Saturday, April 10, 2010

အိမ်မက်နဲ့လင်းတဲ့ ဘယ်ဘက်ရင်အုံ

. မင်းနဲ့ပက်သက်တိုင်း တလှပ်လှပ် ကဆုန်ပေါက်နေတဲ့ ငါဘယ်ဘက်ရင်အုံ မင်းအချစ်ကကြိုးနဲ့ အထပ်ထပ် နှောင်ရစ်မှ တည်ငြိမ်မယ်ထင်ပါရဲ့ ……………. မြက်ခင်းပြင်မှာ နှင်းမှုံတွေ တဖွဲဖွဲဖြန့်ခင်းလို့ လိပ်ပြာတွေကပန်းတွေကို ရနံ့သွင်းနေခိုက် လေပြည်တစ်ချက် အတိုး အခတ်မှာ ငါမက်တဲ့ မင်းအိမ်မက်တစ်ခြမ်းကတောင် မာတိကာမပါတဲ့ ငါ့အခန်းငယ်ကို ပြိုးပြက်ခမ်းနားစေခဲ့တယ်…………… တိမ်မတွယ်တဲ့ ကောင်းကင်က ပြိုးပြက်ကြယ်တစ်စင်းရဲ့ အလင်္ကာနဲ့ မင်းကိုပြင်းရှရှ ချစ်ခဲ့တဲ့ငါ အိမ်မက်တွေ တဖျတ်ဖျတ်ကြွေရင်းနဲ့ပဲ ငါ့ရင်ခွင်မှာ အလင်းတွေလျှံလို့ …………….. နက္ခတ်ပွင့်တဲ့ အာကာယံထက် ရင်ခုံနေတဲ့ ကြယ်တစ်ပွင့်က အိမ်မက်တွေနဲ့ လင်းလက်နေတဲ့ သူရင်ခွင် တောက်ပခြင်းတွေအတွက် သူခြွေခဲ့တဲ့ စကားလုံးက ................ " အိမ်မက်နဲ့လင်းတဲ့ ဘယ်ဘက်ရင်အုံ "………………

1 comment:

johnmoeeain said...

အိပ်မက်နဲ့လင်းတဲ့ ဘယ်ဘက်ရင်အုံ
နှလုံးခုန်သံ ခပ်တိုးတိုးကျန်ရစ်ရင်တောင်
ချစ်ခြင်းဖွဲ့တေးကဗျာတွေ ဆိုနေမယ် ထင်တယ်း)

လူကြည့်အများဆုံး စာတိုပေစများ