Saturday, April 17, 2010

ဂန္တ၀င်ဆန်ဆန် ည . . .

. အလင်းရဲ့ နတ်သမီး ကျွန်တော့် မီးအိမ် မှုတ်လိုက်တယ် ကြယ်မရှိ လမရှိပဲ သံယောဇဉ်တွေ ကောင်းကင်ပေါ်က ကြွေဆင်းလာတယ် . . စကားလုံး တစ်လုံးတည်း . . . . အုပ်မိုးထားတာ သိပ်သည်းလို့ တောင်မကွယ် နေစွယ်မကျိုးပဲ ငါ့ တဲအိုပျက်က မှောင်တယ် . . . . .
ကြယ်ပျိုရဲ့ အလင်း ရင်ဘတ်တွေ ပြိုင်းပြိုင်းပွင့်ခဲ့ဖူးတယ် ခေါင်းပုတ်နှိုးပီးမှ ပြန်အိပ်ခိုင်းသလို
လမင်းကို နမ်းချင်တဲ့စိတ်နဲ့ ညတွေက မျက်ရည်စိုတယ် . . . . . အလွမ်းပြာ မီးတောက် မီးခတ် စရာမလိုဘူး ကဗျာတစ်ရွတ် မှင်တစ်ချက်စွန်းတာနဲ့ ရင်တစ်ခုလုံး ပင်လယ်ကြီး ဖြစ်ဖြစ်သွားတယ် . . . . . . ဂန္တ၀င်ဆန်ဆန် ည . . . . ဂန္တ၀င်ဆန်ဆန် စကားလုံးတွေ တစ်လုံးစ . . . နှစ်လုံးစ . . . ဂန္တ၀င်ဆန်ဆန် ပျောက်ဆုံးသွား ဂန္တ၀င်ဆန်ဆန် ဗလာအိမ်မက်နဲ့ ဒီညထဲ ဘာအလင်းမှ ပါမလာတော့ဘူး ။ လင်းခေတ်ဒီနို ( 17.4.10 )

14 comments:

လင်းဒီပ said...

ဂန္တဝင်ဆန်တဲ့ညမှာ တစ်ယောက်ထဲ ပိန်းပိတ်မှောင်လို့ပေါ့ ...။

ညလင်းအိမ် said...

ဂန္တ၀င်ဆန်တဲ့ညတွေ
ဂန္တ၀င်တင်စေဖို့လား
ဂန္တ၀င်ပတ်ပျိုးကို
ရေလေဦးတော့ ...း)

ကဗျာတွေက ရေတွင်းပျက် (ရင်တွင်းဖြစ်) မလို့လားမသိဘူး ... ကောင်းတယ် ...

ဒါနဲ့ ဂန္တ၀င်ကိုပဲ တကြော်ကြော်ခေါ်နေရတာလဲ ..း))

ညလင်းအိမ်

နေ့ သစ် said...

သုံးသွားတဲ့ နမိတ်ပုံလေးတွေ အရမ်းလှပါတယ် ... အစ်ကို ... ။
ကဗျာလေးကို ခံစားသွားပါတယ်ခင်ဗျာ။
လေးစားအားပေးလျက်
ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

ဇော် said...

စကားလုံး တစ်လုံးတည်း ..
အုပ်မိုးထားတာ သိပ်သည်းလို့
တောင်မကွယ်
နေစွယ်မကျိုးပဲ
ငါ့ တဲအိုပျက်က မှောင်တယ် ..
..................................

ခေါင်းပုတ်နှိုးပြီးမှ
ပြန်အိပ်ခိုင်းသလို
လမင်းကို နမ်းချင်တဲ့စိတ်နဲ့
ညတွေက မျက်ရည်စိုတယ် ..
...................................

ကဗျာတစ်ရွက် မှင်တစ်ချက်စွန်းတာနဲ့
ရင်တစ်ခုလုံး
ပင်လယ်ကြီး ဖြစ်ဖြစ် သွားတယ် ..
....................................

ဟားးးးးး ... တစ်ပုဒ်ဆို ဆိုသလောက် ဒီရင်ကို အပြည့်အ၀ နေရာယူသွားတယ် ..
မင်းနဲ့တွေ့မှ ဒီကဗျာကို ပြရဦးမယ် .. သူလဲ ကြိုက်မှာသေချာတယ် ..
ကျနော် အကြိမ်ကြိမ်ဖတ်နေရင်းနဲ့ ကို့ကိုတောင် ဖတ်ပြမိတယ် .. ကဗျာတွေ စာတွေကို သိပ်မခံစားတတ်တဲ့ ကိုတောင် ဒီကဗျာကို ဖတ်ပြီး လူငယ်တွေကြားထဲက အရည်အချင်းတွေနဲ့ပတ်သတ်ပြီး ကျနော့်ကို ချီးမွမ်းခန်းတွေ ဖွင့်ပြသွားလေရဲ့ ..
ဟုတ်တယ်ဗျ .. တိမ်မြုပ်နေတဲ့ လတစ်စင်းကို ကောင်းကင်မှာ ရေးရေးလေး မြင်နေရတယ်လေ .. =)

~ဏီလင်းညို~ said...

ဗညားရေ.....
ဂန္ထ၀င်ဆန်ဆန် ခံစားသွားတယ်....။
ကဗျာလေးသိပ်ကောင်းတယ်.......။
ခင်မင်တဲ့
ဏီလင်းညို

Cameron said...

ခုမှအင်တာနက်ပြန်သုံးနေတာ ဒီဘလောက်ကို ဗညားမှန်းလုံးဝမသိဘူး ကြည့်စမ်း....ညံ့ချက်ကတော့..။ ကဗျာအဟောင်းတွေပြန်ဖတ်မှ မောင်ဗညားမှန်းသိတော့တယ်...။ နေကောင်းတယ်နော် မတွေ့တာကြာလှပြီ..။
ဂန္ဓ၀င်ဆန်ဆန်ညထဲက “အလွမ်းပြာ မီးတောက်
မီးခတ် စရာမလိုဘူး
ကဗျာတစ်ရွတ် မှင်တစ်ချက်စွန်းတာနဲ့
ရင်တစ်ခုလုံး
ပင်လယ်ကြီး ဖြစ်ဖြစ်သွားတယ်” အဲဒီစကားလုံးတွေ အရမ်းမိုက်တယ်...။ (ခုတလောဘယ်လိုဖြစ်ကြတာလဲ အလွမ်းမင်းသားနှစ်ယောက်စလုံး အမည်ကင်မွန်တပ်လုပ်ခိုင်းဦးမှ...။)

ခင်မင်စွာဖြင့်
မိုးငွေ့

Flower said...

ကောင်းလိုက်တဲ့ကဗျာလေး
အပြည့်အ၀ခံစားအားပေးသွားပေးတယ်
ကဗျာကောင်းလေးတွေဖတ်ခွင့်ရတာ ကျေးဇူးတင်လိုက်တာ
နှစ်သစ်မှာ ပျော်ရွှင်ပါစေ..

blackroze said...

အလင်းမရှိတဲ့ညတွေကိုရင်မဆိုင်ချင်ဘူး..
ကဗျာလေးကခံစားရတယ်..
နှစ်သစ်မှာပျော်ရွှင်ပါစေနော်...

အနှိုင်းမဲ့ said...

တကယ့် ဂန္ဓ၀င် ကဗျာတစ်ပုဒ်ပါပဲ..နတ်ဆိုးကြီးရယ် :)

Angel Shaper said...

ကဗျာလေးကို လာခံစားသွားပါတယ်။
အလွမ်းပြာ မီးတောက်
မီးခတ် စရာမလိုဘူး
ကဗျာတစ်ရွက် မှင်တစ်ချက်စွန်းတာနဲ့
ရင်တစ်ခုလုံး
ပင်လယ်ကြီး ဖြစ်ဖြစ်သွားတယ်......
ကြိုက်တယ် ကဗျာလေးကို.....
ပျော်ရွှင်ပါစေ။

chocothazin said...

ခေါင်းပုတ်နှိုးပြီးမှ ပြန်အိပ်ခိုင်းသတဲ့လား။

မီးတောက်တွေဟာ တောက်လွန်းလို့ ပြာသတဲ့လား။

စကားလုံးတွေ အရမ်းလှတယ် ဗညားရေ။

ဆောင်းယွန်းလ said...

စကားလုံး တစ်လုံးတည်း . . . .
အုပ်မိုးထားတာ သိပ်သည်းလို့
တောင်မကွယ်
နေစွယ်မကျိုးပဲ
ငါ့ တဲအိုပျက်က မှောင်တယ်..

ဂွဒ်တယ်....ကဗျာတွေကကောင်းနေဆဲပဲ ညီလေး

မိုးခါး said...

အလင်းရဲ့ နတ်သမီး
ကျွန်တော့် မီးအိမ် မှုတ်လိုက်တယ်
ကြယ်မရှိ လမရှိပဲ
သံယောဇဉ်တွေ ကောင်းကင်ပေါ်က
ကြွေဆင်းလာတယ် . .

war lar lar ... တပုဒ်လုံးပဲ ကြွေလောက်တယ်ဟေ့ ..

johnmoeeain said...

တောင်ပံတွေ တစ်ဖျတ်ဖျတ်ခတ်ရင်း
ဗီးနပ်စ်ရဲ့ ကကြိုးကကွက်တွေထဲ
အလိုက်သင့်မျှောပါရပေမယ့်
ကဗျာတွေထဲ တိမ်တွေ သေနေတယ်
:sad

လူကြည့်အများဆုံး စာတိုပေစများ