Tuesday, March 15, 2011

ကျွန်တော့် မှော်ဝင်အရုပ်လေး သိပ်လှတယ်

. သန်းခေါင်ယံဟာ အိပ်မက်က နိုးလာတဲ့အခါ သူ့ပိုင်နက် တချို့ကို သိမ်းပိုက်ခံလိုက်ရပြီ သမိုင်းတခုမှာ အဆုံးရှူံးခံဖို့ ဂျစ်ပစီတို့ရဲ့ ကောင်းကင်ကို မြို့ရိုးအ၀မှာတင် မြုပ်နှံထားခဲ့လိုက်တယ် ဆောင်းနတ်သမီးရေ မင်းရဲ့ အလွမ်းကျိန်စာအောက်မှာ အထပ်ထပ်ဆွေးမြေ့ခံဖို့ နေမ၀င်အိပ်မက်တွေ နင်းခြေရင်း အလင်းမဲ့စွာနဲ့ ငါလာခဲ့ချေပြီ ။ စိတ်ကောက်တတ်တဲ့ နှင်းဆီရဲ့ ဥပေက္ခာနဲ့ အမုန်းကိုမှ တမ်းတမ်းမက် မွှေးရှိုက်ချင်မိတယ် ရူးမိုက်နေမိတာလား ကိုယ့်ခံစားချက် ကိုယ်ပြန်ချခင်းကြည့်တော့ စိတ်ကူးတိမ်လွှာလေးတွေနဲ့ ရင်ခုန်သံတောင် နှင်းဆီ ကာရံတွေ သီဆိုနေလေရဲ့ . . . ဒီလိုနဲ့ပဲ . . . . . ကြယ်တွေလတွေတောင် အလင်းပျောက်သွာတယ် ကျွန်တော့်မှာ ညကြီးမိုးသောက် ရနံ့ ဆိုတာလေးနဲ့တင် ရူးလို့ မူးလို့ ကောင်းနေဆဲ ။ မျက်စိတွေ စုံမှိတ်ပစ်လိုက်တယ် စိတ်ကို ၀င်ရိုးစွန်းပေါ် ခဏချိတ်လိုက်တဲ့အခါ ကောင်းကင် ပြတင်းပေါက်မှာ ကဗျာတွေနဲ့ သူမ ရောက်လာတယ် နှုတ်ခမ်းလှလှလေးနဲ့ အပြုံးတစ်ပွင့် . . . . အိုကေ ရပြီး ဒီညတော့ အပြင်းစားလဲ မလိုတော့ဘူး အနုပညာဆန်ဆန် စကားလုံးတွေနဲ့ပဲ ကိုယ့်ကဗျာ ကိုယ်သဲ့သဲ့လေး တီးခတ်လိုက်တော့မယ် ဆံနွယ်ရှည်လေးတွေနဲ့အတူ ချစ်စရာအပြုံးလေးတစ်ပွင့် ကျွန်တော့်ရင်ဘတ်လေးထဲ လွင့်ဝဲ ကခုန်နေတယ် ကျွန်တော့် မှော်ဝင်အရုပ်လေး သိပ်လှတာပဲဗျာ ။ လင်းခေတ်ဒီနို ( 14.3.11,10း55 AM ) .

20 comments:

Cameron said...

ဗညားရေးသမျှကဗျာထဲမှာ ဒီတစ်ပုဒ်အနူးညံ့ဆုံး ဒီတစ်ပုဒ်ကိုအကြိုက်ဆုံးပဲ....။ ဖတ်ရင်းနဲ့တောင် ကောင်ကင်ရောင်နောက်ခံနဲ့ ကောင်မလေးတစ်ယောက်ကို မြင်ယောင်လာမိတယ်...။

ခင်တဲ့
မိုးငွေ့

မှတ်ချက်။ ဟားးး ငါတစ်ပဲကွ...

အဖြူရောင်နတ်သမီး said...

ဆောင်းနတ်သမီး မှော်ဝင်အရုပ်လေးကို လာငေးသွားတယ် သူငယ်ချင်းရေ...

flowerpoem said...

ကဗျာက နူးညံ့လှပပြီး အသက်ဝင်ပါတယ်. . . :D

noblemoe said...

အိုကေနေတဲ့ကဗျာလေးဖတ်ရတာ ကောင်းမှကောင်းစ်

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ps:ကဗျာရေးတဲ့သူတွေကိုအားကျမိတယ် ဒါလည်းပါရမီတစ်မျိုးပဲနော်

မြတ်မွန် said...

ဘယ်မှာလဲ မှော်ဝင်အရုပ်လေးရဲ့ပုံ
ခုပြ ဒါပဲ။

ပေါ့ဆိမ့် said...

ကဗျာလေးက လက်ရာမြောက်လိုက်တာ...
၂ ခေါက်ဖတ်သွားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ကောက်တတ်တဲ့နှင်းဆီလေးဟာ ချစ်စရာလေးဖြစ်မှာ သေချာတယ်နော်
ကဗျာလေးက နူးညံ့တဲ့ရနံ့တွေ မွှေးမြနေတာဘဲ
ခံစားသွားတယ်နော်

အုပ်ကြီး said...

မှော်ဝင်ရုပ်လေး ..လာငေးသွားတယ်
ကြည့်စမ်း ...
မနာလိုလောက်အောင် လှတယ်ဗျာ :)

Angelhlaing(May everybody be happy and healthy! said...

တော်တော်ချစ်ဖို့ကောင်းတဲ့ မှော်ဝင်ရုပ်လေးထင်တယ်။
အဖွဲ့နွဲ့ကြောင့် ပိုပြိးရုပ်လုံးပေါ် အသက်ဝင်စေတာပဲနော်။
အားပေးခံစားလျှက်။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ahphyulay said...

အင်း...
တော်တော် ထိခိုက်နိုင်တဲ့  အဖွဲ့ လေးပါပဲ..။
ဒါကြောင့်  စာနဲ့  ကဗျာ မတူဘူးလို့ ပြောကြတာပဲ။
ကဗျာက ဘောင်ကျဉ်းကျဉ်းလေးထဲမှာ ကပ်ပြီး
ရေးရတာ၊ ညှစ်ပြီး ဖွဲ့ ရမယ်လို့ ထင်ပါတယ်။
စာကတော့  ကွင်းကျယ်ကျယ်မှာ ဖွင့် ပြီး ရေးခွင့် 
ရတာကိုး ...။

ဆွေလေးမွန် said...

ဒီလိုနဲ့ပဲ . . . . .
ကြယ်တွေလတွေတောင်
အလင်းပျောက်သွာတယ်
ကျွန်တော့်မှာ ညကြီးမိုးသောက်
ရနံ့ ဆိုတာလေးနဲ့တင်
ရူးလို့ မူးလို့ ကောင်းနေဆဲ ။

အဲဒီစာပိုဒ်လေးကို ပိုနှစ်သက်တယ်။
ကဗျာဆရာက ဒီလောက်တောင် ဖွဲ့နိုင်မှတော့
မှော်ဝင်ရုပ်ကလေးကလဲ အရမ်းကို လှနေမှာပါပဲ..

TOMORROW said...

ရောက်တယ် ကိုဗညားရေ...
ကျွန်တော့ မှော်ဝင် အရုပ်လေး သိပ်လှတာပဲဗျာ
ဆိုတာလေးဖတ်ပြီး ဖတ်နေသူတောင် ပြုံးးးးးးးးးးလို့ ။
အရုပ်လေးရဲ့ ပိုင်ရှင်တော့ ဘယ်လိုနေမယ်မသိ။
အေးချမ်းပျော်ရွှင်ပါစေ။

သိင်္ဂါကျော် said...

စိတ်ကောက်တတ်တဲ့ နှင်းဆီ အကြောင်း ဖတ်သွားပါတယ်..
ချစ်စရာကောင်းလိုက်တဲ့ ကဗျာလေးပဲ..

yinminkhine said...

မျက်စိတွေ စုံမှိတ်ပစ်လိုက်တယ်
စိတ်ကို ၀င်ရိုးစွန်းပေါ် ခဏချိတ်လိုက်တဲ့အခါ
ကောင်းကင် ပြတင်းပေါက်မှာ
ကဗျာတွေနဲ့ သူမ ရောက်လာတယ်

မိုးခါး said...

စိတ်ကို ၀င်ရိုးစွန်းပေါ် ခဏချိတ်လိုက်တဲ့အခါ
ကောင်းကင် ပြတင်းပေါက်မှာ
ကဗျာတွေနဲ့ သူမ ရောက်လာတယ် >> ကြိုက်တယ် ..း)

စိုးမိုး said...

အိုကေ ရပြီ ဒီည ငါလဲ မင်းကဗျာ မလိုတော့ဘူး :P
Like

Anonymous said...

ကဗျာတွေကို သဲ့သဲ့လေးတီးခတ်လိုက်သံက ညိမ့်ညောင်းနေလိုက်တာ.. ခံစားမှုတွေကို ညင်ညင်သာသာလေး မျှားယူသွားတယ်။

ရတနာ

Unknown said...

စိတ်ကောက်တတ်တဲ့ နှင်းဆီရဲ့
ဥပေက္ခာနဲ့ အမုန်းကိုမှ
တမ်းတမ်းမက် မွှေးရှိုက်ချင်မိတယ်
ရူးမိုက်နေမိတာလား
ကိုယ့်ခံစားချက် ကိုယ်ပြန်ချခင်းကြည့်တော့
စိတ်ကူးတိမ်လွှာလေးတွေနဲ့
ရင်ခုန်သံတောင်
နှင်းဆီ ကာရံတွေ သီဆိုနေလေရဲ့ . . .
ဒီလိုနဲ့ပဲ . . . . .
ကြယ်တွေလတွေတောင်
အလင်းပျောက်သွာတယ်
ကျွန်တော့်မှာ ညကြီးမိုးသောက်
ရနံ့ ဆိုတာလေးနဲ့တင်
ရူးလို့ မူးလို့ ကောင်းနေဆဲ ။

အို ကောင်းလိုက်တဲ့စာသားလေးပါလားနော်။

amnzmo.blogspot.com said...

ကြိုက်တယ်ဗျာ

amnzmo.blogspot.com said...

ကြိုက်တယ်ဗျာ

လူကြည့်အများဆုံး စာတိုပေစများ