Monday, November 8, 2010
မလင်းခင်တည်းက မှောင်ခဲ့တဲ့သူ
.
ပန်းဆက်ခံ သတို့သမီးရဲ့ ဒိုင်ယာရီမှာ
ငါ့ရဲ့ အိမ်မက်တွေ တစ်ခန်းရပ်သွားခဲ့တယ် ။
ခမ်းနားခဲ့ဖူးပါတယ်
ရာဇ၀င်တွေ တိုးတိတ် လွမ်းလျှ
မိုးစက် တစ်ပေါက် နှစ်ပေါက်ကြားမှာ
မျက်ရည် စီးသံ ခပ်ဆွေးဆွေးနဲ့
( ဒီ ) ရင်ဘတ်ကြီး ကြိုး ပြတ် ခဲ့ ဖူး တယ် ။
နမ်မီးဆစ် လေးရယ်
သိပ်ချစ်လို့ ထိုးကြွေးခဲ့တာမဟုတ်ဘူး
လက်စားချေမှန်းသိရက်နဲ့
ဘ၀တခုလုံး ပွင့်ထွတ်သွားအောင် ခင်းကျင်း
အပြုံး တစ်ပွင့်အတွက်
ငါ့ အိမ်မက်တွေ လဲလှယ်ပေးခဲ့တာ . . ။
ကျကွဲခဲ့တဲ့ ဒဏ်ရာတွေကို ကောက်ယူရင်း
ကွဲကျခဲ့တဲ့ ဒဏ်ရာတွေက ပြန်ပြန်ရှလို့ . . .
နောက်နေ့ ဆိုတာများရှိခဲ့ရင်
မင်းလက်လေး ငါကိုင်ခွင့်ရချင်ခဲ့တယ် . . . . .
ငါဟာ . . .
. . . . . . . . . . . . . . . .
မလင်းခင်တည်းက မှောင်ခဲ့တဲ့ကောင်မို့
ကောင်းကင်ကြီးကတောင် မိုးမပေးချင်တော့ဘူးတဲ့လေ . . . . .
လင်းခေတ်ဒီနို
Subscribe to:
Post Comments (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလို...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....
23 comments:
နုတယ် နုရယ် :P
ရန်ကုန်ကြီးကတောင် မီးလင်းပေါ့
နင်က မှောင်တုန်းလား :D
တော်ပါပီအေ မစတော့ဘူး :P
နောက်နေ့ ဆိုတာများရှိခဲ့ရင်
မင်းလက်လေး ငါကိုင်ခွင့်ရချင်ခဲ့တယ် . . . . .
(အမြန်ဆုံတွေ့နိုင်ပါစေ တယ်ရင်းး))
ရင်ဘတ်ကြီးက ကြိုးပြတ်သွားတော့
ဂစ်တာများ တီးပြခဲ့ဖူးလေသလားနော်
အားမငယ်ပါနဲ့ နောက်နေ့တွေဆိုတာ ရှိလာမှာပါ။
ကောင်းကင်ကြီးက မိုးမပေးချင်ရင်တောင် ကိုယ်တိုင် ထီးဆောင်းပြီး မိုးလို့ရပါသေးတယ်
အဆင်ပြေပါစေ။
မလင်းခင်ကတည်းက မှောင်ခဲ့တဲ့ကောင်
ဘယ်တော့ ပြန်ပြန်မှောင်နေဦးမှာလဲ
မလင်းသေးဘူး ဆိုမှတော့ မှောင်မှာပေါ့..
ဟဲ ဟဲ.. နောက်တာပါ..
ထိတယ်...
မိတယ်...
ရှတယ်...
ပတ်တီး ပေးပါဗျို့...........
copy ..paste လုပ်နေကျလူတောင် သူ့ကဗျာဖတ်ပြီး ဘယ်နားက စ လုပ်ရမှန်းမသိ ဖြစ်သွားတယ်..။း(
အရမ်းထိ၊ မိ တဲ့ကဗျာလေးပါပဲ....
အစဉ်လေးစားလျှက်...
:)...တကယ်ပါပဲ စာရေးသူ..
အရမ်းကို ရင်ထိစေတဲ့ အသဲကွဲ ကဗျာ လို့ ဆိုမယ်။
သေချာတယ်....နောက်နေ့ ဆိုတာများ ရှိခဲ့ရင်...
စာရေးသူ ဆန္ဒ လေးပြည့်ဝလာပါလိမ့်မယ်။ :)
မလင်းခင်ကတည်းက မှောင်ခဲ့သလို...
အမှောင်ထဲကနေ..အလင်းရှိရာဆီကို ထိုးထွက်လွတ်
မြောက်သွားနိုင်ပါစေ။ :)
...ခင်မင်လျှက်...ခင်မာလာအောင်..:)
အခုတလော ကျွန်တော်လူကြီးဆန်နေတယ်..း).. နုလွန်းတော့ လိုက်မခံစားတော့ဘူး..ဟဲဟဲ....
ခင်မင်တဲ့
နေ၀သန်
အဲဒီလိုတွေ မရေးဖြစ်တာ အတော်ကို ကြာခဲ့ပြီ။
အခုတော့ ပြန်လည် ခံစားပြီး ရေးချင်မိတယ်။
အားကျပါရဲ့။
နောက်နေ့ ဆိုတာများရှိခဲ့ရင်
မင်းလက်လေး ငါကိုင်ခွင့်ရချင်ခဲ့တယ် . . . . .
နောက်နေ့ဆိုတာများရှိခဲ့ရင်လေ..
ကျမလည်းလက်လေးကိုင်ခွင့်ရချင်ပါသေးတယ်
ခံစားချက်တွေလာတူနေပြီ...
တကယ်တို့ဝေးရင်တရက်တော့ငိုကွာ.....း)Fighting...
နတ်ဆိုးကို ကောင်းကင်ကမမိုးပေးတော့ဘူးတဲ့...။
ကဗျာလေးကောင်းလိုက်တာ...
ကောင်းကင်ကြီးသာမိုးမပေးရင်
ဒို့ ရင်ခွင်ထဲကိုဝင်လာလှည့်နော် ..
ကောင်းကင်ကတောင် မိုးမပေးချင်လောက်တဲ့
နတ်ဆိုးလေးရဲ့ ကဗျာလေးကတော့ မြေကြီးမှာတော့ ပွင့်လန်းနေလေရဲ့ဗျာ။
ပျော်ရွှင်ပါစေဗျာ။
ကဗျာလေးက နုရွနေတယ် ဗညားရေ....း)
နောက်နေ့ ဆိုတာများရှိခဲ့ရင်
မင်းလက်လေး ငါကိုင်ခွင့်ရချင်ခဲ့တယ် . . . . .
စားတယ်ဗျာ အဲတစ်ခုနဲ့ တင်တော်တော်စားသွားဘီ
ကိုဗညားတို့ များမနက်ဖြန်အတွက်တောင်
အကွက်ချနေသေးတယ် ဟတ် ဟတ် ကဗျာလေးက
နုရွတာကတော့ ပြောမနေနဲ့  လွှတ်ကောင်းတယ်. . .
နမ်မီးဆစ် လေးရယ်
သိပ်ချစ်လို့ ထိုးကြွေးခဲ့တာမဟုတ်ဘူး
လက်စားချေမှန်းသိရက်နဲ့
ဘ၀တခုလုံး ပွင့်ထွတ်သွားအောင် ခင်းကျင်း
အပြုံး တစ်ပွင့်အတွက်
ငါ့ အိမ်မက်တွေ လဲလှယ်ပေးခဲ့တာ . . ။
ဒီစာသားလေးက ကျနော့်ဘဝနဲ့အတူတူပါပဲအကိုရယ်
ဟူးးး ... တော်တော်ဆိုးတဲ့ ကောင်းကင်ဗျာ ...း(
shoe lifts insoles are insoles, shoe insoles to be precise, an additional insole placed within the bed of the shoe that gives the user exactly the same impact as women garner from high heel shoes
http://visitdrammensregionen.no/index.php/member/662903/
ခွင့်လွတ်ပါ ဆိုဖီယာ . . .
မင်း ကျုပ်ဆီက ထွက်သွားတဲ့အခါ
ဗန်ဂိုးရဲ့ နှင်းဆီတယောကို
အလွမ်းတစ်ပုဒ်စာလောက် ဖြစ်ဖြစ်
ကျုပ်ကို တီးခတ်ခွင့်ပြုပါ ။
ခွင့်လွတ်ပါ ဆိုဖီယာ . . .
မင်း ကျုပ်ဆီက ထွက်သွားတဲ့အခါ
ဗန်ဂိုးရဲ့ နှင်းဆီတယောကို
အလွမ်းတစ်ပုဒ်စာလောက် ဖြစ်ဖြစ်
ကျုပ်ကို တီးခတ်ခွင့်ပြုပါ ။
Veteran shoe lift users will be fine with one piece lifts but I seriously advise that the newbie tends to make a begin with adjustable shoe or shoe lifts
http://www.codamag.com/userinfo.php?uid=11158
This is fine in theory but as soon as any sportsmen dons their shoe lifts and becomes energetic the outcomes will almost certainly prove to become disastrous
http://kurd-book.com/index.php?do=/profile-889/info/
သောကတွေကင်းကြပါစေ
Post a Comment