Wednesday, September 28, 2011

ကောင်းကင်နဲ့ လွန်ဆွဲတဲ့ သစ်ရွက်ကြွေ . . . .

“ ကောင်းသော ညနေခင်းလေးဖြစ်ပါစေ ” ကောင်းကင်ဖြူလေးက နှုတ်ဆက်တော့ ကိုယ့် အလွမ်းမြို့လေးတောင် နေမ၀င်ပဲ ညနက်ခဲ့ရပြီး ။ ကောင်းကင်ရနံ့ကို မျှော်လင့်ခဲ့တဲ့ သစ်ရွက်ကြွေပါ ဘ၀က သူ့လက်ခုပ်ထဲမှာပဲ ။ ဆော့ကစားပြီး ခပ်ဖွဖွလေး မှုတ်ထုတ်ခံလိုက်ရတယ် . . . . . . . . . . အမှုန်အမွှားကောင်ပဲလေ သူနဲ့ ဝေးရာ မြေပြင်ပေါ်ကို တိုးတိတ်စွာ လဲလျှောင်းခဲ့ရပေါ့ ။ အိပ်မက်တွေတောင် အနုသုခုမ မဆန်နိုင်တော့ဘူး မိုးမလုံ လေမလုံ ရင်ဘတ်နဲ့ ( ဒီ ) အလွမ်းဇာတ်ရုံကြီးထဲမှာ ကံကြမ္မာက ဗျတ္တလို ပန်းဆက်ခိုင်းဦးမှာလား ။ ခရေညိုလေးရေ ကိုယ် တိတ်ဆိတ်စွာ ကျေနပ်လိုက်ပါတယ် ။ ( ဒီလိုနဲ့ပဲ ) သူရယ် ကိုယ်ရယ် မတူတဲ့ ညတွေထဲမှာ အတ္တကိုယ်စီတွေ လင်းပွင့်ခဲ့ကြတယ် ။ ဝေးသွား . . . တဖြည်းဖြည်း ဝေးသွားပေါ့ . . . သူမရှိတဲ့ ညနေခင်းတွေထဲမှာ ကိုယ်ရယ် ကဗျာရယ် စကားလုံးမျက်ရည်တွေ ၀ဲလို့ သည်းလို့ပါပဲ ။ ကိုယ်ဟာ ကောင်းကင်းကိုမှ လွန်ဆွဲမိတဲ့ ............... " သစ် ရွက် ကြွေ " ............... လင်းခေတ်ဒီနို ( 28.10.11 ၊ 103း0 AM )

26 comments:

အိမ့်ချမ်းမြေ့ said...

ကဗျာလေး လှတယ်..

ခရေညိုလေးရေ
ကိုယ် တိတ်ဆိတ်စွာ ကျေနပ်လိုက်ပါတယ် ။

AH said...

ခရေညိုလေးကို တိတ်တစ်ဆိတ် ခိုးကြည့်သွားပါတယ်။ ဒါပေမယ့် ခြေရာလေးတော့ ထင်ခဲ့မယ် ထင်ပါရဲ့။

တောက်ပကြယ်စင် said...

ကဗျာလေး မိုက်လိုက်တာကွာ လင်းခေတ်ဒီနိုရယ်။
"ဘ၀က သူ့လက်ခုပ်ထဲမှာပဲ
ဆော့ကစားပြီး ခပ်ဖွဖွလေး
မှုတ်ထုတ်ခံလိုက်ရတယ်"

သိင်္ဂါကျော် said...

ကိုယ့် အလွမ်းမြို့လေးတောင်
နေမ၀င်ပဲ ညနက်ခဲ့ရပြီး ။

ကောင်းကင်းကိုမှ လွန်ဆွဲမိတဲ့
...............
" သစ် ရွက် ကြွေ "

စကားလုံးလေးတွေ လှတယ်...။

မဒမ်ကိုး said...

ဟား တော်တော်လန်းတဲ့စာသားတွေပါလား မောင်ဗညားရေ ...
ဟတ်ထိသကွဲ့..ကောင်းကင်ကိုလွန်ဆွဲမိတဲ့ သစ်ရွက်ကြွေလေးရဲ့

အမ မဒိုးကန်

မိုးယံ said...

သူမရှိတဲ့ ညနေခင်းတွေထဲမှာ
ကိုယ်ရယ်
ကဗျာရယ်
စကားလုံးမျက်ရည်တွေ ၀ဲလို့ သည်းလို့ပါပဲ ။

Cameron said...

ဘာမှမပြောလိုပါ ကိုယ့်ဆရာရေးတဲ့ ကဗျာဆိုလှပြီးသားပဲ...။ ဖတ်ပြီး ခပ်ဖွဖွလေးခံစားသွားရတယ် ဒိုင်နိုဆောရယ်...။ ဆူရှီပြန်ကြွေး ဒါဗြဲ....း)

ခင်တဲ့
မိုးငွေ့

အလင်းသစ် said...

တကယ်တမ်းကျတော့
"ကိုယ်ဟာ ကောင်းကင်းကိုမှ လွန်ဆွဲမိတဲ့
...............
" သစ် ရွက် ကြွေ "
..............."
အကိုရေ..နှစ်သက်လွန်းစွာ အားပေးခဲ့ပါတယ်ဗျာ။။။

ချစ်ကြည်အေး said...

အိပ်မက်တွေတောင်
အနုသုခုမ မဆန်နိုင်တော့ဘူး
မိုးမလုံ လေမလုံ ရင်ဘတ်နဲ့
( ဒီ ) အလွမ်းဇာတ်ရုံကြီးထဲမှာ
ကံကြမ္မာက
ဗျတ္တလို ပန်းဆက်ခိုင်းဦးမှာလား ။

စကားလုံးတွေ လန်းတယ် ဗညားရေ...:))

ကိုရင် said...

:)

သတိုး said...

"မတူတဲ့ ညတွေထဲမှာ
အတ္တကိုယ်စီတွေ လင်းပွင့်ခဲ့ကြတယ် ။"
ဘာတွေပြောပြော အရေးကြုံရင် သူ့အတ္တနဲ့ ကိုယ်အတ္တက ကိုယ်စီရှေ့ထွက်လာကြတာပဲနော်...။
ကဗျာတွေ ခဏ ခဏ လာဖတ်ပါတယ် ကိုဗညားရေ။ ခြေရာချန်မရဘူး ဖြစ်နေတာ။ ခုမှပဲ...။

သတိုး said...

"မတူတဲ့ ညတွေထဲမှာ
အတ္တကိုယ်စီတွေ လင်းပွင့်ခဲ့ကြတယ် ။"
ဘာတွေပြောပြော အရေးကြုံရင် သူ့အတ္တနဲ့ ကိုယ်အတ္တက ကိုယ်စီရှေ့ထွက်လာကြတာပဲနော်...။
ကဗျာတွေ ခဏ ခဏ လာဖတ်ပါတယ် ကိုဗညားရေ။ ခြေရာချန်မရဘူး ဖြစ်နေတာ။ ခုမှပဲ...။

ညီရဲ said...

ကဗျာ လှလှလေး လာဖတ်သွားတယ် အစ်ကို...
စာသား အသုံးအနှုန်းလေးတွေ နူးညံပြီး လှပနေတာပဲ အစ်ကို...

ယွန်း said...

မိုက်တယ်...ကဗျာလေးကနူးညံ့လိုက်တာ..

zue said...

မိုက်တယ်.. ကဗျာလေးလည်း မိုက်တယ်.. နင်လည်း မိုက်တယ်.. နင်က ကောင်းကင်နဲ့မှ လွန်ဆွဲချင်တာကိုး...း)

noblemoe said...

မိုးမလုံရေမလုံရင်ဘတ် မိုက်စ် စကားလုံးသစ် မှတ်သားသွားကြောင်း

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဆူးသစ် said...

ကဗျာချစ်တဲ့သူတစ်ယောက်အတွက်တော့ အင်မတန်လတ်ဆတ်တဲ့ကဗျာမျိုးလို့ဆိုပါရစေ။ ခံစားလွန်းတဲ့နှလုံးသားနဲ့ ရေးတယ်ထင်ပါ့။ နူးညံ့လိုက်တာ။ ဆက်လက်ဖန်တီးနိုင်ပါစေ။

ဆူးသစ် said...

လင့်ချိတ်ထားလိုက်တယ်နော်ညီလေး

Angelhlaing(May everybody be happy and healthy! said...

အိပ်မက်တွေတောင်
အနုသုခုမ မဆန်နိုင်တော့ဘူး
မိုးမလုံ လေမလုံ ရင်ဘတ်နဲ့
( ဒီ ) အလွမ်းဇာတ်ရုံကြီးထဲမှာ
ကံကြမ္မာက
ဗျတ္တလို ပန်းဆက်ခိုင်းဦးမှာလား ။...


မိလှိုင် အကိုလို့မပြောရဘူး တော်ချက် ...
အဟီးးးး :):) မရဘူး အဲလိုပြောမှ :P:P
မောင်နှမတွေပဲလေနော်အကို ...:D

ကဗျာကောင်းလေး ခံစားအားပေးသွားလျှက်ပါအကို ..

♫♪★လွမ်းပိုင်ရှင်★♪♫ said...

သူမရှိတော့တဲ့ ညနေခင်းတွေထဲမှာ
ကိုယ်ရယ်
ကဗျာရယ်
စကားလုံးမျက်ရည်တွေ ၀ဲလို့သည်း
အဲနေရာလေးပေါ့ တူညီထပ်တူပြုတယ်ဗျာ
မျှော်နေမယ်နော့

နှင်းနုလွင် said...

လူတွေကို လှုပ်ခတ်နိုင်စွမ်းရှိတဲ့ ကဗျာပဲ။
နှစ်သက်မိတယ်။

ပန်းချီ said...

ကောင်းကင်နဲ့မှလွန်ဆွဲရသတဲ့လား ကိုသစ်ရွက်ရယ်း)
ကိုသစ်ရွက် ကဗျာဖတ်ပြီးတိုင်း ရင်ထဲမှာ ခံစားချက်အကြီးကြီးတစ်ခု ကျန်ကျန်ခဲ့တယ်..း))

vampire said...

ကောင်းတယ်မကောင်းဘူး။
ကျွန်တော် မပြောဘူး ဗညား။
ဒါပေမယ့် အဲဒီလို တစ်သားထဲ လွမ်းရစ်နေတဲ့
ကဗျာ ကနေ ပုံစံပြောင်းသင့်ပြီ ထင်တယ်။

camomilla said...

ဟုတ်တယ်.. ကဗျာဆိုတာ ညာဘက်ရင်အုံထဲက ဒုတိယမြောက်အသည်းနှလုံး
အဲ့ဒီထဲကနေဘဲ ခံစားချက်တွေစီးဆင်းလာတာ ခုဆို ကောင်းကင်နဲ့ လွန်ဆွဲတဲ့ သစ်ရွက်တောင်ကြွေကျခဲ့ရပြီ...

စံပယ်ချို said...

အလွမ်းမြို့လေးက နေမ၀င်ပဲ
ညနက် ရပြီနော်
ခင်ခင်မင်မင် jasmine

ညလင်းအိမ် said...

လှတယ် ... ခင်ဗျားကလည်းလေ ဒီအလွမ်းကကို မလွန်မြောက်နိုင်သေးသရွှေ့ ကဗျာတွေကတော့ ရှယ်ပဲ ..

လူကြည့်အများဆုံး စာတိုပေစများ