Sunday, September 1, 2013
We United We Blog ( 3108 DAY )
ကျွန်တော် Blogger တစ်ယောက် ဖြစ်လာတာက ၂၀၀၇ နှစ်ကုန်လောက်မှာပါ ။ ပထမဦးဆုံး ဘလော်ဂါ မဖြစ်ခင် ၂၀၀၆ လောက်က Multi Social Site  တစ်ခုဖြစ်တဲ့ Mysuboo.com မှာ ကျွန်တော် စတင်ပြီး စာဖတ်သူ တစ်ဦး အဖြစ် စတင်ခဲ့တာပါ ။ ၂၀၀၇ လောက်မှာ စာတွေ စရေးခဲ့ပါတယ် ။ အဲ့ဒီတုန်းက ကျွန်တော် Blog ဆိုတာကို မသိသေးပါဘူး ။ Multi Social Site တွေမှာပဲ စာရေး စာဖတ်ရင်းနဲ့ Online Writer အဖြစ် စတင်ခဲ့ပါတယ် ။ အဲ့ဒီ အချိန်တုန်းက ကျွန်တော်တို့ လူငယ်တွေကြားမှာ Planet တို့ Mysuboo တို့ဆိုတာ တော်တော် ခေတ်စားခဲ့တဲ့ အချိန်ပါ ။ ဒီလိုနဲ့ Mysuboo socail network ထဲမှာ သူရဿဝါ  တို့နဲ့ စပြီး ခင်မင်ရင်း ၊ ၂၀၀၇ နှစ်ကုန်လောက်မှာ သူရဿဝါ နဲ့ ဇာတိ တို့က Blog လုပ်ကြမယ် ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် Page လေး တစ်ခု တည်ဆောက်ကြမယ် ဆိုတော့ ကျွန်တော်ပါ  Blog တစ်ခု စတင်လုပ်ဖြစ်ခဲ့ပါတယ် ။ ကျွန်တော် မှတ်မိပါသေးတယ်  ကျွန်တော် Blog စတင်လုပ် တုန်းကဆိုရင် Blogger ဦးရေ သိပ်မရှိသေးဘူး ။ မှတ်မိသလောက် အယောက် ၁၀၀ မကျော်သေးတာတော့ အမှန်ပဲ ။
ကိုရန်အောင်တို့ ၊ မန္တလေးက ကိုမောင်လှတို့ ၊ နောက်ပြီး စေတန်ဂေါ့ တို့ဆိုတာ ကျွန်တော် ဘလော့ စလုပ်ချိန်မှာ Template ပြင်ဆင်ဖို့ နည်းပညာ အကူအညီရယူခဲ့ရတဲ့ သူတွေပါ ။ နောက်ပြီး မလေးအိမ့်ချမ်းမြေ့ ၊ ကိုညီလင်းဆက် ၊ ကိုနေဘုန်းလတ် ၊ မမေဓာဝီ ၊  မပင့်ဂိုး ၊ မဘာညာကွိကွိ ၊ ကိုမင်းယွန်းသစ် ၊ ကိုဖိုးသူတော် ၊ ကိုမျက်လုံး ၊ ကိုစိုးဇေယျာထွန်း ၊ သူတို့တွေကတော့ ကျွန်တော့်ထက် စီနီယာကျတဲ့  Blogger တွေပါ ။ အဲ့ဒီထဲက ကိုနေဘုန်းလတ် ရဲ့ Blogger နဲ့ Chatter ဆိုတဲ့ ပို့စ်လေးက ကျွန်တော့် ဘလော်ဂါ ဘဝမှာ အမှတ်တရ အရှိဆုံးနဲ့ ဘလော်ဂါ တစ်ဦးရဲ့ လမ်းကြောင်းမှန်ကို ရောက်အောင် တွန်းပို့ပေးတဲ့ ပို့စ်လေး ဆိုလည်း မမှားခဲ့ပါဘူး ။ Blogger ဆိုတာ ကိုယ်ရေးတဲ့ အမှားအမှန်ကို တာဝန်ယူရဲရမယ် ဆိုတဲ့ စိတ် ၊ Chatter ဆိုတာ ထက်ကို ပိုပြီး တာဝန်ကြီးမားတယ် ဆိုတဲ့ စိတ်လေးကို အဲ့ဒီပို့စ်လေးကနေ သင်ပေးခဲ့တာပါ ။
ဒီလိုနဲ့ ၂၀၀၉ လောက်မှာ Blog တွေ တော်တော်များများကို ပေါ်လာကြပါတယ် ။ ထာဝရကြယ်စင် မိုးခါး ၊ ဆုံနိုင်ခွင့်(မေလေး) ၊ ကိုပီတာ ၊ လရောင်လမ်း(တေဇာ) ၊ ကိုရီနိုမာန် ၊ တောင်ပေါ်သား ၊ ကိုချမ်းလင်းနေ ၊ ဆောင်ချမ်းမိုး ၊ ကိုမြစ်ကျိုးအင်း ၊ ဆောင်းနှင်းရွက် ၊ ပန်ဒိုရာ ၊ တလနွန် ၊ မဗေဒါ ၊ ကိုရင်နော်ခင်းလေးငယ် ၊ ကိုလင်းဒီပ ၊ ကိုဆောင်းယွန်းလ ၊ မသက်ဝေ ၊ ကိုအောင်သာငယ် ၊ ကိုမင်းဒင် စတဲ့ ဘလောဂါတွေကို သိခဲ့ပါတယ် ။
၂၀၁၀ ကျတော့ လိုက်မဖတ် နိုင်အောင်ပါပဲ ။ ကဗျာဘလော့တွေ ဖြစ်တဲ့ ကိုမိုးစက်အိမ် ကိုနွေသစ် ကိုညိမ်းညို ညီအကိုအရင်းလိုဖြစ်ခဲ့တဲ့ ကဗျာသောက်ဖော်သောက်ဖက် ကိုညလင်းအိမ် ( တခါတရံလည်း ကဗျာအမူးလွန်ပြီး ကဗျာတွေ ရင်ဘတ်ထဲက ပြန်အံကျလာတာလည်း ရှိတယ်ဗျ ) ၊ မှုးဒါရီ ၊ ဂျွန်မိုးအိမ် ၊ နွေးနွေးသဲမွန် ( ညီမ မိနွေးကတော့ စုဗူးမှာတည်းကသိခဲ့တာပါ ) ၊ သွယ်လင်းဆက် ၊ လမ်းအိုလေး ၊ ကျော်ညိုသွေး (ကိုဂစ်တာ) ၊ ကိုရင်ညိန်း ကိုချိရွန် ၊ ကိုလင်းသစ်ဏီ ၊ ကိုနွေညို မောင်လုလင် ၊ မောင်ခင်လေး ၊ ဘသားချော ၊ ကိုဖြိုးငယ် ၊ ကိုသားကြီး ၊ အိမ်မက်ခြေရာ ၊ ညီမငယ် ဇော် ( ကျွန်တော်တို့အိမ် ) ၊ မနုငယ် ၊ ဇူးငယ် ရင်မှမိုးစက်ပွင့်များ ၊ စတဲ့ ဘလော်ဂါ ကဗျာဆရာတွေနဲ့ ခင်ခဲ့ပါတယ် ။ နောက်ပြီး ရသအရေးအသားပိုင်းမှာ ဆိုရင် အကိုလိုခင်တဲ့ ကိုဏီးလို့ ကျွန်တော်တို့ ခေါ်တတ်တဲ့ ကိုဏီလင်းညို ၊ အိမ်မက်ဆိပ်ကမ်း ၊ သက်ပိုင်သူ ၊ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံ ၊ ခရေတွန် ၊ မချော အစိမ်းရောင်လွင်ပြင် ၊ မောင်ဘကြိုင် ၊ ကိုကြီးကျောက် ၊ ဆိုဒ်ပရပ် နတ်သမီး ၊ နှင်းနဲ့မာယာ ၊ ကိုကိုမောင် ပန်းရနံ့ ၊ ကိုဇော် ၊ မမကွန် ( KOM ) ၊ မမိုးငွေ့ ၊ ညခင်းရဲ့လမင်း ၊ ဆောင်းနှင်းရွက် အမရွှေစင်ဦး ၊ မဒါလို့ ကျနော်ခေါ်တဲ့ သဒ္ဒါလှိုင်း ၊ နောက်ပီး သူငယ်ချင်း အရင်းလိုခင်ခဲ့ကြတဲ့ ယွန်း ၊ ဂျင်းမလို့ကျနော်တို့ ခေါ်တဲ့ အင်ကြင်းသန့် ၊ မြတ်မွန် ၊ ဒါ့အပြင် အမရွှေပြည်သူ ၊ ချိုကိုသဇင် ၊ ခိုင်နုငယ် ၊ မရို့စ် ၊ မြရေလျဉ် ၊ မောင်မျိုး ၊ မိလှိုင် ( အိန်ဂျယ်လှိုင် ) ၊ ဂျက်စမင် ( တောင်ကြီး ) ၊ မိုးပန်ချီ ၊ နိုဘယ်မိုး ၊ ညီသူအိမ် ၊ နတ်ဆိုးလေး ၊ မွန်းသက်ပန် ၊ ရံအင်္လကာ ၊ မက်မက် ၊ ခင်မောင်ချင် ၊ သိင်္ဂါကျော် ၊ သိင်္ဂါရ ၊ မနောဖြူ ၊ မသစ် ၊ မပိုး ၊ မဗစ်စတာ ၊ ကိုအောင် ပျုနိုင်ငံ ၊ ဘလက်ရို့စ် ၊ မြသွေးနီ ၊ မဒမ်ကိုး ၊ သတိုး ၊ ကိုသက်ထွေး ၊ အမရာ ၊ ညီဇံလှ ၊တို့အပြင် နောက်ထပ် မေ့နေတဲ့ နာမည်တွေ အများကြီးကျန်ပါသေးတယ် ။ ဒီလိုနဲ့ပဲ အဲ့ဒီအချိန် တုန်းက Blogger ဘ၀ ဆိုတာ အရမ်းပျော်ဖို့ ကောင်းခဲ့ပါတယ် ။ ပို့စ်တစ်ပုဒ်မှာ Commend တွေက မရှိဘူးဆိုရင် အနည်းဆုံး ၂၀ လောက်ကတော့ အနည်းဆုံးပါပဲ ။
၂၀၁၁ လောက်ကျတော့ FB ကို လူသုံးများလာတဲ့အချိန်မှာ Blogging တဲ့ လူဦးရေ တဖြည်းဖြည်း ကျဆင်းလာ တော့တာပဲ ။ ဒါဟာ FB ရဲ့ အစစ အရာရာ အားသာချက်တွေကြောင့်ဆိုရင် ငြင်းမရတဲ့ အချက်ပါ ။ ဒါပေမဲ့ ကျွန်တော်ဟာ Facebooker တစ်ဦးထက် စာရင် Blogger တစ်ဦး အဖြစ်ကို ယနေ့ ထိ တန်ဖိုးထားတုန်းပါ ။ အရင်ကလောက် Blog post တွေ မရေးနိုင်တော့ပေမယ့် ၊ အချိန်ရရင် ရသလို ရေးသားနေတုန်းပါ ။ 
ကျွန်တော် အနေနဲ့ FB ကို မြစ်တစ်စင်းရဲ့ ရေပြင်ပေါ်မှာ ရေးနေတဲ့ ပန်ချီကားတစ်ချပ်လို့ တင်စားမယ်ဆိုရင် Blog ကို ကင်းဘတ်စပေါ်  ရေးချယ်နေတဲ့ ဆီဆေး ပန်ချီကားတစ်ချပ်လို့ တင်စားချင်တယ် ။ FB ဟာ မြစ်တစ်စင်းပေါ်မှာ ရေးနေတဲ့ ပန်ချီကားတစ်ချပ်လိုပဲ ၊ အချိန်ကာလ ရွှေ့လျားနေတာနဲ့ အမျှ ၊ ရေးသမျှ အချိန်ပိုင်းအတွင်း ရေစီးနဲ့ မျောပါသွား သလို ပျောက်ကွယ်တာ မြန်လွန်းပါတယ် ။ Blog ကျတော့ အဲ့ဒီလို မဟုတ်ပြန်ဘူး ၊ ကင်းစဘတ်စပေါ်မှာ ရေးနေတဲ့ ဆီဆေး ပန်းချီကား တစ်ချပ်လိုပဲ ၊ ကိုယ်လှအောင် ချယ်မှုန်းနိုင်ရင် ချယ်မှုန်းနိုင်သလောက် ကိုယ့်ရဲ့ အနုပညာ ကို ထင်ဟပ်စေတယ် ။ သမိုင်းကို ကျန်ရစ်စေတယ် ။ ဒါကြောင့် Blog ဆိုတာကြီး ရှိနေသမျှတော့ Blogger ဆိုတာ ရှိနေဦးမယ်လို့ ထင်ပါတယ် ။ Blogger တို့ရဲ့ သမိုင်း မှတ်တိုင်တွေ ၊ အမှတ်တရတွေ ကျန်ရစ်နေဦးမယ်လို့ ကျွန်တော် ထင်မြင်မိပါတယ် ။ 
လင်းခေတ်ဒီနို (ခ) ဗညားရှိန်
http://www.lynnkhitdeno.com
( အလုပ်မအားတဲ့ ကြားထဲကနေ ၊ တတ်နိုင်သမျှ  ရေးလိုက်ရတဲ့ ပို့စ်တစ်ခုမို့ ၊ ရှည်ရှည်မရေးနိုင်တာ အတွက်ရော ၊ အချက်အလက် အစုံအလင် မရေးသားနိုင်ခဲ့တာ အတွက်ရော ၊ ကျွန်တော် တောင်းပန်အပ်ပါတယ် ) 
17 comments:
Candy said...
Woww... အစ်ကိုတင်စားထားတာလေးကို အရမ်းသဘောကျတယ် :D
Anonymous said...
ဒီတစ်မနက်လုံး ဘလော့ဂ်ဒေးပို့စ်တွေ ကိုဏီလိုက်ဖတ်နေမိတာ...
အရင်တုန်းကအချိန်တွေကို လွမ်းမိတယ်...
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
ပဥာက် said...
မှန်တယ်ကိုဖော့...fbကကျနော်အတွက်လည်း နောင်တော်
စကားအတိုင်းပါပဲ...။
Yan said...
အမှတ်တရ ရေးပေးတဲ့အတွက် ကျေးဇူး ဘရားသားရေ. Blog Digest Page လေးမှာ ရှဲဖို့အတွက် ယူသွားပါတယ်.
ခင်မင်လျက်
Yan.
ကြည်ဖြူပိုင် said...
ရွှေအိမ်စည်မေ said...
အမှတ်တရပို့စ်လေးတွေ ဒီနေ့ လိုက်ဖတ်ဖြစ်နေတယ်...
နောက်ဆုံးပိုဒ် တင်စားထားတာလေး သဘောကျမိတယ်
Angelhlaing(May everybody be happy and healthy! said...
နောက်ဆို မပျောက်နေတော့ပဲ ဘလော့မှာ စာများများရေးပါ အကို ....
့ပုံ/ မိလှိုင် ..:P
Happy Blog Day ပါအကို... ဘာပဲဖြစ်ဖြစ် စာတစ်ပုဒ် ရေးဖြစ်တယ်ဆိုတော့ ဝမ်းသာမိတာအမှန်ပဲ ဘလော့ဂါတစ်ယောက် မဟုတ်ဘူးလားနော်..အကိုရာ ..:)))
သက်ဝေ said...
အမှတ်တရ ပိုစ့်လေး ရေးဖြစ်တာ တွေ့တော့ သိပ်ဝမ်းသာပါတယ်... စာတွေ ဆက်ရေးကြမယ်နော်...း-)
စံပယ်ချို said...
ကိုယ်ကမရေးနိုင်လို့သူမျာရေးထားတာတွေဖတ်ရတာ ကိုပြီးအရသာရှိသလိုပါပဲ
ရေးသားတင်စားချက်တွကောင်းတယ်ဗညားရေ
မိတ်ဆွေဘလော့ဂါတွေအားလုံးနာမည်ပါအောင်လဲရေးတတ်လိုက်တာ
ပျော်ရွှင်စရာဘလော့ဒေးလေးဖြစ်ပြီးချမ်းမြေ့ပါစေ
MgMyo said...
အစ်ကို တော်တော်မှတ်နိုင်တာပဲ နာမည်တွေအများကြီး မှတ်မိနေတယ်း))
မြသွေးနီ said...
အချက်အလပ်မစုံရင်တောင်းပန်တယ်..တဲ့။ ဒီလောက်စုံနေတာကိုး.. :)
ဘလော့ဒေးပို့စ်တွေ လိုက်ဖတ်ရတော့ ဘလော့ရဲ့အစပိုင်းကာလတွေကို ပြန်လည်သိခွင့်ရတယ်။ ဘလော့ဂါဖြစ်ခွင့်ရတဲ့ဘ၀ကို အမြဲကျေနပ်နေမှာပါ..။
လင်းကြယ်စင် said...
စာတွေ ပြန်ဖတ်ရပြီး ပြန်ဖတ်ဖြစ်တဲ့ ဘလော့ဂ်ဒေးလေးက တော်တော် သက်ဝင်လှုပ်ရှားလာခဲ့ပြီ …
ပစ်ပစ် said...
ငါလည်း ဘလော့ဘဲ ပြန်ေ၇းမယ်လို့
စဉ်းစားထားတယ်ဟာ..
အရင်ကလောက်လည်း
အင်တာနက် သုံးဖြစ်တော့မယ်
မထင်ဘူးဟ..
ရတဲ့အချိန်လေးတော့ ဘလော့ကို ပိုဦးစားပေးမယ်လို့
ဆုံးဖြတ်ထားတယ်..ဗညားး
မြတ်ပန်းနွယ် (Myat Pan Nwe) said...
Blog ကို ကင်းဘတ်စပေါ် ရေးချယ်နေတဲ့ ဆီဆေး ပန်ချီကားတစ်ချပ်လို့ တင်စားသွားတာလေးက လှလိုက်တာ။
နှင်းနုလွင် said...
FB မှာကျတော့ လတ်တလော ခံစားချက်ကို ကောက်တင်ပြီး လွယ်လွယ်ကောက်တင်လိုက်တော့ ဘလော့နဲ့ တော်တော်ကို အလှမ်းအကမ်း ဝေးဝေးလာရော . . . ပို့စ်တိုင်းမဟုတ်တိုင်း လာတော့ ဖတ်ဖြစ်ပါသေးတယ် . . . ကဗျာတွေလည်း ထပ်ရေးပါဦးလို့ ..... ။
မောင်သီဟ said...
ကိုယ့်ဘဝမှာ ကိုယ့်ဘလော့လေးက ဒုတိယ အသည်းနှလုံးတခုဆိုတော့ ဘလော့ဂါတိုင်း ဘလော့ဂါအဖြစ် ဂုဏ်ယူတန်ဖိုးထားနေလိမ့် မယ်လို့ ထပ်တူယုံကြည်မိပါတယ်း)
သဒ္ဓါလှိုင်း said...
မောင်လေးရေ..
comment မရေး ဘလော့ပေါ်မတက် စာမရေးဖြစ်တာ ကြာပြီဖြစ်ပေမယ့် ဘလော့အပေါ် သံယောဇဉ်ကတော့ ကြီးတုန်းပဲနော်။ ဘယ်လိုပဲဖြစ်ဖြစ် မောင်လေးပြောသလို လှပသက်ဝင်တဲ့ ဆီဆေးပန်းချီကားကြီး တချပ်လို အမြဲဆန်းသစ်အကျိုးပြုနေမယ့် ကဗျာစာပေဆီဆေးကားချပ်ကြီးအဖြစ် မြင်တွေ့ခွင့် ရနိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်..။
ချစ်ခင်စွာ
မဒါ
လူကြည့်အများဆုံး စာတိုပေစများ