး} said...

အင်းဗျာ.....
အလွမ်းတွေ ထပ်တူညီလို့ လွမ်းသွားတယ်ဗျာ....

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

blackroze said...

လမ်းပေါ်မရောက်ချင်လို့
ဝ..ဆွဲပါအောင်ဘဲလွမ်းတော့မယ်
ကဗျာလေးလာခံစားသွားတယ်ဗျို့

ညလင်းအိမ် said...

အမိုးမဲ့ အကာမဲ့ နှလုံးသားနဲ့ ကောင်
အမိုးနဲ့ အကာနဲ့ အရှုံးသမားဆိုတဲ့ ကောင်
ပပ၀တီလို ဆောင်းနတ်သမီးကိုမှ အရူးအမူး စွဲလမ်း
ဝ ဆွဲ မပါပဲ လွမ်း လို့ လမ်း ပေါ်ရောက်နေတဲ့ကောင်
အမိုးမဲ့ အကာနဲ့ ကျင်းထဲမှာ သေသေသပ်သပ်လေး
ကိုယ့်အသက် ကိုယ်ဆွဲထုတ်လိုက်တယ် ။


ကျွန်တော်လည်း ၀ဆွဲမပါပဲ လွမ်းလို့ လမ်းပေါ်မှာ သောင်တင်နေပြီ ....

နှုတ်ဆတ်ပါတယ် ....

ယွန်း said...

နောက်တခါလွမ်းရင် ၀..ဆွဲပါအောင်လွမ်းနော်..
မေ့နေ၇င်လမ်းပေါ် ထပ်ေ၇ာက်နေဦးမယ်..ဟာဟ
:D

သဒ္ဓါလှိုင်း said...

နောက်ဆိုသတိထားပြီးလွမ်းမှ.. ၀ဆွဲကျန်ခဲ့မှာစိုးလို့..
နောက်တာနော်...
ကဗျာလေးတွေအားလုံး လှပသပ်ရပ်လွန်းလို့ ခံစားချက်
တွေလည်း စီးမျောရင်းပေါ့...
ခင်မင်စွာ
သဒ္ဓါ

သိင်္ဂါကျော် said...

ဝဆွဲထည့်လိုက်ရင် ဘာဖြစ်သွားမလဲဟင်.. :D

ကိုဇော် said...

ဝဆွဲ မပါပေမဲ့ လွမ်းတတ်သူကတော့ လမ်းပေါ်မှာလည်း လန်းနေအောင် လွမ်းမှာပဲ...
သူသာ ကိုယ့်ဘက်မှာ ရှိသေးရင်ပေါ့။ အခုတော့. . .

အင်ကြင်းသန့် said...

ဗညားရေ...၀ဆွဲက ဘယ်ရောက်သွားလို့လဲ?း)

မိုးယံ said...

အမိုးမဲ့ အကာနဲ့ ကျင်းထဲမှာ သေသေသပ်သပ်လေး
ကိုယ့်အသက် ကိုယ်ဆွဲထုတ်လိုက်တယ် ။

ထွက်လာ လားဟင်

ငြိမ်းချမ်းပါစေ
မိုးယံ

စံလင်းထွန်း said...

ကဗျာကောင်းတွေပဲ။

လာဖတ်ပါတယ်ဗျာ ...။

တစ်ပုဒ်တစ်ပုဒ်ချင်းစီအတွက် မမန့်ဖြစ်ဘဲ ဒီမှာပဲပေင်းမန့်ခဲ့ပါတယ်ဗျာ။

အားပေးနေပါတယ်။

နေသွေး(ဘရာဗို) said...

ဝင်ခံစားသွားတယ် အစ်ကို

Unknown said...

ကောင်းတယ်​ဗျာ

လူကြည့်အများဆုံး စာတိုပေစများ