Wednesday, August 7, 2013

အိပ်မက်တွေ လှုပ်နှိုးခံရတဲ့ ကြယ်


ရင်ခုန်သံ မညီမညာနဲ့မို့
ချစ်ခြင်း စကားလုံးတွေ ဖတ်မပြတတ်ခဲ့ဘူး
စံပယ်တွေ သီပြီး စာတွေ မစီတတ်ခဲ့ဘူး
ကိုယ့်ရင်ဘတ် ကိုယ်ဆွဲဖွင့်ပြတာကလွဲရင်
အတ္တ နဲ့ မာနကို ငါ ချခင်းပေးထာပြီးသား ။

ကိုယ်ဟာ ဟိုးး ကောင်းကင် အစွန်းအဖျားနားက
ကြယ်အမှုံ အမွှားတစ်လုံးလေ
သုညတွေနဲ့ လင်းခြင်းနေရတာမို့
ကိုယ့် လက်ကမ်းရင်တောင်
မင်း လှမ်းရဲပါ့မလား ချစ်သူ ။

အမြင်မတူတဲ့ တို့နှစ်ယောက်ကြားမှာ
ဘယ်သူ့ကို လူမိုက် ဌားမလဲ
နတ်ဆိုး တစ်သိုက်ဟာ
မြင်းရိုင်းတွေစီးပြီး
မီးလှိုင်းတွေ ပွေ့ပိုက် ၀င်လာခဲ့ပေါ့ ။

ကောင်မလေးရေ
ကိုယ်ဟာ အေးစက်စက်နိုင်လွန်းတဲ့ ညခင်းတစ်ခုပါ
တိတ်ဆိတ် ငြိမ်သက် နေတာကလွဲရင်
မင်းဟာ ကိုယ် တယုတယ
ထမ်းပိုးထားရတဲ့ အိပ်မက်ပါပဲ ။

အိပ်မက်ကို လှုပ်လှုပ်နှိုးသွား
ငြို့ မျက်လုံးတွေ ၊ မာယာတွေ
(အဲ့ဒီ) ၀င်ရိုးစွန်းမှာ
ကိုယ်ဟာ ခဏ ခဏ ငြိ မိသွားတဲ့
ကြယ်တစ်လုံးပေါ့ ။

လင်းခေတ်ဒီနို (7.8.13)
.

4 comments:

Yoemyaykya said...

ကောင်းလိုက်တာကဗျာလေးက။အရမ်းကြိုက်တယ်။ ဒီနေရာလေးအကြိုက်ဆုံးပဲ
ကောင်မလေးရေ
ကိုယ်ဟာ အေးစက်စက်နိုင်လွန်းတဲ့ ညခင်းတစ်ခုပါ
တိတ်ဆိတ် ငြိမ်သက် နေတာကလွဲရင်
မင်းဟာ ကိုယ် တယုတယ
ထမ်းပိုးထားရတဲ့ အိပ်မက်ပါပဲ ။

Cameron said...

မိုက်တယ် မောင်ဗညားကဗျာတွေမဖတ်ရတာကြာပြီ...များများရေးပါဗျို့

Anonymous said...

နတ်ဆိုးတွေ မြင်းရိုင်းစီးလို့
သိမ့်သိမ့်ဟီးသွားတဲ့ ရင်ခုန်သံကို
ကာရံတွေနဲ့ ပစ်ပေါက်
ခု တစ်ပြန်တောက် ခဲ့ပြီ
ကြယ်တွေသီတဲ့ ရင်ခွင်
အဲကောင်မလေး မြင်ပါစေ ။


မင်းဧရာ

သိ င်္ဂါ ရ said...

ကဗျာတွေ မဖတ်ဖြစ်တာလည်း ကြာပြီ ... ။ ကိုလင်းခေတ် blog ကိုလည်း မရောက်တာကြာပေါ့ ... စာတွေ ပြန်ဖတ်ဖို့ လုပ်ကြည့်ပြန်ဦးမယ် ... စိတ်ကူးပါတယ် ... :)

လူကြည့်အများဆုံး စာတိုပေစများ