Thursday, January 27, 2011

မေ့မရခဲ့သော အပြုံးတစ်ပွင့်

. နှင်းတွေကျနေလိုက် အမေ... လွန်ခဲ့တဲ့ ၂၆ နှစ်တုန်းက ဒီလိုရာသီ မနက်ခင်းလေးထဲမှာပဲ အမေ့ရဲ့ အားအင်ဖျော့လျော့နေတဲ့ အပြုံးမျက်နှာလေးကို ကျွန်တော် စတင်မြင်ခွင့်ရခဲ့တယ် အမေ့ရဲ့ နွေးထွေးတဲ့ ရင်ခွင်လေးထဲ ကျွန်တော် စတင်ခိုလှုံခွင့်ရခဲ့တယ် အမေ့ရဲ့ မေတ္တာနို့ချိုကို ပထမဦးဆုံး ကျွန်တော် သောက်သုံးခွင့် ရခဲ့တယ်။ မြင့်မိုရ်တောင်တဲ့လား အမေ... အမေ့မေတ္တာနဲ့ ယှဉ်ရင် နိမ့်ပါးလိုက်တာ သားသမီးအတွက် ဓားခင်းပြီး လျှောက်ရမယ့်လမ်းဆိုရင်တောင် ကျောပြင်ကို နောက်ပြန်မလှည့်တတ်တဲ့ အမေ... ခါးချိအောင်ရုန်းနေရပေမဲ့ သားသမီးတွေရှေ့မှာ ညှိုးနွမ်းနေတဲ့ အပြုံးတစ်ပွင့် ကြွေမသွားအောင်နေပြခဲ့တဲ့ အမေ မြင့်မိုရ်တောင်ဆိုတာ အမေ့ဖဝါးအောက်က သဲတစ်ပွင့်ထက်တောင် သေးငယ်သွားသလိုပဲ။ ကျွန်တော်တို့ ပြဿဒါးနေ့တွေ စားသုံးခဲ့ဖူးတယ် အမေ အိပ်မက်တွေ လောင်မြိုက်သွားတာ ဝမ်းနည်းရင်းကြည့်ခဲ့ဖူးတယ် အမေ ဘဝတွေ လငပုပ် ဖမ်းတာ တစစ်စစ်နာကျင်ရင်း အကြိမ်ကြိမ် ခံစားခဲ့ဖူးတယ် အမေ ဒွန်းစဏ္ဍား အဆင့် သာသာလောက် ပုံစံမျိုးနဲ့လည်း အကြည့်ခံရဖူးတယ် အမေ ကံကြမ္မာက ခရောင်းလမ်းကို ခပ်ကြမ်းကြမ်းခင်း ခပ်ပြင်းပြင်းနင်းခိုင်းခဲ့ပေမဲ့ သားသမီးအတွက် ကိုယ့်အရေပြား ကိုယ်ဆွဲဆန့်ပြီး လမ်းခင်းပေးခဲ့တဲ့ အမေ ညီမျှခြင်း ရှာမတွေ့ခဲ့တဲ့ အမေရဲ့ မေတ္တာဟာ ကမ္ဘာကုန်ကျယ်သရွေ့ နှိုင်းပြစရာ မရှိခဲ့ဘူး။ မုန်တိုင်းတွေ ဘယ်လောက်ထန်နိုင်မှာလဲ ဆူးလမ်းတွေ ဘယ်လောက်ကြမ်းနိုင်မှာလဲ လောကမာယာတွေ ဘယ်လောက် ပဉ္စလက်ဆန်နိင်မှာလဲ မျက်ရည်မဝဲဘူး ခြေဦးတွေ နောက်ပြန်မလှည့်ဘူး ရည်မှန်းချက်တွေ ချမခွဲပစ်ဘူး အမေ့အားပေးစကားတစ်ခွန်းသာရှိမယ်ဆိုရင် မပြိုဘူးဆိုတဲ့ မိုးကောင်းကင်ကိုတောင် ခေါင်းနဲ့ တက်တိုက် ဝံ့တယ် အမေ... ကျွန်တော့်အတွက်တော့ ဆူးတွေ ကြမ်းနေတဲ့ လောကကြီးမှာ အမေသေွး ပေးခဲ့တဲ့ အသွားက ဇောင်းထက်နေတုန်းပါပဲ အမေ...။ ဗညားရှိန် (ခ) လင်းခေတ်ဒီနို . ဇန်န၀ါရီလ ၁၉ ရက်နေ့က ကျရောက်ခဲ့တဲ့ အမေနေ့ အမှတ်တရ ကဗျာလေးပါ ။

17 comments:

သိင်္ဂါကျော် said...

အမေ နေ့ အတွက် တကယ် ဆွတ်ပျံဖွယ် ကဗျာလေးပဲ..

ချစ်ကြည်အေး said...

အမေကဗျာလေးတွေဟာ...အမေ့မေတ္တာ အမေ့အားမာန် အမေ့သွေးသားတွေနဲ့ ဖွဲ့ထားတာမို့ အမြဲ နှစ်သက်ဖွယ်.....

flowerpoem said...

အမေနေ့ ကဗျာလေး လာဖတ်ပါတယ် ...

အဖြူရောင်နတ်သမီး said...

ကဗျာလေး ဖတ်ရင်း အမေ့ကို သတိရသွားတယ်..။

သဒ္ဓါလှိုင်း said...

အမေ့ရဲ့ မေတ္တာအားမာန်.အမေ့ရဲ့ အေးမြတဲ့အရိပ်..
တွေနဲ့ ဘယ်လိုခရီးလမ်းကိုမဆို လျှောက်လှမ်းနိုင်
ပါစေ.။ ဗညားရဲ့အမေ့ကဗျာလေးအတွက် ဂုဏ်ပြုပါတယ်။
အမေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ။
ခင်မင်တဲ့
မဒါ

Cameron said...

ရေးတတ်တဲ့သူများ.....ချီးကျူးလောက်ပါတယ်..။
ဆရာဗညားကို အားကျတယ်...။ အမေ့အတွက် ကဗျာတစ်ပုဒ်လက်ဆောင်ပေါ့..။

ခင်တဲ့
မိုးငွေ့

ညလင်းအိမ် said...

ကဗျာက ရင်ကို ထိစေတယ်ဗျာ ..

pandora said...

လှတဲ့ကဗျာလေးမှာ သရုပ်ဖော်ပုံလေးပါလာတာ ၀မ်းသာနေပါတယ်

ချမ်းလင်းနေ said...

အမေ.... ဆိုတာနဲ့တင် ကဗျာတစ်ခုလုံး ရုပ်လုံးကြွ နေပါတယ် ကိုဗညားရေ။ အမေသွေးတဲ့ အသွားဇောင်းထက်နေဆဲ ဟုတ်ပါ့ဗျာ။ ကျွန်တော်တို့တွေဟာ အမေလောင်းရိပ်ထဲက ဓားတွေပါပဲ။ လောကဓံကို ဖြိုခွဲဖို့ပေါ့။

မိုးစက်အိမ် said...

အမေနေ့ အတွက် အမှတ်တရကဗျာလေး သီးကြူးထား
တာကောင်းလည်းကောင်းတယ် လေးလည်းလေးစား
ပါတယ် ကိုဗညားရေ . . . ခင်မင်လျက်

zue said...

အနှိုင်းမဲ့ပါပဲ ဗညားရေ...
ဇောင်းထက်နေတဲ့ အသွားအတွက် အမေက ဝမ်းသာနေမှာပါ....နော့

နေ၀သန် said...

အမြဲပဲ ဇောင်ထက်နေပါစေ ကိုဗညားရေ..း))).... ကဗျာလေးက နူးညံ့လိုက်တာ...


ခင်မင်တဲ့
နေ၀သန်

ဝက်ဝံလေး said...

ကဗျာလေး လာခံစားသွားပါတယ် ကိုလင်းခေတ် ရေ......

Angelhlaing(May everybody be happy and healthy! said...

ညီမျှခြင်း ရှာမတွေ့ခဲ့တဲ့ အမေရဲ့ မေတ္တာဟာ
ကမ္ဘာကုန်ကျယ်သရွေ့ နှိုင်းပြစရာ မရှိခဲ့ဘူး။

အကိုရေ...အမေအတွက်ကဗျာလေးကိုဖတ်ရတော့
ပိုလွမ်းလို့ အိမ်ပြန်ချန်လာပြီ။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ဆောင်းနှင်းရွက် said...

ကဗျာလေး ရေးထားတာ
အရမ်းကောင်းတာပဲ..
တကယ်ကို ခံစားပြီး ဖတ်သွားပါတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မိုးခါး said...

အန်တီ အသက်ရာကျော်ရှည်ပြီး သားသမီးတွေကို ဗိုက်ခေါက်ဆွဲ ခေါင်းခေါက်နိုင်ပါစေ ..း))

မိုးခါး said...

တရုတ်နှစ်ကူးက မုန့်တွေ ဟင်းတွေ သတိရတယ် ..း)

လူကြည့်အများဆုံး စာတိုပေစများ