Friday, August 31, 2012
ညနေ
ညနေတစ်ခုရဲ တံစကမြိတ်မှာ
မျက်ရည်တွေ တွဲခိုနေတုန်းပဲ ။
မိုးထဲ ရေထဲ ကပိုကရို ညွှတ်ကိုင်းလာတဲ့ ထီးကလေး
မျက်နှာပြင်ကို ရိုက်ခတ်နေတဲ့ မိုးစက်လေးတွေရဲ့ တေးသွား
လေပြေအဝှေ့မှာ လွှင့်မျောသွားတဲ့ ဆံနွယ်
ကျွန်တော့်ကို လှုပ်မရအောင် ရစ်ပတ်ဖူးတဲ့နွယ်
ကျွန်တော့်ကိုေ၀၀ါးခြင်းတွေထဲ လမ်းပျောက်စေခဲ့တဲ့ တေးသွား
ကျွန်တော့်ကို နေရိပ်တွေ ခဏခဏ နမ်းမှာစိုးလို့ ညွှတ်ကိုင်းလာခဲ့ဖူးတဲ့ ထီးကလေး ။
နောက်ဆုံးတော့ သူ့နွယ် သူဖြတ် ၊ သူ့တေးသွား သူ တိကနဲ့ ရပ်ပြီး
ကျွန်တော့်ကို နေမင်းရဲ့ ကျောရိုးတည့်တည့်မှာ ထားခဲ့တယ် ။
ညနေခင်းဟာ ခမ်းနားမှုတွေပျောက်ဆုံးနေသော
မာယာမရှိတဲ့ မျက်ရည်ပန်း
ဝင်သက် ထွက်သက်ဟာ ချောက်ကမ်းပါးထိပ်မှာ
တေ့တေ့လေး တင်နေတဲ့ သစ်ရွက်တစ်ရွက်လို
လေတစ်ချက်အပင့်မှာ သူ့ မနက်ဖြန်ဟာ စုန်းစုန်းမြုပ်သွားနိုင်တယ် ။
သူမကို မလွမ်းပါဘူးလို့ ပြောရင်
ကျွန်တော့် ကဗျာတွေ
ကျွန်တော့်ကို သူစိမ်းဆန်ကုန်လိမ့်မယ် ။
ဘာမှ မကျန်တော့တဲ့ ကံကြမ္မာ အတုကြီးနဲ့
အသက်၀၀ရှုဖို့ ပြတင်းပေါက်အသေကို
ဂျက်ဖြုတ်ချလိုက်တယ် ။
Platonic Love ဆိုတာ ဓာတ်ရှင်မင်းသမီး တစ်ယောက်ကို
မော်ဒယ် ခေတ်မှာ Catwalk လျှောက်ခိုင်းသလိုပဲ
လူရာ မ၀င်တော့ဘူး ။
ညနေဟာ နပိုလီယံ မုန်းတဲ့ အရှုံး
ငေးကြည့်မိတဲ့ နေ၀င်ချိန်ဟာ
အလွမ်းတွေ တံစက်မြိတ်ကနေ ငိုနေတဲ့ အချိန်ပေါ့ ။
ငှက်ဆိုတာ နားခိုပြီးရင် အချိန်တန်တော့ သူ့အိမ် သူပြန်တာပဲလေ ။
သူမဟာ ကျွန်တော့်ရဲ့ စိတ်ကောက်တတ်တဲ့ နှင်းဆီ
သူမဟာ ကျွန်တော့်ကို အိပ်မက်ထဲက ပေးမထွက်တဲ့ ဒီဇင်ဘာကဗျာ
သူမဟာ ကျွန်တော့်ကို ရုပ်သေးရုပ်တစ်ရုပ်လို အသုံးတော်ခံခိုင်းခဲ့တဲ့ ကဝေပျို
သူမဟာ ကျွန်တော့်ကို ထားရစ်ခဲ့တဲ့ နောက်ဆုံး ရထားတစ်စင်း
ကျွန်တော်ဟာ သူမ နှုတ်ဖျားဓားသွားပေါ်မှာ အသက်စင်းပေးထားတဲ့
. . . . . . . . .
. . ညနေ . . ။
လင်းခေတ်ဒီနို ( 31.8.12 / 9:30 AM )
.
Subscribe to:
Post Comments (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလို...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....
22 comments:
တစ်ပုဒ်ဆိုလည်း တစ်ပုဒ်ပါလား ဗညားရေ။ စကားလုံး ကြွယ်ကြွယ်နဲ့ တန်ဆာဆင်ထားတဲ့ ရင်နင့်ဖွယ် ကဗျာလေးတစ်ပုဒ်ကို အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရေးတတ်ပါ့။ လှပလိုက်တဲ့စကားလုံးလေးတွေ။
သူမကို မလွမ်းပါဘူး ပြောရင်
ကျွန်တော့် ကဗျာတွေ
ကျွန်တော့်ကို သူစိမ်းဆန်ကုန်လိမ့်မယ်
...
လွမ်းနေမိတယ် ဆိုတဲ့ အကြောင်းလေး...
“သူမကို မလွမ်းပါဘူး ပြောရင်
ကျွန်တော့် ကဗျာတွေ
ကျွန်တော့်ကို သူစိမ်းဆန်ကုန်လိမ့်မယ်”
သိပ်မှန်တာပေါ့..အလွမ်းကိုဘယ်သစ္စာဖောက်လို့ရမလဲ..။ တစ်ပုဒ်လုံးကိုကြိုက်တယ် ဗီညား ဖဘမှာ ရှယ်မယ်နော်...။
အလိုလေး......ကောင်းလိုက်တဲ့ကဗျာ...၊တကယ်ပြော
တာ....၊ ရင်ဘက်ကိုတည့်တည့်မှန်တယ် မခင်သီတာ..:P
လွမ်းတတ်သူမို့ ဖတ်ရင်း မောသွားတယ်
"၀င်သက် ထွက်သက်ဟာ ချောက်ကမ်းပါးထိပ်မှာ
တေ့တေ့လေး တင်နေတဲ့ သစ်ရွက်တစ်ရွက်လို
လေတစ်ချက့် အပင့်မှာ သူ့ မနက်ဖြန်ဟာ စုန်းစုန်းမြုပ်သွားနိုင်တယ်"
အဲ့ဒီအပိုဒ်လေး လှတယ် ....
"သူမဟာ ကျွန်တော့်ကို ထားခဲ့တဲ့ နောက်ဆုံးရထားတစ်စင်း"
အဲ့ဒီ ရထားက ကျကျန်ခဲ့တဲ့ အလွမ်းသံလမ်းတလျှောက်
မှော်ဝင်ဆန်တဲ့ ကဗျာတွေ အထပ်ထပ်ခင်း
သံယောစဉ် ပါးပါးသာ မွမ်းမံထားတဲ့ ညနေတိုင်း
ကြိုးပြတ်သွားတဲ့ နတ်စောင်း တစ်လက်ကိုမှ
ဝေ ရီ ငေး မော ... ကျွန်တော် စီးမြောနေခဲ့တယ် ...
တကယ်တော့ ...
ကျွန်တော်ဟာ ...
"သူ" လိုရာခရီးရောက်ဖို့
သံလမ်းကို လမ်းလွှဲပေးခဲ့သူ ...
ကျွန်တော်ကတော့ ...
လွမ်းလွဲ ခဲ့ရသူပေါ့ ...။
ခင်မင်စွာဖြင့်
ည လင်း အိမ်
အရမ်းကောင်းတဲ့ ကဗျာလေးလာခံစားသွားပါတယ်..
သူမကို မလွမ်းပါဘူး ပြောရင်
ကျွန်တော့် ကဗျာတွေ
ကျွန်တော့်ကို သူစိမ်းဆန်ကုန်လိမ့်မယ်
ညနေရဲ့တံစက်မြိတ်မှာမိုးရေတွေတွဲခိုနေတုန်းလား။ ညွှတ်ကိုင်းလာတယ်လို့သုံးရင်ပိုမှန်ပါတယ် ကိုဗညား။
သူမဟာ စိတ်ကောက်တတ်တဲ့နှင်းဆီ တဲ့လား။ ညနေဆိုတာ သေဖို့လား၊ နေဖို့လား။ ကဗျာကောင်းလေး အားပေးသွားပါတယ်။
ကဗျာ လာဖတ်သွားတယ်ဗျို့ ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ကဗျာကောင်းလေးအားပေးသွားတယ်နော်...
စိတ်မကောင်းဖြစ်မိတာတစ်ခုရှိတယ်...အဲဒါ..
ဗညားအိမ်လေးထဲမှာ မိုးနတ်ကရှိနေပြီး...မိုးနတ်ကျ
တော့..ဗညားရှိန်ဆိုတာ ဘယ်သူမှန်းတကယ်ကို မသိခဲ့
တာပါ...အမှုမဲ့၊အမှတ်မဲ့ နိုင်လွန်းတဲ့ မိုးနတ်ရဲ့ညံ့ချက်
ကို ခွင့်လွှတ်ပေးပါ...ခု ဗညားအိမ်လေးဆီ မိုးနတ်
အပြေးလာခဲ့ပြီလေ.နောက်မကျသေးဘူးမဟုတ်လား.:P
အမြဲလာလည်လို့ရအောင် လင့်လေးလဲယူသွားတယ်..
followers လေးလဲလုပ်သွားတယ်နော်..
တကယ်တော့ သူများ အိမ်လေးတွေထဲက link list တွေထဲမှာ လင်းခေတ်ဒီနို ဆိုတဲ့ နံမည်လေးတော့ တွေ့ဖူးမိသား...ဒါပေမဲ့ ဘယ်သူမှန်းမှ မသိခဲ့တာကွယ်...တောင်းပန်တယ်နော်
ခု..ကဗျာတွေ လာဖတ်သွားတယ်...နောက်လဲ
မကြာမကြာလာဖတ်အုံးမယ်...မိုးနတ်ကလဲ ကဗျာရူးမို့လေ....အားပေးနေတယ်နော်
ဆက်လက်ထုဆစ်နိုင်ပါစေ...
ခင်တဲ့..မိုးနတ်
ကဗျာလေးက တကယ်ကောင်းတယ်..
မလွမ်းပါဘူးလို့ပြောရင်ကဗျာတွေသူစိမ်းဆန်ကုန်လိမ့်မယ်။
ဟုတ်တယ်။
" Platonic Love ဆိုတာ ဓာတ်ရှင်မင်းသမီး တစ်ယောက်ကို
မော်ဒယ် ခေတ်မှာ Catwalk လျှောက်ခိုင်းသလိုပဲ
လူရာ မ၀င်တော့ဘူး ။”
သဘောကျတယ်ဗျ၊ အဲဒီ ပလေတိုးနစ် လပ်ဖ်ကို အသံတိတ် ဓါတ်ရှင်ခေတ်မှာပဲ ထားခဲ့ကြစို့...။း)
ကဗျာလေးကောင်းလိုက်တာဗျာ... တကယ်ကောင်းတယ်... ရေးတတ်လိုက်တာ မခင်သီတာရယ်...း)
ကဗျာလေးသိပ်ကောင်းတာပဲ
စာသားလေးးတွေ အရမ်းကြိုက်တယ်
ခင်မင်လေးစားစွာဖြင့်........
သူမကို မလွမ်းပါဘူးလို့ ပြောရင်
ကျွန်တော့် ကဗျာတွေ
ကျွန်တော့်ကို သူစိမ်းဆန်ကုန်လိမ့်မယ် ။-----
သိပ်ကောင်းတဲ့ရေးချက်တွေပါပဲ ဗညားရေ
ခင်မင်လျှက် sis jasmine
ကျွန်တော်ဟာ သူမ နှုတ်ဖျားဓားသွားပေါ်မှာ အသက်စင်းပေးထားတဲ့
. . . . . . . . .
. . ညနေ . . ။
သူမဟာ ကျွန်တော့်ရဲ့ စိတ်ကောက်တတ်တဲ့ နှင်းဆီ
သူမဟာ ကျွန်တော့်ကို အိပ်မက်ထဲက ပေးမထွက်တဲ့ ဒီဇင်ဘာကဗျာ
သူမဟာ ကျွန်တော့်ကို ရုပ်သေးရုပ်တစ်ရုပ်လို အသုံးတော်ခံခိုင်းခဲ့တဲ့ ကဝေပျို
သူမဟာ ကျွန်တော့်ကို ထားရစ်ခဲ့တဲ့ နောက်ဆုံး ရထားတစ်စင်း.......
အဲဒီသူမလေးကြောင့်ပဲ အချစ်ဆိပ်ပြင်းပြင်းတွေ တက်နေရပြီထင်ပ... ကဗျာလေး လွှတ်လှတယ်အကိုရာ...
[url=http://sustiva-efavirenz.webs.com/]purchase Efavirenz 200 mg online
[/url] purchase Generic Sustiva
order Efavirenz 500 mg online
Sustiva online
[url=http://casodex-bicalutamide.webs.com/]Bicatin
[/url] buying Bicalutamide
Bilumide
Nycolutamid
http://www.microgiving.com/profile/cipro baycip ciprofloxacin
http://www.microgiving.com/profile/amoxicillin amoxicillin 500mg 3 times a day
http://www.xing.com/profile/Danka_Clar online pharmacy mastercard
http://www.microgiving.com/profile/pharmacy usa online pharmacy
http://www.microgiving.com/profile/tadacip online pharmacy coupons
http://www.microgiving.com/profile/apothecary online pharmacy order
http://www.microgiving.com/profile/kaufen-cialis open online drugstore
http://www.freewebs.com/tadalafil-kaufen/ online pharmacy in sydney
http://www.freewebs.com/apotheke-pille/ online drugstore reviews
Post a Comment