Monday, March 24, 2014

နှလုံးသားကို ကျုပ် ဘယ်တော့မှ မညာပါဘူး အိန္ဒြေ

. ဘယ်လို ငြိတွယ်မှုမျိုးလဲ ကိုယ့်ဝပ်ကျင်းထဲက ကိုယ်မထွက်ဖြစ်ခဲ့တာ နွေမိုးဆောင်း အခါခါပေါ့ . အပြုံးတစ်ခုနဲ့ မျက်ဝန်းတစ်စုံက 9MM ကျည်တစ်ထောင့်လို ကျုပ်ရင်အရှေ့ကနေ အနောက်ကို ဖြတ်ဝင်သွားတယ် . သွားတက် ၊ ခပ်ဟဟ ပန်းဆီနီ နှုတ်ခမ်း ပုစွန်ဆီရောင် အကျီဟာ ဖြူဖြူဖွေးဖွေး သူမ အသားအရည်နဲ့ သိပ်လှပလွန်းတယ် ဒီလိုနဲ့ပဲ ရှုံးခဲ့ပြန်ပေါ့ . ခင်ဗျား စားပွဲပေါ်မှာ လက်ကလေးထောက်ပြီး သိပ်မပြုံးပါနဲ့လား ကြာရင် ကျုပ်ရူးသွားလိမ့်မယ် . ဒီအချိန်မှာ ခင်ဗျားကို ပြောဖို့ စကားတစ်ခွန်းအတွက် ကျုပ်ရဲ့ လက်တွေ အေးစက်နေတယ် ကိုယ့်ကိုယ်ကိုယ် အံလည်း အံသြတယ် ၊ ပီတိလည်း ဖြစ်တယ် ကျုပ်ကဗျာထဲ ကျုပ်ရင်ခုန်သံတွေ မရောဖြစ်ခဲ့တာ ကြာပြီပေါ့ . အသေစောတဲ့ မီးတောက် ဆိုလည်း ရောပြီ ကျေကျေနပ်နပ် ကျုပ်မော့လိုက်မယ် . ဖိန်းကနဲ့ ရှိန်းကနဲ နားထင်မှာ တက်တက်လာတဲ့ အငွေ့က ရင်ဘတ်စက်ခေါင်းခုတ်သံနဲ့အတူ သွေးကျောထဲကနေ ခင်ဗျားအရိပ် ရှိရာအရပ်ပဲ မောင်းသွားပြန်တယ် ဒီလိုနဲ့ ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ ကျုပ်ပိုလက်ခံသွားတယ် . ကျုပ် ကော်ဖီ မကြိုက်ပေမဲ့ အခု စတားဘတ်ကိုတော့ မိတ်ဖွဲ့ထားတယ် ခင်ဗျားကို ပိုးပန်းနေတဲ့ ရန်သူတော် စာရင်းထဲမှာ ကျုပ်နာမည်ကို ကျုပ် ထိပ်ဆုံးက ချရေးထားတယ် . အချစ်ကို ဇက်ကြိုးတပ်ပြီး ကျုပ်မမောင်းဘူး နှလုံးသားကို ချွှန်းဖွင့်ပြီး မည်းမည်းမြင်ရာ တိုးနေတာ မဟုတ်ဘူး . နှလုံးသားကို ကျုပ် ဘယ်တော့မှ မညာပါဘူး အိန္ဒြေ ကျုပ်ရင်ဘတ်က ချစ်ခြင်းစစ်စစ် သစ်ရွက်တစ်ရွက် ခင်ဗျားနှလုံးသားပေါ် ကြွေကျခဲ့တာပါ . . . . ကျေးဇူးပြုပြီး ခင်ဗျား ရင်ခုန်သံနဲ့ အတူ ကျုပ်ကို စီးမျောခွင့် ပြုပါ . . . လင်းခေတ်ဒီနို

5 comments:

စႏၵကူး said...

ကဗျာလေးခံစားပြီးဖတ်သွားပါတယ်...
အရမ်းလှတဲ့စာသားလေးတွေပါ။

မောင်မျိုး said...

လန်းချက် မိုက်တယ်

သိပ်မပြုံးပါနဲ့လား

အဲ့ သရုပ်ဖော်ပုံလေး သဘောကျတယ် အစ်ကို

Aunty Tint said...

ကဗျာတစ်ပုဒ်ဆိုလဲ တစ်ပုဒ်ပါလား ဗညားရေ...
'အချစ်ကို ဇက်ကြိုးတပ်ပြီး ကျုပ်မမောင်းဘူး'like like like စာကြောင်းလေးတိုင်းလှတယ်

မေတ္တာဖြင့်
တီတင့်

မြသွေးနီ said...

ကဗျာကို ကိုယ်တိုင်ရေးဖွဲ့ဖို့ အားနည်းပေမယ့်
သူများရေးထားတဲ့ကဗျာများကိုတော့ နှစ်ခြိုက်စွာ ဖတ်မိပါတယ်။ နမိတ်ပုံများနဲ့ နှလုံးသားရဲ့လင်းလက်နေတဲ့ ကဗျာတစ်ပုဒ်...။

မောင်သီဟ said...

နှလုံးသားကို အမြဲညာနေခဲ့သူလာဖတ်သွားတယ်ဗျာာား)

လူကြည့်အများဆုံး စာတိုပေစများ