Wednesday, May 4, 2011

သူမဟာ လေအလွင့်မှာ မျောလာတဲ့ တယောသံစဉ်

. တစ္ဆေ ခြောက်လန့်တယ် နာနာဘာဝ တစ္ဆေမဟုတ်ဘူး မကောင်းဆိုးဝါး တစ္ဆေမဟုတ်ဘူး နတ်ဆိုး တစ္ဆေမဟုတ်ဘူး အိပ်မက်တွေထဲ မကျွတ်သေးတဲ့ ပုံရိပ်လှလှ တစ္ဆေ . . . . ကျွန်တော့် စိတ်တဇ္ဇ တစ္ဆေမလေး သိပ်လှတယ် ဆံပင် ရှည်ရှည်လေး ပိုင်ဆိုင်ထားတယ် မျက်နှာ ၀ိုင်းစက်စက်လေး ပိုင်ဆိုင်ထားတယ် ဖယောင်းသား လက်ကလေးတွေ ပိုင်ဆိုင်ထားတယ် ကြယ်လို မျက်လုံးလေးတွေ ပိုင်ဆိုင်ထားတယ် ဥမ္မာဒန္ဒီထက် လှတယ် ပပ၀တီထက် လှတယ် ကိတ်ဝင်းစလက်ထက် လှတယ် ကေတီ ပယ်ရီထက် လှတယ် တစ္ဆေတစ်ကောင်ရဲ့ ညထဲ တစ္ဆေမလေးက အားလုံထက် ပိုလှတယ် . . . . . သူမဟာ လေအလွင့်မှာ မျောလာတဲ့ တယောသံ အနုပညာ မထွန်းကားသေးတဲ့ ဧရိယာထဲမှာ သူမဟာ ကျွန်တော်တွေ့ရှိခဲ့တဲ့ စည်း နဲ့ ၀ါး အဲဒီနောက်ကို လိုက်ရင်း လွတ်ကျသွားတဲ့ အမှန်တရားမှာ ကျွန်တော့် ပင့်သက်တွေ အများကြီးပါသွားခဲ့တယ် လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီတုန်းက သစ္စာပန်းတွေ ကျွန်တော် ပျိုးခဲ့တယ် ဒီနှစ် ဖေဖော်ဝါရီမှာ သစ္စာပန်းတွေ ကျွန်တော် ခူးခွင့်မရခဲ့ဘူး နောက်နှစ် ဖေဖော်ဝါရီရောက်ရင်လည်း သစ္စာပန်းတွေ ကျွန်တော် ခူးခွင့်ရဦးမယ် မထင်ဘူး . . . . ။ ဒီလိုနဲ့ပဲ ဖေဖော်ဝါရီ ရောက်တိုင်း နွေဦး သစ်ရွက်တွေဟာ သစ္စာရနံ့ ကိုမျှော်ရင်းနဲ့ပဲ လေပြေ အဝှေ့မှာ စတေးခံလိုက်ကြတယ် . . . . ။ ဘယ်ဘက်ရင်အုံကို ဖွင့်ပြီး လမ်းမှားလာတဲ့ ငါးတစ်ကောင်ကို ကြိုဆိုမိခဲ့တာလား ပိုက် မချထားဘူး အစာနဲ့လည်း မမျှားခဲ့ဘူ ဧရာဝတီရဲ့ နွေဦး ညနေခင်းဟာ ဗန်ဂိုးရဲ့ နေကြာပန်း ပန်ချီလို ၀ါရင့်ရင့်နဲ့ လှတယ် ကျွန်တော်ဟာ ငါးကလေး ၀င်လာတာကို ၀ါရင့်ရင့် ညနေခင်းမှာ ထိုင်ကြည့်နေဖြစ်ခဲ့တယ် . . . . မစိုချင်တဲ့ သူကိုမှ ဥပေက္ခာမိုးက ငြိုးတတ်တယ်တဲ့လား ထီးကလေး တစ်ချောင်းတောင် မရှိတဲ့ နှလုံးသား သူ စိုစေချင်မှတော့ ရင်ဘတ်ကို ပိတ်မထားတော့ဘူး မိန်းကလေးရေ ရွာချလိုက်စမ်းပါတော့ စိုမှာ မစိုးမှတော့ အလွမ်တွေ ယိုဖိတ်လည်း တိုးတိတ်စွာ ကျေနပ်လိုက်ပါ့မယ် နာကျင်ခြင်းတွေ စုံးစုံးမြုပ်မတတ်ပါပဲ . . . . လင်းခေတ်ဒီနို ( 3.5.11 , 11:11 PM ) .

19 comments:

မိုးယံ said...

အိမ်မက် တစ္ဆေ ကိတ်ဝင်းစလက် ထက်လှ တယ်။

စိုစေချင်မှတော့ ရင်ဘတ်ကို ပိတ်မထားတော့ဘူး။

နာကျင်ခြင်းတွေ စုံးစုံးမြုပ်မတတ်ပါပဲ။

အနှိုင်းမဲ့ said...

ကဗျာတွေကတော့ ကြောက်ခမန်းလိလိပဲ..နော်
ဘာတဲ့...သူမဟာ ကျွန်တော်တွေ့ရှိခဲ့တဲ့ စည်းနဲ့ဝါး
အဲဒီနောက်ကို လိုက်ရင်း
လွတ်ကျသွားတဲ့ အမှန်တရားမှာ
ကျွန်တော့် ပင့်သက်တွေ အများကြီးပါသွားခဲ့တယ်..။

လေးစားပါတယ်...နတ်ဆိုးကြီးရေ :)

Anonymous said...

အိပ်မက်တွေထဲ မကျွတ်သေးတဲ့
ပုံရိပ်လှလှ တစ္စေတဲ့

ကဗျာက လှလိုက်တယ်။ အစပိုင်းလေးနဲ့တင် ကြွေတယ်။ (ကဗျာကိုပြောပါတယ် :P )

ရတနာ

vampire said...

ဗီညား။
o_O အွမ်းး
အပေါ်မှပြောကုန်ကြပီ။ ကြွေတယ်ဒဲ့။ :D
ဖွလိုက်ရမား။ အဖွမခံထိချင်ရင် မုန့်ကျွေး ဗိုက်ချာဒယ်။ ဗီညားရ :waa :waa

သိင်္ဂါကျော် said...

ဥပေက္ခာမိုးကို အချစ်မိုး ဖြစ်အောင် မပြောင်းနိုင်ဘူးလား..။
ဆံပင်ရှည်ရှည် ကောင်မလေး ကို ကြွေအောင် လုပ်လိုက်လေ..။ :)

ပန်းချီ said...

ကေတီပယ်ရီ ထက်လှတဲ့ ပုံရိပ်လှလှတစ္ဆေကို မြင်ဖူးချင်စမ်းပါဘိ.ကဗျာကလန်းချက်ရှင်း))

လေးစားခင်မင်စွာ

အဖြူရောင်နတ်သမီး said...

တော်တော်လှတဲ့ကောင်မလေးပဲ....
ဒါ့ကြောင့် နာတို့နတ်ဆိုးကြီး ကြွေသွားတာဖြစ်မယ်...

ဖေဖော်ဝါရီတွေ ရှိနေသေးသ၍တော့ အားမလျှော့နဲ့ နတ်ဆိုးရေ...

Unknown said...

သူမဟာ လေအလွင့်မှာ မျောလာတဲ့ တယောသံ
အနုပညာ မထွန်းကားသေးတဲ့ ဧရိယာထဲမှာ
သူမဟာ ကျွန်တော်တွေ့ရှိခဲ့တဲ့
စည်း နဲ့ ၀ါး
အဲဒီနောက်ကို လိုက်ရင်း
လွတ်ကျသွားတဲ့ အမှန်တရားမှာ
ကျွန်တော့် ပင့်သက်တွေ အများကြီးပါသွားခဲ့တယ်

Unknown said...

အရမ်းလှတယ်..ကိုဗညား....။

မိုးစက်အိမ် said...

အဲ တစ္ဆေမ လေးသာ ဒီကဗျာကို ဖတ်ရရင်
သေချာပေါက် ကြွေစေရမယ် ကိုဗညားကြီး
ဗေဒင်မေးတာကမှဆန်ကုန်အုံးမယ် ကဗျာမှာ
နူးညံ့မှုတွေ တင်စားမှုတွေကျိုးညွှန်မှုတွေ ကိုယ်ကိုကိုယ်နှိမ့်ချမှုတွေနဲ့ ပေါင်းစပ်ထားတာ
ပျိုခင်ကညာတို့ သဲခြေကြိုက်ပေါ့ဗျာ :D :P

Angelhlaing(May everybody be happy and healthy! said...

မိုက်တယ်အကိုရာ...မလိမ္မာဘူးးးးအဟီးးး:):)
မိလှိုင်နောက်ကျမှ ရောက်တယ်အကို ..အရှုပ်တွေကြောင့်လေ...
ခွေးလွတ်..အဲလေ...ခွင့်လွတ်လို့..:P:P:P
ကောင်းသောနေ့လေး ဖြစ်ပါစေအကို...။

မိုးခါး said...

ယုံဘူးဟေ့ .. အဲလောက်လှမယ်လို့ .. ရှမ်းကြိုက်တော့ ဘာဆိုလား .. :P
အဟီးး စတာနော် .. ကောင်မလေးက လှပါတယ် .. မှောင်ထဲနေရင် .. သြော် .. ငါ့နှယ် စကားအကောင်ကိုပြောလို့ မရပါ့လား :P

စည်းနဲ့ဝါး မကိုက်ရင် ချိုမိုင်မိုင်နဲ့စဟာ ..

တော်ပီ တော်ပီ ငါ စကားအကောင်း အဲ စာအကောင်း ရေးလို့ ရဘူး :P :P

လင်းခေတ်ဒီနို said...

မိုးခါးမ တို့ကတော့ နုတ်နုတ်စင်း ခံထိတော့မယ် နာ့ နတ်သမီးလေးကိုများး)

ဘသားချော said...

နောက်ဆုံးကခြောက်ကြောင်းကို အခိုက်ဆုံးပဲ အကိုရေ.. ပြီးတော့ အပေါ်က မမိုးခါးပြောတာလည်း မိုက်တယ်... :D

flowerpoem said...

ကဗျာလာဖတ်ပါတယ် ကိုဗညားရေ
အလန်းတွေ ဖတ်ပြီး ခံစားသွားပါတယ်
ဖတ်ပဲ ဖတ်တတ်တာ မရေးတတ်ဘူး :)

အိမ့်ချမ်းမြေ့ said...

လမ်းမှားလာတဲ့ ငါးလေးတွေကြောင့်
ဘယ်နှစ်ယောက် စုံးစုံးမြုပ်ခဲ့ကြမလဲကွယ်..

အနော် said...

ပျိုးခဲ့တဲ့ သစ္စာပန်းကလေးတွေ
ခူးခွင့်မရခဲ့တယ်ဆိုပေမဲ့ သူ့ရင်မှာ ဖူးပွင့်နေမယ်ဆိုရင်
ဥယျာဉ်မှုးက ကျေနပ်ပါတယ် ဟုတ် :)

မိုးဇက် said...

ကောင်းတဲ့ ကဗျာကောင်းလေးပါ ။
ရင်ထဲမှာ တစ်ခုခုကျန်ခဲ့တယ် ကိုလင်ခေတ်ရေ

ရွှေပြည်သူ (ShwePyiThu) said...

"အိပ်မက်တွေထဲ မကျွတ်သေးတဲ့
ပုံရိပ်လှလှ တစ္ဆေ . . . ."

ဆိုတဲ့စာသားလေး ကြိုက်လိုက်တာ ကိုလင်းခေတ်ရေ... တကယ်ကို လှတဲ့ ကဗျာတစ်ပုဒ်

လူကြည့်အများဆုံး စာတိုပေစများ