Sunday, August 31, 2014

နွေ

.

နွေ . . .

ဒီနွေဟာ ကိုယ့်ကိုယ်
ပူလည်း ပူစေတယ်
အေးလည်း အေးစေတယ်
ရိုးတံတွေဟာ ခြောက်သွေ့ ကြွပ်ဆတ်နေပေမဲ့
လေပြည်အပြေးမှာ နွဲ့ယိမ်းနေပုံက
နွေအိုကျဲကျဲကို ချုပ်ရိုးအထပ်ထပ်သီပြီ
ကကွက်နင်းနေတဲ့ ပန်းတစ်ပွင့်လို
ကိုယ့်ကိုယ်ကို ယုံကြည်မှု့ အပြည့်နဲ့ 

အတားအဆီးမဲ့ ပြေးလွှားနေတဲ့ 
တိမ်နွယ်တိမ်ခက်တွေ . .

နေကြာပန်းတစ်ခင်းစာလောက်နဲ့တော့ 
သူတို့ကို မဆွဲဆောင်နိုင်ဘူး
လွတ်လပ်စွာပဲ 
ကွင်းပြင်တွေကို ဖြတ်သန်းပြေးလွှားလိုက်ကြတယ် ။

မိုးပြာရောင်လွင်လွင် ကောင်းကင်ကနေ
နွေကျဲကျဲရဲ့ အလင်းတန်းတွေဟာ ဖြာကျစီးဆင်းနေသလို
နွေရဲ့ နေ့ခင်းဟာ ပူသလို
နွေရဲ့ လေပြည်ဟာလည်း အေးမြနေသလို
နွေရယ် . . .
ငါ့ကို . . ခြုံပါ
မင်းရဲ့ နှလုံးသားတစ်စုံနဲ့
ငါ့ကို . . နွေးထွေးပါ
မင်းရဲ့ လက်တစ်စုံနဲ့
ငါ့အိပ်မက်ကို ရေးခြယ်ပါ
မင်းရဲ့ အပြုံးပွင့်တွေနဲ့
ငါ့ကောင်းကင်ကို လင်းခြင်းပါ ။

နွေရဲ့ ကောင်းကင်ကို ကြည့်ပြီ
လဲကျနေရာကနေ ရုန်းထဖို့
ကိုယ့်လက်တစ်ဖက်ကို အားတင်းဆွဲယူလိုက်တယ်
ဒါပေမဲ့ . . . .
လက်တစ်ဖက်က ဦးစွာ 
ကြင်ကြင်နာနာ ကိုယ့်ကိုဆွဲထူပေးခဲ့တယ် . . . . .

နွေ . . . . .
ကျွန်တော်က နှင်းစက်တွေအောက်က ဆောင်းပါ
မှုန်ဝါးဝါး မြူခိုးမြူဝေထဲကနေ ထွတ်တတ်တဲ့ကောင် မဟုတ်တော့
တခါတလေ မုတ်သုံကလေးဖြစ်ရတာကိုတောင်
ဝမ်းနည်းခဲ့ရ ။

သူမက နွေပါ . .
ရယ်သံနဲ့ ရက်ဖောက်ထားတဲ့ အလင်းတွေနဲ့ ထွန်းညှိပြီး
ကျွန်တော့်ကောင်းကင်နဲ့ တိမ်တိုက်မြို့လေးကို
နွေးထွေးစွာ တည်ပေးခဲ့တယ်
သူမဟာ ကျွန်တော်ရဲ့
. . . . နွေ . . . . 


လင်းခေတ်ဒီနို ( ၃၁.၈.၁၄ )
ဘလော့ဒေး အမှတ်တရ . . .  


12 comments:

မိုးညချမ်း said...

ဒီနွေဟာ ကိုယ့်ကိုယ်
ပူလည်း ပူစေတယ်
အေးလည်း အေးစေတယ်
ရိုးတံတွေဟာ ခြောက်သွေ့ ကြွပ်ဆတ်နေပေမဲ့
လေပြည်အပြေးမှာ နွဲ့ယိမ်းနေပုံက
နွေအိုကျဲကျဲကို ချုပ်ရိုးအထပ်ထပ်သီပြီ
ကကွက်နင်းနေတဲ့ ပန်းတစ်ပွင့်လို
ကိုယ့်ကိုယ်ကို ယုံကြည်မှု့ အပြည့်နဲ့ ။

(y)

Ma Tint said...

ဒီလိုကဗျာလေးတွေ ဖတ်ချင်ခဲ့တာကြာပေါ့ ...
ဘလော့ဒေးလေးကယ်ပေလို့ ဖတ်ခွင့်ရသွားပြီ...
ကျေးဇူးပါ ဗညားရေ.. ဒီကနေ့ ဘလော့ဒေးအမှတ်တရ တီတင့်အိမ်မှာ မုန့်ဟင်းခါးချက်တယ် အွန်လိုင်းကနေ အားပေးပေါ့နော် ... :P :D

စံပယ်ချို said...

ဟုတ်တယ်သိလားဒီနွေဟာမဂျက်နွေပါပဲ
နွေကုန်ရင်အပင်လေးတွေသေတော့မှာမို့ပါ
ဗညားရေ
ကဗျာလေးကိုတော့သဘောကျသွားပြီ

မိုးသက် said...

ကဗျာလေးကလည်း နုရွ လှပ နေလိုက်တာအစ်ကိုရေ..။ ဖတ်ပြီး ဆွေးသွားတယ် :)

Zaw Win Maung said...

ဘလော့ဒေးအမှတ်တရ ကဗျာလေး လာဖတ်သွားတယ်ဗျိုး

မိုးငွေ့........ said...

ကဗျာလှလှနဲ့ happy blog day လုပ်သွားတာလေး သဘောကျတယ်

ကိုကိုမောင်(ပန်းရနံ့) said...

နွေမ လေးပေါ့ ကဗညား။
ဒီလောက် ပူခြစ်နေတဲ့ အညာနွေကို ဒီလောက် ချစ်စရာ ကောင်းအောင် လုပ်တတ်တာ ကဗျာဆရာဘဲ ရှိတယ်။
အဲဒါ ကဗညား။း)

Angelhlaing(May everybody be happy and healthy! said...
This comment has been removed by the author.
Angelhlaing(May everybody be happy and healthy! said...

အဲ့ဒီနွေပေါ့..

မလှမပ ငါ့ဘဝကို...

ချချနင်းသွားခဲ့တာ..

ငါ့မှာ ဘဝတစ်ခုလုံး မွမွကိုကြေလို့..။

:D :P ညီမတော်လည်း နွေကို ခံစားသွားလျှက်ပါအကိုတော်.. ကျန်းခန်သာလို့မာပါစ :)

အနှိုင်းမဲ့ said...

မရောက်ဖြစ်တာခွင့်လွှတ်ပါ…
နတ်ဆိုးကဗျာတွေ အခုချိန်ထိ
သောက်ရမ်းခိုက်နေတုန်း..

မဒမ်ကိုး said...

သူမက နွေပါ . .
ရယ်သံနဲ့ ရက်ဖောက်ထားတဲ့ အလင်းတွေနဲ့ ထွန်းညှိပြီး
ကျွန်တော့်ကောင်းကင်နဲ့ တိမ်တိုက်မြို့လေးကို
နွေးထွေးစွာ တည်ပေးခဲ့တယ်
သူမဟာ ကျွန်တော်ရဲ့
. . . . နွေ . . . .

လှပတဲ့နွေလေးပါတကား

မိုးဇက် said...

ဘယ်အချိန်ရေးရေး
ကဗျာကတော့ ညွန့်ထက် နေတာပဲ
:D

နွေ

. နွေ . . . ဒီနွေဟာ ကိုယ့်ကိုယ် ပူလည်း ပူစေတယ် အေးလည်း အေးစေတယ် ရိုးတံတွေဟာ ခြောက်သွေ့ ကြွပ်ဆတ်နေပေမဲ့ လေပြည်အပြေးမှာ နွဲ့ယိမ...