Friday, January 21, 2011

ဆောင်းခေတ်ရုပ်ကြွင်း

. ဗျပ်စောင်းသံလို မချိုတဲ့ သတင်း နွေမကျတကျ ရာသီမှာ ပက်ကြားအက်နေတဲ့ စိတ်ကို ထွန်ယက်ပစ်လိုက်တယ် ကောက်သမလေးရဲ့ လက်ထဲမှာ အိပ်မက်တွေ အက်ကွဲပြီး ပါသွားလေရဲ့ ။ နတ်ဆိုးကိုမှ ကြည်စားချင်သတဲ့လား ကိုယ့်ကိုယ်ကို ရွာသူလို့ထင်ရင်တော့ ညှို့ပစ်လိုက်စမ်း မင်းအတွက်ဆို သခွပ်ပွင့်တဲ့ ငါ့ဘုံကိုတောင် မိုးစုန်စုန်ချူပ်ပစ်လိုက်လို့ရတယ် ။ ထားခဲ့တယ် ဆိုရုံနဲ့ သံယောဇဉ်တွေ ပြီးပါပြီး တဲ့လား ကဝေပျိုမလေးရေ မင်းမသိလိုက်တဲ့ မှော်ရုံတောမှာ ပန်းရိုင်းကျိန်စာတွေ ကိုယ့်လေးညှို့ကိုယ်ဆွဲ ငါ့ကို ပစ်ခတ်နေကြလေရဲ့ ။ ကြယ်တို့ရဲ့ နတ်သမီး ညရဲ့ အလင်းတွေကို သိမ်းပိုက်သွားပြန်ပြီး ဒီဇင်ဘာဟာ မလင်းခြင်းတော့ပေမဲ့ ဆောင်းခေတ်ကိုတော့ လွမ်းနေဦးမှာပဲ တေလေဟာ သူ့အိပ်မက် သူခင်ကျင်းရင်း အလင်းသဲ့သဲ့ကို ငတ်မွတ်နေခဲ့တယ် ။ လင်းခေတ်ဒီနို ( 21.10.11 )

8 comments:

မြတ်မွန် said...

အမလေး အေားလိုက်တာ..
ဆောင်းရဲ့ အေးချမ်းမှုကို ကြိုက်နှစ်သတ်တယ်။
ဆောင်းက ကဗျာ ဖွဲ့လို့အကောင်းဆုံးအချိန်ပဲနော်...။
ခင်တဲ့

မိုးခါး said...

လွမ်းတုန်း လွမ်းဆဲ လွမ်းလတံ္တ့း)

ကောက်သမလေး အိပ်မက်တွေ အက်ကွဲတာတော့ ဘယ်တတ်နိုင်မလဲလေ .. နင်ကတော့ ကောက်သမ မဖြစ်နိုင်ဘူးနော် .. ;)

ချမ်းလင်းနေ said...

ဆောင်းခေတ်မှာ ငတ်မွတ်နေတဲ့ အလင်းသဲ့သဲ့ အတွက် နတ်ဆိုးကတော့ သူ့ကဗျာတွေနဲ့ ခင်းကျင်းပြလိုက်လေရဲ့။
သူ့ကဗျာတွေ လာငေးရင်းက သခွပ်ပွင့်တဲ့ ဘုံမှာ မိုးစုန်စုန်ချုပ် သွားတာတောင် မသိလိုက်ဘူး။

(ကိုဗညားရေ စာသားလေးတွေ ကြိုက်လို့ ကဗျာထဲက သူ့စာလုံးတွေနဲ့ ပြန်မာန့်ရင်း ဂုဏ်ပြုပါတယ်။)

သဒ္ဓါလှိုင်း said...

အိပ်မက်နဲ့အတူ အလင်းသဲ့သဲ့ကို တွေ့ရမှာပါဗညားရေ.။
အလင်းတွေကို သိမ်းပိုက်သွားတဲ့ နတ်သမီးကတော့ .
ခင်မင်တဲ့
မဒါ

ဇူး said...

ထားခဲ့တယ် ဆိုရုံနဲ့
သံယောဇဉ်တွေ ပြီးပါပြီး တဲ့လား...
သိပ်ကောင်းတဲ့ အဖွဲ့ပဲ ဗညားရေ... ဆက်ရန်ဆိုတဲ့ စာတမ်းကို ရှာတွေ့ပါစေလို့ပဲ...

အဖြူရောင်နတ်သမီး said...

ကဗျာတပုဒ်လုံး စာသားလေးတွေ အရမ်းလှတယ် ဗညားရေ...။
အားပေးသွား၏...။

ညလင်းအိမ် said...

“ထားခဲ့တယ် ဆိုရုံနဲ့
သံယောဇဉ်တွေ ပြီးပါပြီး တဲ့လား
ကဝေပျိုမလေးရေ
မင်းမသိလိုက်တဲ့ မှော်ရုံတောမှာ
ပန်းရိုင်းကျိန်စာတွေ
ကိုယ့်လေးညှို့ကိုယ်ဆွဲ
ငါ့ကို ပစ်ခတ်နေကြလေရဲ့ ။”


ကြိုက်တယ် စာသားတွေ ...း)

Angelhlaing(May everybody be happy and healthy! said...

ထားခဲ့တယ် ဆိုရုံနဲ့
သံယောဇဉ်တွေ ပြီးပါပြီး တဲ့လား....???
အရမ်းကြိုက်တယ်အကိုရေ...ကဗျာလေးတွေ
ခံစားအားပေးလျှက်...
ကောင်းသောနေ့လေးဖြစ်ပါစေ။

လူကြည့်အများဆုံး စာတိုပေစများ